Feeds:
Posts
Comments

Archive for July, 2009

အိပ်မက်

`၀တ္ထုတစ်ပုဒ်လုံး ကျွန်တော်စွန့်ပစ်လိုက်တယ်
သိပ်အရေးမပါတဲ့ ဇာတ်ကောင်လေးတစ်ယောက်ပဲ
ကျွန်တော်သယ်လာခဲ့တယ်`
ဆာလမန်ရပ်ရှဒီ

ညက မြွေနှစ်ကောင်ကို သတ်ရတယ်လို့
အိပ်မက်တယ်
တစ်ကောင်ပြီးတစ်ကောင်
မသေမချင်းသတ်ရတာ
ပြီးတော့
အဝေးပြေးဂိတ်ကနေ
ဟံသာဝတီအ၀ိုင်းထိ လမ်းလျှောက်လာခဲ့တယ်
ဟံသာဝတီနဲ့ မြေနီကုန်းကြားမှာ
နိုးလာတယ်
၇ နာရီထိုးနေပြီ
လက်တစ်ဘက်က အေးစက်နေတယ်
မြွေက ၅၊ သတ်တာက ၆
နည်းနည်းမောနေသလိုပဲ

 

မဆ

Read Full Post »

ခေါင်းတိုင်က လွင့်ပျံသွားတဲ့ မီးခိုးတွေကို လိုက်ကြည့်နေမိသည်။

အထက်တန်းကျောင်းတုံးက သင်ခဲ့ဖူးတဲ့ အစိုင်အခဲ၊ အရည်၊ အငွေ့ဟူသော ဒြပ်သုံးမျိုးက ခေါင်းထဲဝင်လာသည်။

တစ်နေ့ကျရင် အငွေ့ဖြစ်မလား၊ အရည်ဖြစ်မလား။

ထီးမိုးချင်ရင် ထပ်ပေးရမယ်။

မဟုတ်ဘူး။ အကိုင်အတွယ်ညင်သာဖို့က သပ်သပ်လေ။

သူငယ်ချင်းတစ်ယောက်နဲ့ ဆက်စပ်ပြီး တစ်ခါပဲ တွေ့ဖူးတဲ့ လူတစ်ယောက်ရဲ့ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ဖူးသည်။

နောက်ဆုံးမှ တကယ်နောက်ဆုံးအထိပါပဲ။

သူငယ်ချင်းက တခြားမြို့မှာ သူ့ဖခင်ရဲ့နာရေးရှိလို့  သူ့ဇနီးဖြစ်သူရဲ့ ဖခင်နာရေးကို လိုက်လံကူညီဖို့ မှာခဲ့သည်။

သူငယ်ချင်းရဲ့ဇနီးက နောက်ဆုံးမီးရှို့တဲ့ အခန်းထဲအထိ ၀င်ကြည့်ဖို့ ပေးထားပြီးသား။

ဒါပေမယ့် နောက်ဆုံး မီးရှို့မယ့်အချိန်မှာ များပြားလှတဲ့ သားတွေ၊ တူတွေထဲက အထဲအထိ လိုက်ပို့မယ့်သူမရှိ။

အစ်ကိုကြီးဖြစ်သူကလည်း အခုပဲလဲတော့ပြိုတော့မလို ဖြစ်နေသည်။

သားအငယ်ဆုံးကလည်း လူအုပ်ထဲမှာ ဘယ်ရောက်နေလဲမသိ။

သူငယ်ချင်းရဲ့ ဇနီးရော၊ တခြားအစ်မတွေ၊ နှမတွေပါ မျက်စိမျက်နှာပျက်စပြုနေပြီ။

မိန်းမတွေဝင်ခွင့်မရလို့ ရရင်ငါဝင်တယ်လို့ အစ်မကြီးက ပြောလိုက်တယ်။

နံပါတ် ၂ သားက ရှောင်လွှဲမရတဲ့အမူရာနဲ့ သူဝင်မယ်လို့ ပြောလိုက်တယ်။ ပြီးတော့ ဟိုကြည့်ဒီကြည့်ဖြစ်နေတယ်။ တစ်ယောက်ထဲဝင်ရဲပုံမပေါ်။ ကျွန်တော်က ကျွန်တော်လိုက်ပါမယ်လို့ ပြောလိုက်တော့ အတော်ပျော်သွားပုံပဲ။

