နှင်းတွေက တအားကျနေတယ်။ ရှေ့ကို ဆယ်ကိုက်လောက်ထက် ပိုပြီး သဲသဲကွဲကွဲမမြင်ရဘူး။ ဒီဘက်ပလက်ဖောင်းကနေလှမ်းကြည့်လိုက်ရင် ဟိုဘက်ပလက်ဖောင်းကို ခပ်ရေးရေးပဲ မြင်နေရတယ်။ ပလက်ဖောင်းကျောဘက်ကရှိတဲ့ သစ်ပင်တန်းကတော့ နှင်းထုထဲမှာ အရိပ်မည်းတွေလို ၀ိုးတ၀ါး ဖြစ်နေလေရဲ့။ ဘူတာရုံထဲမှာ လူရှင်းနေတာ သူ ရုတ်တရက် သတိပြုမိလိုက်တယ်။ ခါတိုင်းဒီအချိန်ဆို ဘူတာရုံမှာ လူလေးငါးဆယ်ယောက်တော့ အနည်းဆုံးရှိနေကြ။ နှင်းတွေ တအားကျနေလို့လည်း ဖြစ်ချင်ဖြစ်မယ်။ လူရှင်းနေတယ်ဆိုပေမယ့် တစ်ယောက်မှ မရှိတာတော့ မဟုတ်ဘူး။ သူရဲ့ညာဘက် မလှမ်းမကမ်းမှာ ကောင်မလေးတစ်ယောက်ရှိနေတယ်။ သူ့ခေါင်းကို မသိမသာငဲ့ပြီးလှည့်အကြည့်မှာ ကောင်မလေးကလည်း သူ့ကို လှမ်းအကြည့် အကြည့်ချင်းဆုံသွားတယ်။ ဘေးမှာ တဖွဲဖွဲကျနေတဲ့ နှင်းတွေ ရပ်တန့်သွားတယ်။ ရပ်သွားတဲ့ဆိုတာ နှင်းကျတယ်ဆိုတဲ့ ကြိယာ-ဖြစ်ပျက်ခြင်း ရပ်သွားတာမဟုတ်ဘူး။ ကျနေတဲ့နှင်းတွေဟာ မြေပြင်ပေါ်ကို ဆက်ပြီးဆင်းသက်ဖို့ နည်းလမ်းရှာမရတော့တဲ့ပုံမျိုးနဲ့ ရောက်ရာနေရာမှာ အူတီးအူကြောင် [...]
Archive for February, 2012
ကံကြမ္မာ၏ အကွက်ချစီစဉ်မှုမှ လွတ်မြောက်(သည်ဟုထင်)ခြင်း
Posted in Prose on February 23, 2012 | 2 Comments »
စ/ဆုံး ငါးဆယ်
Posted in Poem on February 2, 2012 | 1 Comment »
အိပ်ယာခင်းတွင် တွန့်ကြေခြင်းမရှိ ချိုင့်ခွက်ပူနွေးနေသော အရာမရှိ ခေါင်းအုံးတွင် ဆံနွယ်စတစ်/ချို့ မကျန်ရစ် ပိုက်ဆံအိတ်/ဟင်းဖုန်း ခြေရာလက်ရာ မပျက် ညက စားသုံးမှုများရဲ့ အကြွင်းအကျန် တစွန်းတစ မတွေ့ရ ဆောင်းဟာ နှုတ်မဆက်ပဲ ထွက်ခွာသွားခဲ့ပါတယ်။