ချန်နယ်ဖိုက်သို့ သွားရာလမ်းမှာ သူမကိုသွားတွေ့တယ်။ “လမ်းပျောက်ဝိညာဉ်တွေနဲ့ ပြန့်ကျဲနာနာဘာဝတွေ မီးအိမ်တွေကိုင်ပြီး နွေရာသီနောက် အပြေးလိုက်ကြတယ်”၁ ခင်မိုးဝေေ၀ကို လူသုံးယောက်က သုံးနေရာမှာ မုဒိမ်းကျင့်ကြတယ်။ ယတြာချေဖို့လို့ ပြောတာပဲ။ “တစ်ပါးသူကို ကုညီလိုသော ဆန္ဒဖြစ်ထွန်းလာစေသည့်အဓိကအချက်များမှာ သနားကြင်နာခြင်း၊ မတရားမှုကို ဆန့်ကျင်လိုခြင်း၊ မေတ္တာတရားထားခြင်း စသည့်အချက်များဖြစ်သည်။ သို့သော် မိမိက အသာစီးရနေသည်ကို ပြလိုခြင်း၊ ကျေးဇူးတင်ခံလိုခြင်းတို့ကြောင့်လည်း..”၂ သူမရဲ့ ဇာတ်လမ်းကို သူမကိုယ်တိုင် ဆက်လက် သရုပ်ဆောင်/ပြန်လည်ပြောပြသွားမည်ဖြစ်၍ အောက်ပါလိပ်စာသို့ ဆက်သွယ်နိုင်ပါသည်။ ၁။ အနန္တကို မလိုချင်ဘူး၊ ဇေယျာလင်း ၂။ စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှု နည်းပြလက်စွဲ
Archive for January, 2012
ယခင် ယုံကြည်စိတ်ချ ယခု စိတ်ချယုံကြည်
Posted in Poem on January 26, 2012 | 1 Comment »
တင်ကြည့်ခြင်း
Posted in Prose on January 19, 2012 | 3 Comments »
ပရိုလော့ဂ် - မြန်မာနိုင်ငံရေးသမိုင်းကို ခေတ်ပြိုင်ကမ္ဘာ့သမိုင်းပေါ်တင်ကြည့်ခြင်း - အိပ်စတင်ရှယ်လစ်ဇင်ကို ဗုဒ္ဓစ်ဇင်ပေါ် တင်ကြည့်ခြင်း - ထမင်းစားပွဲဘေးမှာ ကပ်ရိုက်ထားတဲ့စင်ပေါ် ငရုတ်ကောင်း အချို့မှုန့်ပုလင်းတွေ တင်ကြည့်ခြင်း ဟဲဟဲ.. တစ်ခုမှ မဟုတ်ပါခင်ဗျာ..မိန်းကလေးတွေရဲ့ တင်ကိုကြည့်တဲ့ တင်ကြည့်ခြင်းအကြောင်း ပြောမလို့ပါ။ ၁။ ကျွန်တော့်ကို တင်ကြည့်တတ်အောင် သင်ပေးခဲ့တဲ့ လက်ဦးဆရာကတော့ ပုဗ္ဗာစရိယလို့ ဆိုကြတဲ့ ကျွန်တော့်အဖေနဲ့ ဒါရိုက်တာမီးပွားပါပဲ။ ခြောက်တန်းခုနှစ်တန်းလောက်မှာ မြန်မာကားတစ်ကားကြည့်နေရင်း ဈေးသွားဈေးပြန်အမျိုးသမီးတွေရဲ့ နောက်ကျောဘက်ကိုပဲ အကြောင်းမယ်မယ်ရရမရှိဘဲ ရိုက်ပြနေတဲ့ မြင်ကွင်းတစ်ခု ပါလာပါတယ်။ အဖေက “ဒါမှမီးပွားကွ”လို့ ရေရွတ်ပါတယ်။ အဲဒါ ဟောင်းအိုင်ကိမ်းတူနိုးသတ် မင်းဝတ်ခ်ျဝီးမင်းစ်ဘတ်တော့စ် ပါပဲ။ ဒါပေမယ့် တင်ကြည့်တယ်ဆိုတာပဲသိတယ်။ အရသာတော့ မခံတတ်သေးဘူး။ တင်(မိန်းမတင်)ဆိုတာ ကြည့်ရတဲ့အမျိုးပဲဆိုပီး လိုက်ကြည့်တော့လည်း ဘာဖီလင်မှ မလာဘူးဗျ။ ၂။ တင်ကြည့်တဲ့ [...]
