ရေခဲလူသားတစ်ယောက်ကို ကျွန်မလက်ထပ်ခဲ့တယ်။ ကျွန်မသူ့ကို နှင်းလျှောစီးစခန်းတစ်ခုက ဟိုတယ်တစ်ခုမှာ စတွေ့ခဲ့တာ။ ဟုတ်တယ်လေ..အဲဒီနေရာက ရေခဲလူသားတစ်ယောက်နဲ့ ဆုံဖို့ကောင်းတဲ့ နေရာတစ်ခုပဲမဟုတ်လား။ ဟိုတယ်ဧည့်ခန်းမှာ လူတွေပြည့်ကျပ်နေပေမယ့် ရေခဲလူသားကတော့ မီးလင်းဖိုနဲ့ ဝေးတဲ့အခန်းထောင့်က ခုံမှာ တစ်ယောက်ထည်း ထိုင်ပြီး စာတစ်အုပ်ကို အသံတိတ်ဖတ်နေလေရဲ့။ မွန်းတည့်ချိန်နီးလာပေမယ့် အေးစိမ့်စိမ့်ဆောင်းမနက်ခင်းရဲ့ အငွေ့အသက်ဟာ သူ့နံဘေးမှာ ဝေ့သီနေသေးသလိုပဲ။ “ကြည့်စမ်း။ အဲဒါ ရေခဲလူသားပဲ”ကျွန်မသူငယ်ချင်းက ရေရွတ်လိုက်တယ်။ အဲဒီအချိန်တုံးကတော့ ရေခဲလူသားဆိုတာ ဘာမှန်းကို မသိခဲ့တာ။ ကျွန်မသူငယ်ချင်းလဲ ဒီလိုပါပဲ။ “သူ့တစ်ကိုယ်လုံးရေခဲတွေချည်းပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် ရေခဲလူသားလို့ ခေါ်တာနေမှာ”။ တစ္ဆေတစ်ကောင်ဒါမှမဟုတ် ကူးစက်ရောဂါတမျိုးမျိုးအကြောင်းပြောနေသလိုမျိုး သူမက အလေးအနက်ပုံမျိုးနဲ့ ကျွန်မကို ပြောတယ်။ ရေခဲလူသားက အရပ်ရှည်ရှည်။ အသက်ကတော့ ငယ်ပုံရတယ်။ သူ့ရဲ့ ၀ိုင်ယာကြိုးလို ခပ်တုတ်တုတ်ဆံပင်တွေထဲမှာ အရည်မပျော်သေးတဲ့နှင်းတွေနဲ့ တူတဲ့ [...]
Archive for the ‘Translation’ Category
ရေခဲလူသား
Posted in Translation on October 30, 2010 | 2 Comments »
Susan Sontag ရဲ့ အပိုင်းအစ
Posted in Prose, Translation on August 17, 2010 | 1 Comment »
ဗုဒ္ဓဟူးနေ့ညနေစောင်းမှာ နင့်အနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေရင် ရူးမိုက်ရာကျလိမ့်မယ်လို့ ဂျူလီယာ့ကို ကျမပြောလိုက်တယ်။ သူက အင်းလိုက်နေတယ်။ ငါပြောတာ လက်ခံတဲ့ပုံပဲလို့ ကျမက ထင်လိုက်မိတယ်။ နောက်နှစ်ရက်နေတော့ သူအခန်းကနေထွက်သွားတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး ရူးမိုက်ရာကျတဲ့ အလုပ်တွေကို လုပ်ဖို့ ၀န်မလေးဘူးဆိုတာ ကျွန်မကို ပြလိုက်တယ်။ ကျွန်မပြောရမယ်။ သူငယ်ချင်းတွေကို ကျွန်မတော့ ရူးမိုက်တာ တစ်ခုခုလုပ်တော့မယ်လို့ ပြောဖြစ်ရင်တောင် အဲဒါကို တကယ်လုပ်ဖို့ စိတ်မကူးပါဘူး။ ကျမရဲ့ လိပ်ပြာကို ကျမကယ်တင်ရမယ်။ တုန်လှုပ်နေရှာတဲ့ လေကလေး။ တချို့ညတွေမှာ ကျမ ဂျူလီယာ့ကို ဆံပင်ကနေ ဆွဲလာတယ်လို့ အိပ်မက်မက်တယ်။ သူ မြစ်ထဲခုန်မချခင်ကလေးပေါ့။ ဒါမှမဟုတ် သူ့ကို မြစ်ထဲမှာတွေ့တယ်လို့ အိပ်မက်မက်တယ်။ ကျမကတော့ ခေါင်မိုးပေါ်မှာ။ နယူးဂျာစီကို မျက်နှာချင်းဆိုင်လို့ ။ [...]
