၎။ မနက်စောစော ကိုစိုင်းတို့က မနက်စာစားဖို့လာခေါ်တာနဲ့ လိုက်ခဲ့တယ်။ ရောက်တော့ ပထမနေ့က စားတဲ့ရှမ်းခေါက်ဆွဲဆိုင် ဖြစ်နေတယ်။ နာမည်က အခုမှ သတိထားမိတာ ရွှင်ပျော်ပျော်တဲ့။ ခေါက်ဆွဲဆိုင်က ဆရာကြီးက ကျွန်တော့်စိတ်ကူးများ သိနေလားမသိပါဘူး။ အခု ရှမ်းခေါက်ဆွဲတွေက သိပ်မကောင်းတော့ဘူးလို့ သူဟာသူ ပြောပါတယ်။ အဓိကကတော့ အသားကို ကြိတ်စက်နဲ့ ကြိတ်ပြီး လုပ်ကြလို့တဲ့။ အရင်က အသားကို ကြေအောင် လက်နဲ့ ထုရိုက်ယူတာတဲ့။ အဲဒီလို ချေထားတဲ့ အသားကို သုံးတာမို့ ဘာစားစား အရမ်းကောင်းတယ်တဲ့။ စားပြီးတော့ ဈေးထဲလှည့်ပါတယ်။ ကျွဲခေါက်ကျော်နဲ့ ပဲပုပ်ပြားဝယ်ဖြစ်တယ်။ ပထမနေ့ကတည်းက ငှားထားတဲ့ ဟိုက်အေ့စ်လေးနဲ့ပဲ ကျိုင်းတုံ တာချီလိတ်လမ်းပေါ် တက်ခဲ့တယ်။ ပန်ကွဲဆိုတဲ့ နေရာကို ရောက်လာတယ်။ သူက ပုသိမ်လမ်းပေါ်က ဗိုလ်မြတ်ထွန်တံတားအဆင်းလို၊ မော်လမြိုင်လမ်းပေါ်က [...]
Archive for the ‘Travelogue’ Category
စပါး၊ ပိုးစိမ်းကောင်နဲ့ မိုင်းဂရန့်ပုံပြင် (continued)
Posted in Travelogue on November 18, 2010 | Leave a Comment »
စပါး၊ ပိုးစိမ်းကောင်နှင့် မိုင်းဂရန့်ပုံပြင် (continued)
Posted in Travelogue on November 17, 2010 | Leave a Comment »
၂။ နောက်နေ့မနက် အစောကြီး နိုးလာတယ်။ ဘယ်သူမှ မနိုးသေးတာနဲ့ ဈေးဘက်ကို တစ်ယောက်ထဲ ထွက်လာခဲ့တယ်။ ရှမ်းခေါက်ဆွဲဆိုင်တွေ တန်းစီနေတာပဲ။ အစွန်ဆုံးက ဆိုင်တစ်ဆိုင်မှာ ထိုင်လိုက်တယ်။ အရသာက ရန်ကုန်မှာ စားနေကျတွေထက် သိပ်မထူးလှဘူး။ ၀က်ခေါက်ကြောက်တုံးတွေ ထည့်ပေးတယ်။ တစ်ပွဲ တစ်ထောင်။ နောက်တစ်နေ့တော့ ကားနဲ့ သာယာကုန်းဆိုတဲ့ ရွာကို သွားကြတယ်။ ရွာက လားဟူရွာကလေးပါ။ ကလေးတွေရဲ့ သွားကျန်းမာရေးလှုပ်ရှားမှုတွေကို သွားပြီး လေ့လာကြတာပါ။ ဧည့်သည်တွေလာမှာမို့ ကလေးတချို့ လားဟူဝတ်စုံ ၀တ်ထားတယ်။ မြန်မာစကားတတ်သူ နည်းတယ်။ နေ့လယ်စာမှာတော့ ဟင်းဆန်းတစ်ခွက်ပါလာတယ်။ ၀က်ခြေထောက် ချဉ်ရေစိမ်ဆိုပဲ။ အစိမ်းပဲပေါ့။ စားလို့တော့ အတော်ကောင်းတယ်။ အိမ်တွေမှ ဆားငံသီးတွေ ပုလင်းတွေနဲ့ စိမ်ထားကြတယ်။ ဒီဘက်မှာ ခြံမြေရယ်လို့ အပိုင်မရှိပဲ ပြောင်းရွှေ့နေထိုင်ကြတယ်။ တချို့လည်း [...]