အထဲရောက်သွားတော့ လူနှစ်ယောက်က သံချောင်းတွေနဲ့ အလုပ်တွေရှုပ်နေတယ်။

အခေါင်းတစ်ခုကို အခန်းတစ်ခုထဲထည့် ပိတ်လိုက်တယ်။ တခြားးအခန်းကိုဖွင့်ကြည့်တယ်။ အထဲမှာ လောင်နေတုံးပဲ။ စက္ကူစတောင် နဲနဲကျန်နေသေးတယ်။ သံချောင်းနဲ့ တစ်ချက်နှစ်ချက်ထိုးတယ်။ ပြန်ပိတ်တယ်။ နောက်တစ်ခန်း။

ဒီတစ်ခန်းကတော့ ကုန်သလောက်ဖြစ်သွားပြီ။ ၀င်ပေါက်မှာ အသင့်ရှိနေတဲ့ ဟာတစ်ခုကို ထည့်လိုက်တယ်။ ခုနက အခန်းကို ပြန်ဖွင့်တယ်။ အဲ ကုန်သလောက်တော့ ဖြစ်သွားပြီ။

`ကဲ ဒီတစ်ခေါက်ခင်ဗျားတို့ဟာပဲ`

ပြောနေတုံး နောက်တစ်ခုဝင်လာတယ်။ အပြင်မှာတော့ အော်ငိုကြမလားပဲ။ အထဲကတော့ ဘာမှမကြားရဘူး။ အခန်းထဲထည့်လိုက်တယ်။ အဖုံးကိုပိတ်လိုက်တယ်။ ဆရာသမားတွေက တခြားအခန်းတွေနဲ့ အလုပ်ရှုပ်နေတယ်။ ခဏနေဖွင့်ကြည့် ၊ဘာမှတောင်မတွေ့ရသေးဘူး။ ၀ုန်းဆိုပြန်ပိတ်၊ ခဏနေနောက်တစ်ခေါက်ဖွင့်ကြည့်တော့ ဘာမှမရှိတော့ဘူး။ အဘိုးကြီးကို မြင်ယောင်ကြည့်ရအောင်ကလည်း တစ်ခါပဲတွေ့ဘူးတော့ သေချာမမှတ်မိဘူး။

သေတဲ့နေ့ကတည်းက လုပ်စရာရှိတာသာ လုပ်နေတာ၊ အလောင်းပြင်ထားတာလည်း သွားမကြည့်မိဘူး။

အဲလိုနဲ့ အပြင်ပြန်ရောက်တော့ ကားပေါ်တက်တဲ့သူတွေတောင်တက်နေပါပြီ။

အခုတော့ ကားပေါ်တက်လို့မရသေးဘူး။ ဘာဖြစ်လို့ဆိုတော့ ကျွန်တော်လာပို့တဲ့ သူက အခန်းထဲကတောင် မထုတ်ရသေးပဲကိုး။

ဒီကိုလာရင် ကြားနေကျအသံတွေကို ကြားနေရတယ်။

တစ်ခုပဲရှိတယ်။ ဒီမှာက အချိန်လုနေရတာဆိုတော့ ၀ါကျတိုတွေသုံးတယ်။

`ခပ်ငိုင်ငိုင် ဖြစ်နေတာတော့ ကြာပြီ`

`သူ့ဆရာမလာလား`

`လာတယ်လေ၊ ခြောက်တန်းအတန်းပိုင်ရော၊ ကျောင်းအုပ်ပါလာတယ်`

ကျွန်တော့်သူငယ်ချင်းသမီးလေးလည်း ခုလောက်ဆို ခြောက်တန်းရောက်ရောပေါ့။ နာရေးနေ့တုံးက အမေနဲ့ ကျန်နေခဲ့လား။ ဒါမှမဟုတ် သူ့အဖေနဲ့ပဲ နယ်လိုက်သွားသလား မမှတ်မိတော့ဘူး။ အဲဒီတုံးကတော့ တကယ့်အရေးအခင်းပဲ။ နှစ်ဘက်စလုံးမှာ ဒီမြေးတစ်ယောက်ပဲ ရှိတာကိုး။