Charles Bukowski ၏ ကဗျာများ
Posted in Poem, Translation on August 10, 2010 | Leave a Comment »
လူတိုင်းနဲ့ အထီးကျန်
Posted in Poem, Translation on August 10, 2010 | Leave a Comment »
အရိုးကို အသားနဲ့ ဖုံးလိုက်တယ် ပြီး အဲဒီမှာ စိတ်တစ်ခုထည့်တယ် တခါတလေ ၀ိညဉ်တစ်ခု မိန်းမတွေက ပန်းအိုးတွေ နံရံမှာ ပစ်ပေါက်ခွဲကြ ယောက်ျားတွေ အရက်အလွန်အကျွံသောက်ကြ ဒါပေမယ့် ဘယ်သူမှ ရှာဖွေမတွေ့ကြဘူး ကြည့်ပဲကြည့်နေရ အိပ်ယာထဲ/က တွားဝင်/တွားထွက် အသားက အရိုးကို ဖုံးထားတယ် အသားက အသားထပ်ရှာတယ်။ မျှော်လင့်ချက်မဲ့ ငါတို့ဟာ တစ်ခုတည်းသော ကြမ္မာထဲ ပိတ်မိခဲ့။ ဒါပေမယ့် ဘယ်သူမှ ရှာဖွေမတွေ့ကြဘူး။ မြို့ပြအမှိုက်ပုံးတွေပြည့် အမှိုက်ပုံတွေပြည့် အရူးထောင်တွေပြည့် ဆေးရုံတွေပြည့် သင်္ချိုင်းတွေပြည့်။ တခြားဘာကမှ မဖြည့်နိုင်ခဲ့။
ကာဆန် မက်ကူးလားစ်
Posted in Poem, Translation on August 10, 2010 | Leave a Comment »
သူမ အရက်စွဲပြီးသေခဲ့ ပင်လယ်ကူးသင်္ဘောတစ်စီးပေါ် စားပွဲနဲ့တွဲလျက်သား ကုလားထိုင်ပေါ် စောင်တထည် ပတ်လျက်သား။ သူမရဲ့စာအုပ်မှန်သမျှ ခြောက်ခြားနေတဲ့ အထီးကျန်မှု။ သူမစာအုပ်တွေအားလုံး မေတ္တာမပါတဲ့ အချစ်ရဲ့ ရက်စက်မှုအကြောင်း။ အဲဒါတွေသာ သူမ ချန်ထားနိုင်ခဲ့။ ကုန်းပတ်ပေါ်လမ်းလျှောက်ထွက်လာတဲ့ ခရီးသည်တစ်ယောက်က သူမရဲ့ ခန္ဓာကို တွေ့ခဲ့။ သင်္ဘောကပ္ပတိန်ကို အကြောင်းကြား။ သင်္ဘောပေါ်က တခြားတစ်နေရာကို အလျင်အမြန်ရွှေ့ထားလိုက်ကြတယ်။ အရာအားလုံးဟာ သူမရေးသားခဲ့တဲ့အတိုင်း ခရီးဆက်ခဲ့။
သတ္တိကောင်းတဲ့ ရေဒီယို
Posted in Poem, Translation on August 10, 2010 | Leave a Comment »
ကော်ရိုနာဒိုလမ်း ဒုတိယထပ်မှာ ကျုပ်မူးလာရင် ဖွင့်ထားတဲ့ ရေဒီယိုကို ပြတင်းပေါက်က ပစ်ထုတ်လိုက်တယ် ရေဒီယိုက ပြတင်းပေါက်မှန်ကို ခွဲ ပြီးတော့ အမိုးပေါ်ကျ အဲဒီမှာလည်း ရေဒီယိုဟာ ဆက်ပြီး လာနေရဲ့ မိန်းမကို ကျုပ်ပြောလိုက်တယ် “ဟေ့… သတ္တိကောင်းတဲ့ရေဒီယိုပဲကွ” နောက်နေ့မနက်ကျ ပြတင်းပေါက်ကို ပတ္တာကနေဖြုတ် လမ်းအောက်ဘက်က မှန်သမားဆီသယ်သွား သူက မှန်တချပ်လဲပေးတယ် ကျုပ်မူးတဲ့အခါတိုင်း ရေဒီယိုကို ပြတင်းပေါက် ပစ်ထုတ်မြဲ ပြီးတော့ အမိုးပေါ်ကျ ရေဒီယို ဆက်ပြီးလာနေ မှော်ဆန်တဲ့ ရေဒီယို သတ္တိကောင်းတဲ့ ရေဒီယို မနက်ကျရင် ပြတင်းပေါက်ကို မှန်သမားဆီ ကျုပ်သယ်သွား အဲဒါ ဘယ်လိုအဆုံးသတ်သွားသလဲ ကျုပ်သေချာ မမှတ်မိတော့ ကျုပ်တို့အဲဒီကလပြောင်းလာကြတာပဲ သိတော့တယ် အဲဒီမှာ အောက်ထပ်က အမျိုးသမီး ခြံဝင်းထဲ ရေချိုးဝတ်စုံနဲ့အလုပ်လုပ်ရဲ့ ငန်းပြားနဲ့ဟိုထိုးဒီဆွ [...]
