ရေခဲလူသားတစ်ယောက်ကို ကျွန်မလက်ထပ်ခဲ့တယ်။ ကျွန်မသူ့ကို နှင်းလျှောစီးစခန်းတစ်ခုက ဟိုတယ်တစ်ခုမှာ စတွေ့ခဲ့တာ။ ဟုတ်တယ်လေ..အဲဒီနေရာက ရေခဲလူသားတစ်ယောက်နဲ့ ဆုံဖို့ကောင်းတဲ့ နေရာတစ်ခုပဲမဟုတ်လား။ ဟိုတယ်ဧည့်ခန်းမှာ လူတွေပြည့်ကျပ်နေပေမယ့် ရေခဲလူသားကတော့ မီးလင်းဖိုနဲ့ ဝေးတဲ့အခန်းထောင့်က ခုံမှာ တစ်ယောက်ထည်း ထိုင်ပြီး စာတစ်အုပ်ကို အသံတိတ်ဖတ်နေလေရဲ့။ မွန်းတည့်ချိန်နီးလာပေမယ့် အေးစိမ့်စိမ့်ဆောင်းမနက်ခင်းရဲ့ အငွေ့အသက်ဟာ သူ့နံဘေးမှာ ဝေ့သီနေသေးသလိုပဲ။ “ကြည့်စမ်း။ အဲဒါ ရေခဲလူသားပဲ”ကျွန်မသူငယ်ချင်းက ရေရွတ်လိုက်တယ်။ အဲဒီအချိန်တုံးကတော့ ရေခဲလူသားဆိုတာ ဘာမှန်းကို မသိခဲ့တာ။ ကျွန်မသူငယ်ချင်းလဲ ဒီလိုပါပဲ။ “သူ့တစ်ကိုယ်လုံးရေခဲတွေချည်းပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် ရေခဲလူသားလို့ ခေါ်တာနေမှာ”။ တစ္ဆေတစ်ကောင်ဒါမှမဟုတ် ကူးစက်ရောဂါတမျိုးမျိုးအကြောင်းပြောနေသလိုမျိုး သူမက အလေးအနက်ပုံမျိုးနဲ့ ကျွန်မကို ပြောတယ်။ ရေခဲလူသားက အရပ်ရှည်ရှည်။ အသက်ကတော့ ငယ်ပုံရတယ်။ သူ့ရဲ့ ၀ိုင်ယာကြိုးလို ခပ်တုတ်တုတ်ဆံပင်တွေထဲမှာ အရည်မပျော်သေးတဲ့နှင်းတွေနဲ့ တူတဲ့ [...]
Archive for October, 2010
ရေခဲလူသား
Posted in Translation on October 30, 2010 | 2 Comments »
အတိတ်၊ ပစ္စုပ္ပန်တို့သည်
Posted in Prose on October 20, 2010 | 3 Comments »
၁၉၉၆ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ကျောင်းသားအရေးအခင်း တစ်ခုဖြစ်တယ်။ ဒီနိုင်ငံမှာ ဖြစ်ခဲ့ဖူးတဲ့တခြား လှုပ်ရှားမှုတွေနဲ့ ယှဉ်ရင် သိပ်မကြီးဘူးလို့ပြောလို့ရတယ်။ ဒါပေမယ့် ဒီအရေးအခင်းက သူ့အပေါ် တိုက်ရိုက်သက်ရောက်မှုရှိလာတယ်။ ကျောင်းတွေကို ပိတ်လိုက်တဲ့အတွက် တက္ကသိုလ်တက်နေရမယ့် အချိန်တွေကို သူ့ဇာတိမြို့မှာပဲ ကုန်ဆုံးစေဖို့ ဖြစ်လာရတယ်။ သူ့မိသားစုက တခြားတစ်မြို့ကို ပြောင်းသွားခဲ့လို့ အိမ်မှာသူတစ်ယောက်တည်း ရှိနေခဲ့တယ်။ ဆယ်တန်းဖြေမယ့် ကလေးတွေကို သူစာပြပေးတယ်။ စာသင်တယ်ဆိုတာကလည်း မနက်ခင်းနဲ့ ညနေခင်းလေးတွေပဲ ဖြစ်လို့ တစ်နေ့လုံးနဲ့ တစ်ညလုံး သူအားလပ်နေခဲ့တယ်။ အချိန်ကုန်ဖို့ အဓိက လုပ်ရတဲ့အလုပ်ကတော့ လက်ဘက်ရည်ဆိုင်တာပဲ။ လက်ဘက်ရည်ဆိုင်ထိုင်ဖို့တောင် ပိုက်ဆံမရှိတဲ့နေ့လယ်ခင်းတွေဆို အိမ်မှာပဲ စာအုပ်ဖတ်ရင်း ဗွီဒီယိုကြည့်ရင်းအချိန်ဖြုန်းနေခဲ့ရတယ်။ တစ်ရက်တော့ ပြတင်းပေါက်ကနေ ခေါင်းရင်းအိမ်ဘက်ကို သူလှမ်းကြည့်မိတယ်။ ဟိုဘက်အိမ်က ဧည့်ခန်းမှာ ကောင်မလေးတစ်ယောက် အိပ်နေတာကို သူ့ပြတင်းပေါက်ကနေ မြင်နေရတယ်။ ကောင်မလေးက [...]