အခုတော့ ကလေးမလေး အဖေနဲ့နေလား၊ အမေနဲ့နေလားတောင် မသိတော့ဘူး။ သူငယ်ချင်းနဲ့ မဆုံဖြစ်တာလည်းကြာပြီ။ နိုင်ငံခြားကားတွေမှာ ပြသလို အမေနဲ့နေ၊ အဖေက ရုံးပိတ်ရက်လာခေါ်တာမျိုး ဒီမှာတော့ မဖြစ်လောက်ဘူး။

မျက်စိထောင့်မှာ ရဲ ၂ ယောက်၊ ၃ ယောက်ကို တွေ့လိုက်ရတယ်။

`ဆေးရုံရောက်တော့ အသက်ရှိသေးတယ်ပြောတယ်`

ကျွန်တော့်သူငယ်ချင်း ယောက္ခမလည်း ဆေးရုံရောက်တော့ အသက်ရှိသေးတယ်။

သူ့ကိုတစ်ခေါက်တွေ့ဘူးတယ်ဆိုတာ ဆေးရုံမှာ တွေ့ဘူးတာ။

တစ်ယောက်ယောက်က ကျွန်တော့ပခုံးကို ပုတ်လိုက်တယ်။

`ဟေ့လူ၊ လာ၊ ကားပေါ်တက်ကုန်ပြီ`

ကားတွေရှိတဲ့ဘက် လှည့်အထွက်မှာ စကားတစ်ခွန်းက နားထဲဝင်လာတယ်။

`အစကထဲက သမီးဖေကြီးနဲ့မအိပ်ချင်ဘူးလို့ ပြောပြောနေတာတဲ့`

ခေါင်းတိုင်မှာ မီးခိုတွေလွင့်နေဆဲ။

 

မဆ

Read Full Post »

ပေးစာ

ညထဲကိုထွက်လာခဲ့တယ်
ဘာမှမဖြစ်ပဲ ပြန်ခဲ့ရတယ်
လူတစ်ယောက် ပင်လယ်ထဲပစ်ချခံရတယ်
သေပြီးမှပါ
ငါဟာမသေသေးပါဘူး
ဒါပေမယ့် ပင်လယ်ထဲပစ်ချခံချင်တယ်
အေးစက်နက်မှောင်တဲ့ တစိမ်းတရံဆံလောကကို ခဏလောက် လျှောက်ကြည့်ချင်လို့ပါ
ဒီဒီတို့ ပြောတာသတိရတယ်
ဟိုတုံးက ဟိုလိုလုပ်ဖြစ်ခဲ့ရင်ကောင်းမှာ
အခု နင်စိတ်မပါတော့လည်း ကိစတော့မရှိဘူး
တစ်ယောက်ထည်း လုပ်ရတာ ပိုပြီးလွတ်လပ်မယ်
အပြန်အလှန် တာဝန်ယူရတာမျိုးလည်း မရှိတော့ဘူး
နေရောင်ဟာ ပြုတ်ကျပြန့်ကျဲနေတယ်
နင့်မျက်နှာကို ငါကြည့်နေခဲ့တယ်
စိတ်ကူးထဲမှာ
ခု နောက်ထပ်တစ်ခါ
နင် ဆိုတာ နင်တို့အားလုံးကို ပြောတာ
ရထားလမ်းနံဘေးကိုလည်း မသွားဖြစ်တော့ဘူး
ကော်ဖီဥယျာဉ်ထဲလည်း မရောက်ဖြစ်တော့ဘူး
ရေဒီယိုမှာ မုန်တိုင်းသတင်းလာရင် သတိရတဲ့အခါရတယ်
မိုးရေထဲမှာ တခါတလေ ငါမူးသွပ်တယ်
တောင့်တနေတာမျိုးမရှိဘူး
လိုအပ်နေတာ ဒါမှမဟုတ် လစ်ဟာနေတာမျိုးလည်း မရှိဘူး
မဖြစ်နေတော့တာပဲရှိတယ်
လမ်းကြားထဲ မတော်တဆ၀င်လာတဲ့ မီးရထားစက်ခေါင်းနဲ့ တွေ့သွားတာပဲဖြစ်ဖြစ်
သုံးထပ်အထိ တက်လာတဲ့ ဆင်ရိုင်းတစ်အုပ်ပဲဖြစ်ဖြစ်
ရောက်မလာသေးဘူး
ရေဒီယိုမှာ မုန်တိုင်းသတင်းလာနေတယ်
အမြဲပဲ
ငါလူးလိမ့်နေတယ်
တဆတ်ဆတ်ခါနေတယ်
တချက်တချက် တုန်သွားတယ်
မုန်တိုင်းသတင်းတွေဟာ ပိုပြီးသည်းလာတယ်
ပြတင်းမှန်တွေ မှုန်ဝါးလာတယ်
ဘာကိုမှ မမြင်ရတော့ဘူး
ငါ့မျက်နှာကို ငါလိုက်စမ်းတယ်
နင့်မျက်နှာကို တွေ့တယ်
ရေဆာလောင်တယ်
ဘာမှ မဖြစ်သေးဘူး
ခုထိ