ဖူးကွေ့နှင့် တွေ့ဆုံခြင်း
Posted in Prose, Translation on May 21, 2010 | 2 Comments »
အဲဒီနေ့က နေသိပ်ပြင်းတယ်ဗျ။ ကျွန်တော်လည်း အရိပ်ကောင်းကောင်းရတဲ့ သစ်ပင်ကြီးကြီးတစ်ပင်အောက် ရောက်နေခဲ့တယ်။ ကွင်းထဲမှာတော့ ၀ါတွေစဆွတ်နေကြပြီ။ မိန်းမတွေ ခေါင်းမှာပ၀ါစည်းပြီး ၀ါဆွတ်နေကြတယ်။ ၀ါပင်မှာ ကပ်နေတဲ့ရွှံ့တွေကို အားစိုက်ပြီးခါလိုက်တိုင်း သူတို့ရဲ့ တင်ပဆုံတွေ နိမ့်ချည်မြင့်ချည်လိုင်းထသွားလေရဲ့။ ခေါင်းကကောက်ရိုးဦးထုပ်ကို ချွတ်လိုက်တယ်။ နောက်မှာထိုးထားတဲ့ ပ၀ါကို ဆွဲထုတ်ပြီး မျက်နှာက ချွေးတွေကို သုတ်ပစ်လိုက်တယ်။ ဘေးနားက ရေကန်ကတော့ နေရှိန်ကြောင့် ၀ါထိန်ထိန်ဖြစ်နေပြီ။ သစ်ပင်ကိုမှီပြီး ရေကန်ကိုမျက်နှာချင်းဆိုင်ထိုင်လိုက်တဲ့ ခဏမှာပဲ တမှေးလောက်အိပ်ချင်တဲ့စိတ် ပေါ်လာတယ်။ ကျောပိုးအိတ်ကိုခေါင်းအုံး၊ မျက်နှာပေါ်ကောက်ရိုးဦးထုပ်တင်ပြီး မျက်လုံးကို မှိတ်လိုက်တယ်။ သစ်ရွက်တွေနဲ့ မြက်ပင်ရှည်တွေကြားမှာ ကျွန်တော်ဟာ နှစ်နာရီလောက် အိပ်ပျော်သွားခဲ့တယ်။ အိပ်ပျော်နေတုံး ခြေထောက်ပေါ် ပုရွက်ဆိတ်တွေတက်လာသေးတယ်။ အိပ်ပျော်နေရင်းကိုပဲ ပုရွက်ဆိတ်တွေကို သပ်ချမိတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ပင်လယ်ကမ်းခြေတစ်ခု ရောက်နေသလို ခံစားမိရဲ့။ အဘိုးအိုတစ်ယောက်ရဲ့ အော်သံကို [...]