ကျိုးပြတ်သောအချိန်
Posted in Poem on January 10, 2012 | 1 Comment »
အဲဒီ ဆယ့်ငါးမိနစ်ဟာ မုန့်ဈေးတန်းမှာ ကပ်စီးနဲဝယ်ဖို့ဖြစ်ဖြစ်၊ စားကြည့်နေကြာစေ့ဝယ်ဖို့ဖြစ်ဖြစ် လုံလောက်ခဲ့တယ်။ မိုးမိုးလွင်ဘောလီဘောကစားတဲ့နေတွေဆိုငါတို့ နေကြာစေ့မစားဖြစ်ဘူး။ မျိုးမျိုး ငါ့လက်ဖမိုးကို ခဲတံနဲ့ထိုးခဲ့တာ နေ့လယ်နှစ်နာရီလေးဆယ့်ငါးနဲ့သုံးနာရီကြား။ အကျီလက်ရှည်ကို ခေါက်ဝတ်ခဲ့တဲ့နှစ်တွေမှာ အားလပ်ချိန်တွေဆို ငါဟာ ကျင်ငယ်နံ့နဲ့ စီးကရက်မီးခိုးထဲ မျောလို့။ ဆယ့်ငါးမိနစ်အားလပ်ချိန်မှာ ငါ့ကိုချောင်းရိုက်ခဲ့တဲ့သူငယ်ချင်းကပဲ နောက်ထပ်ဆယ့်ငါးမိနစ်အားလပ်ချိန်တစ်ခုမှာ အိမ်နဲ့အဆင်မပြေဖြစ်နေတဲ့ ငါ့ကိုအားပေးစကားပြောခဲ့တာ။ ကုလားကြီးကတော့ သုံးမိနစ်အတွင်း ကျောင်းဝင်းကိုဖြတ်ပြီး ဘစ်ဒင်တူးကနေ ဆစ်ရောက်အောင်လာတယ်။ ပြီးဝရန်တာမှာ တင်ပလွှဲမိန့်မိန့်ကြီး ခုနှစ်တန်းအေပြတင်းပေါက်ကိုငေးတာပဲ။ ငါက နယ်ကျောင်းတွေ တစ်ကျောင်းပြီးတစ်ကျောင်းပြောင်းတက်တယ်။ ရောက်တဲ့မြို့တိုင်းမှာ ဘီးအီးအိပ်ခ်ျအက်စ် ၀မ်းတွေချည်း။ အမြဲတစေ ဆယ့်ငါးမိနစ်အနားပေးတာပဲ။ ငါတို့အနားမတောင်းလဲ အနားပေးတာပဲ။ ဆယ့်ငါးမိနစ်နဲ့မလုံလောက်တဲ့အခါ သောက်ရေအိုးကြီးသွန်ပစ်ပီး ကျောင်းဝင်းနဲ့လှမ်းတဲ့ ရေတွင်းအိုကြီးဆီငါတို့ထွက်ခဲ့။ ခေါင်းလောင်းသံမြည်လာတဲ့အခါ စုပြုံပြေးသွားတဲ့ အုပ်စုထဲငါတို့မပါဘူးဆိုတဲ့အသိနဲ့ အားလုံးရဲ့နှုတ်ခမ်းတွေ တွန့်လို့ကွေးလို့။
……………………………….
Posted in Prose on January 7, 2012 | 1 Comment »
ဦးတင်စိန်-မြန်မာကွန်တင်ပိုရီပိုဝက်။ ။ဘယ်ဟာကိုခံစားရမလဲ ရွေးဖို့အချိန်မရှိဘူး ကိုညွန့်ခင်-မြန်မာကွန်တင်ပိုရီပိုဝက်ထရီအနယ်လစ်။ ။ခံစားဖို့အချိန်မရှိဘူး သန်းထွန်းဦးရဲ့ အင်္ဂါနေ့ကို ဖတ်နေခဲ့တယ်။ fbပေါ်မှာ စတိတ်တုံးက သူငယ်ချင်းတွေ ပြန်ရှာနေမိတယ်။ ဘာမှ သစ်စရာမရှိလို့ နှစ်ကိုပဲ သစ်လိုက်ရတယ်။ အဲလိုရေးခဲ့တယ်။ ရှစ်တန်းတုံးက ရန်ဖြစ်လို့ သူမခဲတံနှင့်ထိုးခဲ့သောအရာလေး လက်ဖမိုးတွင်ရှိဆဲ။ သူမပင်လယ်လေရှုဖို့ထွက်သွားတယ်။ အဲဒီလို ကရော်ကမယ်ရေးပစ်ချင်တယ်။ ဒါပေမယ့် မဟုတ်ဘူး။ လစာနှစ်ဆရမယ့်ဒေသတစ်ခုဆီ မူလတန်းပြဆရာမလေးအဖြစ် ကျွန်းမကြီးကို စွန့်ခွာသွားခဲ့တယ်။ သူမနာမည်ကို ရိုက်ထဲ့လိုက်တော့ ရန်ကုန် ၃၊ မလေးရှား ၁၊ စင်ကာပူ ၁၊ မန္တလေး၁။ ဘော်စတန် ၁။ ကမ်းယံမှာရေးထားတာတွေ ပြန်ဖတ်နေခဲ့တယ်။ နန်းနန်းရဲ့ မိုးပြာအောက်က သံလွင်ဖတ်နေခဲ့တယ်။ ပန်းခူးရင် အမြစ်မပါစေနဲ့လို့ အဖြူတွေက သူတို့ကလေးတွေကို ငယ်ငယ်တည်းက သင်သတဲ့။ ကျွန်တော်ဟာ ‘မီးခိုးငွေ့ မီးခိုးမျှင်’ထဲက [...]