၂.၂.၀၈

 

မဆ

Read Full Post »

ပေါင်တံရှည်မိန်းမပုံကပ်ထားတဲ့
ကဖေးဆိုင်ထဲ ပြန်ရောက်သွားတယ်
အဲဒီတုံးက အလင်းရောင်ဟာ
ဒီဘက်ထိ ထိုးကျနေတုံးပဲ
နှစ်တချို့ဟာ
လူဝင်စားအိပ်မက်
လို တချို့အိပ်မက်တွေကို တကယ်ဖြစ်စေချင်ပေမယ့်
တကယ်ဖြစ်ခဲ့တာအားလုံးကို အိပ်မက်ဖြစ်စေချင်လို့
အသက်ရှုရတာခက်ခဲ
အစာရေမျိုရတာခက်ခဲ
လျှောက်လှမ်းရတာခက်ခဲ
စကားလုံးတွေဟာ
ကောက်ရိုးလား၊ ၀ါးလားမသဲကွဲ
သွေးနီဥတွေ ပေါက်ကွဲတဲ့ဝေဒနာကို
မခံနိုင်လို့
ကဖေးဆိုင်
ထဲ တရက်ပြီးတရက်

 

မဆ

Read Full Post »

The days under the night sky
Went on and on.
Suprised to have a chance
To have tea without milk .
Someone says, ‘ There ‘s an accicdent.
Twenty-seven casualities.’
Too bad I ‘m not one of them.
How would it feel
To get RBCs exploded.
It ‘s faster to die
In fresh water than
In seawater.
How would it feel
If one day you cannot open
You bedroom’s door from inside.
Then day after day,
It ‘ll be the same
You won’t be able to open it.
You may wait knocking on it.
So that you can be redeemed.
But it won’t happen.
‘it’ means the situation
In which you get trapped
In your bedroom.
OR
‘it’ does not mean the situation
In which you hear knocking
On your bedroom’s door.
So let’s say
You can walk out
Of you room.
See the sunlight make
Your shadow lay on the pavement.
Tuck morning paper under your arm.
And
Get into the damn cafe
And raise your hands
Toward the fuckin waiter.