အယ်လ်ဘန်းနီး ဘတ်စ်ကားဂိတ်မှာ
Posted in Poem, Translation on December 9, 2009 | 2 Comments »
အရောင်တောက်တောက် စွပ်ကျယ်ဝတ်ထားတဲ့ ဒီခပ်၀၀လူပဲ ပိုက်ဆံကြေး ဖဲကစားလို့ ပြတင်းပေါက်ဘေးက ဒီစားပွဲမှာပဲ ဂျင်းဂျာကင်နဲ့ ဒီကောင်မလေးပဲ ရှပ်အင်္ကျိက ဆွယ်တာအပြင်ထွက်နေတဲ့ မျက်နှာနီနီလူရဲ့ နောက်ကျောကို ပုတ်လို့ ဒီ အသားညိုညိုလူပဲ ၀ိုင်းထဲဝင်လာ အရင်တခါလိုပဲ ဒေါသတွေကြီးလို့ အခုပဲ ဖဲချပ်တွေ အော်ဟစ် ပစ်ချတော့မယ့်ပုံနဲ့ သံဇကာ ဂိတ်တံခါးကို ဆွဲဖွင့်လိုက်တဲ့အခါ နေ့လယ်စာ ကြက်တောင်ပံဟင်း ကျွေးတဲ့အခါ နေ့တိုင်းဝင်လာတာ ဒီလူအုပ်ပဲ ငါလည်းဒီမှာ အေးမက်စ်က လာတဲ့ ဖိနပ်ကို စီးလို့ ပန်းရောင်သားမွေးကုတ်နဲ့ မျက်နှာလိမ်းကရင်မ်၊ သွားတိုက်ဆေး၊ အားဆေးပုလင်း၊ ကာဘွန်စက္ကူ အကြွေစေ့တွေထဲ့ထားတဲ့ ပလတ်စတစ်အိတ်၊ ကြိုက်တာယူ တစ်ဆယ်ဆိုင်က ၀ယ်လာတဲ့မျက်မှန်တွေ ထည့်ထားတဲ့ ဖဲပြားတပ် အိတ်ကို ကိုင်လို့ ငါကဗျာတွေနဲ့ ငါ့စာအုပ်တွေတော့ စားပွဲအောက်က ငှားလာတဲ့ ခရီးဆောင်သေတ္တာထဲမှာ [...]
ကြည့်မှန်များ
Posted in Prose, Translation on July 20, 2009 | Leave a Comment »
မှတ်မှတ်ရရ အဲဒါ ၁၉၉၈ဖြစ်မယ် မေခနဲ့ ကျွန်တော် စပြီး အသိအကျွမ်းဖြစ်တာ ဘယ်ကဘယ်လိုရောက်လာမှန်းမသိတော့တဲ့ ဖုန်းနံပါတ်တစ်ခုကို နှိပ်ကြည့်ရင်းက မေခနဲ့ကျွန်တော်စသိခဲ့တာ နောက်တော့ အပြင်မှာ လူချင်းတွေ့ဖြစ်တယ် ညနေဘက်တွေဆို မေခတို့အိမ်ရှိတဲ့ သိမ်တော်ဘက်မှာ လမ်းလျှောက်ရင်း စကားပြောကြတာပါပဲ တခါတလေ သံပိုက်လုံးတွေကာထားတဲ့ ကမ်းနားလမ်းမအတိုင်း လျှောက်ဖြစ်ကြတယ် တခါတုံးကဆို ကမ်းနားလမ်းမအတိုင်း လျှောက်သွားလိုက်တာ ဇေယျာသီရိရပ်တွေဘက်ထိ ရောက်ကရောပဲ ကျွန်တော်နဲ့ မေခ ရည်းစားတော့မဖြစ်ပါဘူး အီစီကလီလုပ်နေတယ်လို့တောင် ပြောလို့မရဘူး မေခမှာ အသိရခက်တဲ့ အသွင်ပြင်တစ်မျိုးရှိတယ် မေခရဲ့ အခြားတစ်ဘက်ကို ကျွန်တော်ထိစမ်းကြည့်လို့ မရဘူး ဒါဟာ ကျွန်တော်နှစ်ယောက်ကြားမှာ အဟန့်အတားမဟုတ်ခဲ့ပေမယ့် စည်းတစ်ခု အလိုလိုဖြစ်နေခဲ့တာတော့ သေချာတယ် ၂၀၀၀-၂၀၀၁လောက်မှာ မေခနဲ့ ကျွန်တော် ကြည့်မှန်တွေအကြောင်းပြောဖြစ်သေးတယ် နောင်ဖြစ်လာမယ့် လက်သင့်မခံနိုင်စရာ အဖြစ်အပျက်တွေနဲ့ ပတ်သက်လားမပတ်သက်ဘူးလားတော့ ကျွန်တော်ခုထိမသိဘူး [...]