စပါး၊ ပိုးစိမ်းကောင်နဲ့ မိုင်းဂရန့်ပုံပြင်
Posted in Travelogue on November 16, 2010 | 3 Comments »
၁။ တာချီလိတ်လေဆိပ်ကို မနက် ၁၁နာရီလောက်ရောက်တယ်။ အကောက်ခွန်ဖြတ်တာ နာရီဝက်လောက်စောင့်ပြီး လာကြိုနေတဲ့ ဗင်နဲ့ ကျိုင်းတုံကို ထွက်ခဲ့တယ်။ တာလေရောက်တော့ နေ့လယ်စာစားကြတယ်။ ရာသီဥတုက မအေးပေမယ့် အပူဓာတ်လည်း လုံးဝမရှိဘူး။ ဒါနဲ့ ကျွန်တော်နဲ့ ကိုခင်မောင်လည်း တခုခုသောက်ရအောင်လို့ တိုင်ပင်ကြတယ်။ ဗင်ဆရာကြီးက ဆာအက်ဒွပ် မဆိုးဘူးလို့ပြောတယ်။ ဟိုက်နဲ့ယှဉ်ရင်ဘယ်လိုနေလဲလို့ ပြန်မေးကြည့်တော့ ဟာပိုကောင်းတာပေါ့ဆရာရဲ့။ ဟိုက်က အတုတွေများပါတယ်လို့ ပြန်ပြောတယ်။ ဆာအက်ဒွပ်နှစ်ပက်စီလောက် အကုန်မှာ ချဉ်စပ်ကျော်ရောက်လာတယ်။ နောက်တခြားဟင်းတွေ ထပ်ရောက်လာတယ်။ ဟင်းတွေထဲမှာ ရှောက်ရွက်တွေပါတာတော့ သတိထားမိတယ်။ ကျွန်တော်က ရှောက်ရွက်မကြိုက်ပဲကိုး။ ဆောစ့်လိုဟာမျိုးလေးတွေ လာချပေးလို့ ကြည့်လိုက်တော့ ခရမ်းချဉ်သီး ပန်ထွေဖျော်ဆန်ဆန်ပဲ။ ကြက်သွန်ဖြူရယ်၊ ပဲပုတ်ရယ် ဆော့စ်ထဲမှာ ပါတယ်။ စားပြီးသောက်ပြီးတော့ ခရီးပြန်စတယ်။ ကားဆရာက ခပ်ဖြေးဖြေးပဲ။ လမ်းက ကုမ္ပဏီလမ်းဆိုတော့ [...]