မိုးရေထဲ
Posted in Poem on October 16, 2010 | Leave a Comment »
မိုးရေထဲ ပြတင်းမှန်တွေ မှုန်ဝါးလာတယ် မိုးရေထဲ ပလက်ဖောင်းတွေ ပျောက်ဆုံးသွားတယ် မိုးရေထဲ သစ်ကိုင်းတွေ ညွှတ်ကျလာတယ် မိုးရေထဲ တယောက်ယောက်ပြောလိုက်တယ် “မိုးကမတိတ်တော့ဘူးလား” မိုးရေထဲ ရေတံခွန်တွေ ပိုပြီး သန်စွမ်းလာကြတယ် မိုးရေထဲ ငါတို့ ကဗျာအကြောင်းမပြောဖြစ်ကြဘူး
မှော်ဇာလမ်း
Posted in Prose on October 6, 2010 | 3 Comments »
ဒီနိုင်ငံမှာ ရှေးအကျဆုံးလို့ သတ်မှတ်ခံရတဲ့ စေတီတစ်ဆူဆီသို့ သူရောက်သွားဖူးသည်။ စေတီရဲ့ ပုံပန်းကိုသူမမှတ်မိတော့ပေမယ့် စေတီနံဘေးက လယ်ကွင်းတွေကို ဖြတ်တိုက်လာတဲ့လေရဲ့ အထိအတွေ့ကို သူသတိရနေသည်။ အဲဒီတုံးကတော့ သူသည် သူမယုံကြည်တာကို မလုပ်ဟု ကိုယ့်ကိုယ်ကိုပိုင်းဖြတ်ထားသော လူငယ်လေးတစ်ယောက်ပဲဖြစ်သည်။ ဆေ့ဖ်ဂတ်မီးသည် အစိမ်းရောင်သို့ ပြောင်းသွားသည်။ သူ့အနေဖြင့် လိမ္မော်သီးများကို ရေခဲသေတ္တာထဲသို့ ထည့်မည်ဆိုလျှင်ထည့်နိုင်ပြီဖြစ်သည်။ စေတီဆီသို့သွားရာ လှည်းလမ်းကြောင်းတွင် လှည်းဘီးရာများ နက်ရှိုင်းစွာ နစ်ဝင်နေသည်။ လှည်းလမ်းကြောင်း၏ ဘေးကပ်လျက် လယ်ကန်သင်းရိုးပေါ်တွင် စက်ဘီးလမ်းရှိသည်။ ထိုလမ်းပေါ်တွင် စက်ဘီးစီးရန် ကျွမ်းကျင်မှုလိုအပ်သည်။ စက်ဘီးပေါ်မှ ကန်သင်းရိုးပေါ် ခြေတစ်ဘက်ထောက်၍ ကောင်းကင်တွင် လွင့်မျောနေသောတိမ်များကို အားထုတ်စရာမလိုဘဲ သူကြည့်ရှုနိုင်ခဲ့သည်။ မီးက အနီရောင်သို့ ပြန်ပြောင်းသွားသည်။ လိမ္မော်သီးများ နေရာမရွေ့သေး။ သူ့အနေဖြင့် နှစ်သက်ခြင်းမရှိသောလူတစ်ယောက်ကို ပြုံးရယ်နှုတ်ဆက်ရန် မလိုဟု ထင်မြင်ယူဆခဲ့သည်။ ထို့ကြောင့် [...]