ဒီနေရာမှ မေးစရာရှိတာက ရေပွက်ပမာဆိုရင်လည်း ဘယ်လိုရေပွက်မျိုးလဲ..နှစ်မိနစ်ငြိမ်သက်ပြီး တစ်သက်စာကြုံတွေ့ခဲ့သမျှ ရေပွက်များကို ပြန်စဉ်းစားရန်..ဗွက်..ဗွက်.. ပိုက်ဆံလိုရင် ကိုယ့်ခြံထဲက အပင်တွေခုတ်ရောင်းတာ အပင်တွေကုန်ရင် မြေကြီးထဲမှ ရှိသမျှ (ဥပမာ..တီကောင်)ဖော်ရောင်းတာ အဲဒါမှ မလောက်ရင် ခြံထဲမှာ ဆောက်ထားတဲ့ အိမ်ကို လေလံပစ်ရောင်းတာ အဲဒါမှ မရသေးရင် မြေကွက်ကို ကုလားတရုတ်သဌေးတယောက်ထံ ထိုးရောင်းတာတွေ လုပ်သင့်ပါတယ်.. မေသက်ခိုင်နှင့်အတူ မဒမ်တူးဆော့ပြတိုက်သို့..
Archive for the ‘Advanced Poetry’ Category
အပေါစားပျော်ရွှင်မှုတဲ့လား..အေး..အဲဒါတစ်ပွဲချ
Posted in Advanced Poetry on June 10, 2011 | Leave a Comment »
ဖြစ်ရပ်မှန် စ/ဆုံး
Posted in Advanced Poetry on June 8, 2011 | Leave a Comment »
သောကြာနေ့ညကစားထားတဲ့ မာလကာသီးဟာ တနင်္ဂနွေမနက်မှာ
Posted in Advanced Poetry on June 6, 2011 | Leave a Comment »
ဒါဟာ ရေးတတ်ရင် ၀တ္ထုဖြစ်တယ်ဆိုသလို မာလကာသီးတစ်လုံးရဲ့ အထုပ္ပတ္တိအဖြစ် မာလကာသီးရဲ့ပေါက်ဖွားရာရင်းမြစ် မာလကာသီးဖြတ်သန်းလာရာ ခရီးလမ်းတလျှောက်ရှိ လူမှုဘ၀ဒုက္ခစုံလင်များ မာလာကသီးရဲ့ သိပ္ပံအမည်လေးလဲ ဂူးဂဲထဲခေါက်ရှာ မာလကာသီးတလုံးကြောင့် ဒီလောက်ထိ စိတ်ဆင်းရဲမခံပါနဲ့ ရုပ်သံကြော်ညာ ရိုက်ကူး ခြောက်လတစ်ကြိမ် အမြို့မြို့အနယ်နယ်အရပ်ရပ် အကွက်ကွက် အက်ဗန့်စ်ပိုအက်ထရီ မရေးနိုင်သော်လည်း အက်ဗန့်စ် အိပ်ဆဲတော့ တတ်ထားမှ ဖြစ်မယ်ဆိုတဲ့ ဇောနဲ့ ဆယ့်ငါးပေပဲလိုချင်တယ် ကြာသာပတေးကိုမလိုချင်ဘူး အနုပညာမဲ့ချင်မဲ့ ဘေစင်တော့ မမဲ့စေနဲ့ ကိုယ့်ကိုယ်ကိုယ် ပီပီပြင်ပြင်တင်ဆက်နိုင်ရန် ရေချိုးခန်းထဲ ကြည့်မှန်တပ်ရမည် ဖယောင်းပဆိုး နှစ်ထောင် မီးချောင်း လေးထောင့်ရှစ်ရာ ခြေသုတ်ခုံ ကိုးရာ မိုးသောက်ပန်းဆိုတာ သူ့ရဲ့ ငယ်ဘ၀ထဲ ထိုးထိုးထောင်ထောင် တေဇ နိုင်ငံတကာရေးရာစာစဉ်တို့ ဆိုတာ မိုးခြိမ်းတဲ့ ညနေခင်းထဲဝင်ရောက်ခဲ့လို့ ခုတော့ မော်တာလဲပေးရရင် မီးဖိုခုံတော ပြင်မပေးနိုင်ဘူး [...]