မိုးကုတ် (၂)
Posted in Travelogue on March 21, 2010 | Leave a Comment »
နေ့လည်စာကို ရှီလာသိန်း စတိုးဘေးက ထမင်းဆိုင်တစ်ဆိုင်မှာ စားတယ်။ ဟင်းရံတွေချပေးတာ အတော်များတယ်။ စားသောက်ပြီးတော့ ခပ်သုတ်သုတ်ပဲ မိုင်းထဲကို ထွက်ခဲ့တယ်။ ကျောက်တွင်းတူးတဲ့နေရာပါ။ အရောင်အားဖြင့်သာ ပူပြင်းတဲ့ နေရောင်အောက်မှာ မိုင်းတွင်းတွေရှိတဲ့ဆီ တက်ခဲ့တယ်။ အရင်ဆုံးတွေ့ရတာတော့ ပတ္တမြားနဂါးဖက်စပ်ကွက်ပဲ။ ကျောက်ဖြူဖြူတွေ အပုံလိုက်တွေ့ရတော့ ပထမ ကတ္တရာလမ်းဖောက်ဖို့လို ထင်မိတယ်။ နောက်တော့ ကျောက်ပုံကြီးတွေဟာ နှစ်ထပ်တိုက်၊ သုံးထပ်တိုက်လောက်မြင့်လာတာမို့ ဒါဟာ ပတ္တမြားထုတ်တာနဲ့ ပတ်သက်မှာပဲလို့ သိလိုက်တယ်။ နောက်တော့ မိုးကုတ်မှာ ကျောက်တွင်း၊ မြေတွင်းနှစ်မျိုးရှိတယ်း၊ အခုလာတာ ကျောက်တွင်းလို့ ခေါ်ကြောင်း၊ ကျောက်ခဲထဲမှာ ကပ်နေတဲ့ ပတ္တမြားကို ခွဲထုတ်ရတာ၊ မြေတွင်းကတော့ မြေကြီးတွင်းထဲက ပတ္တမြား၊ နီလာကို တိုက်ရိုက်တွေ့ရတာလို့ သိရတယ်။ တောင်ထိပ်ဘက်က ကုမဏီ တစ်ခုရဲ့ ကျောက်မိုင်းတခုထဲကို ၀င်ခဲ့ကြတယ်။ ပါလာတဲ့အဖွဲ့တွေကတော့ [...]
မိုးကုတ် (၁)
Posted in Travelogue on March 15, 2010 | 1 Comment »
နေ့လည်စာကို ၂၃လမ်းနဲ့ ၈၄လမ်းထောင့်က ရှမ်းလက်ရာမှာ စားကြတယ်။ အသားဟင်းတွေစုံပေမယ့် ဂျူးဖူးကြော်ကိုပဲ တခုတ်တရဖြစ်မိတယ်။ ပြီးတော့ ကားဂိတ် (ရွှေတြိဂံတက္ကစီဂိတ်)သွားတယ်။ မိုးကုတ်ကို တစ်ယောက် တစ်သောင်းခွဲတဲ့။ စီးလုံးငှားရင် လေးသောင်းခြောက်ထောင်။ ကျုံးအရှေ့ဘက်ကိုပတ်၊ အမ်စီဒီစီတံဆိပ်နဲ့ ဆိုင်းဘုတ်လေးတွေအများကြီးတွေ့ရတယ်။ နန်းမြို့ရိုးကတော့ နှစ်နှစ်ရာနီးပါးသက်တမ်းနဲ့ အညီ အိုမင်းဟောင်းနွမ်းနေရဲ့။ ပလတ်စတစ်ခုံလေးတွေချထားတဲ့ လမ်းဘေးဆိုင်လေးတွေ ကျုံးဘေးမှာတွေ့တယ်။ ညနေခင်းအတွက်ပြင်ဆင်ပုံပဲ။ အခုလို နေ့လည် ၂နာရီအချိန်မှာတော အားလုံး တိတ်ဆိတ်ခြောက်ကပ်။ မန္တလေးတောင်ကို ရိပ်ခနဲမြင်ပြီး ဖြူရော်ရော် ကွင်းပြင်ထဲ ရောက်ခဲ့ တယ်။ အောင်မြေသာစံမြို့နယ်က ထွက်တော့ မတ္တရာမြို့နယ်ထဲရောက်သွားတယ်။ လမ်းတွေက BOT (Built-Operate-Transfer)နဲ့ဆောက်ထားတာ။ ကားဆရာကလက်ထဲမှာ ပိုက်ဆံကို အသင့်ကိုင်ထားတယ်။ တစ်ဂိတ်ပေးပြီးတာနဲ့ နောက်ဂိတ်အတွက် တစ်ရွက်ရယ်ဒီပဲ။ တစ်လမ်းလုံးဘယ်လောက်ကုန်သလဲဆိုတော့ ငါးထောင်လောက်ရှိတယ်လို့ [...]