21-1-08 11:30PM

Read Full Post »

လေဟာဆက်ပြီးတိုက်နေဆဲ

ဘိလိယက်လောလုံးများလှုပ်ခါသွားသည်အထိ

သူငယ်ချင်းတစ်ယောက်ကမေးလိုက်တယ်

ငါဘယ်ရောက်နေသလဲတဲ့

သူ့ကိုယ်သူမေးတာပါ

ငါရောဘယ်ရောက်နေသလဲ

လေးနာရီကြာစီးဆင်းနေခဲ့သော မြစ်ရေ

လှမ်းထားသော အ၀တ်များတဖြတ်ဖြတ်

ညညစိတ်ကူးများ

ကူးဖြတ်နေခဲ့ရာ

မှေင်မည်းမြစ်ပြင်

တဘက်တချက် မီးရောင်မှိန်များ

wrote after reading Nay Y Y’s comment on my post in openmind (29.6.09)

 

မဆ

Read Full Post »

နန်းဆွမ်က ပြောတယ်
ဒါက ခေါင်ရည်နဲ့မတူဘူးတဲ့
ခေါင်ကျရည်လို့ခေါ်တယ်
ခေါင်ရည်က ထန်းရည်လိုပဲ ရေခဲသေတာနဲ့
သိမ်းမှရတယ်
ခေါင်ကျရည်က အရက်လိုပဲ
ဘယ်လောက်ထားထားခံတယ်တဲ့
အဲဒီညက ခေါင်ကျရည်တစ်လုံးခွဲသောက်ပြီး
ကျွန်တော် မူးသွားပါတယ်
မင်းရဲ့အချစ်တံတိုင်းကြီးနဲ့ကိုယ့်ကို
နန်းဆွမ်ရဲ့မျက်နှာက
ကျွန်တော်နဲ့နီးလာလိုက် ဝေးသွားလိုက်
ဖြစ်နေပါတယ်
ကာရံထားထွက်ခွင့်မပေးပါနဲ့
ဝရံတာဘက်သွားရအောင်
နောင်တုံကန်ကို ဖြတ်တိုက်လာတဲ့လေက
အေးမြနေပါတယ်
နောက်ဘက်က တံခါးကို စေ့ပိတ်လိုက်တဲ့အခါ
အခန်းထဲက ဆူညံသံတွေအားလုံးလျော့ကျသွားပါတယ်
ကလေးသူငယ်များသည် ရောင်းကုန်မဟုတ်ပါ
လမ်းတလျှောက် တွေ့ခဲ့ရတဲ့ စာသားက ခေါင်းထဲဝင်လာတယ်
တားမြစ်တယ်ဆိုမှတော့ လုပ်တဲ့လူရှိလို့ပေါ့
ဗုဓ်ဒကလည်း သူ့ရဲ့ ပညတ်တော် ၂၂၇ပါးကို
ပြသနာတစ်စုံတစ်ရာပေါ်ပေါက်ပြီးမှ နောက်ကလိုက်ပြီး
ပြဌာန်းခဲ့ရတာမဟုတ်လား
နန်းဆွမ်လည်း ကလေးမဟုတ်တော့ပါ
နန်းဆွမ်ဒီကိုဘယ်လိုရောက်လာသလဲ
မေးခွန်းက အပြင်ကိုထွက်မလာပါ
အတွင်းမှာပဲ ငြိမ်ငြိမ်လေးစီးနေပါတယ်
အဖြေရှိရာကို သူ့ဖာသာ ရှာဖွေစီးဆင်းနေတဲ့ပုံပါပဲ
မနက်ဖြန် ကွင်းချိန်းက မနက်၁၁နာရီ
မြေသားတွေပဲ့ကျလို့နီရဲနေတဲ့
လမ်းနံဘေးက ချောင်းရေကို ငေးရင်း
၂ နာရီလောက် အချိန်ဖြုန်းရဦးမယ်
နန်းဆွမ်နက်ဖြန်ခွင့်ရတယ်
သစ်တစ်ပင်တောင်ကို သွားရအောင်
နီရဲနေတဲ့ချောင်းရေဟာ ပြန်ပြီးကြည်လင်သွားတယ်
အင်းလေသွားမယ်
သွားကြမယ်
ဆိုင်မောဝ်ရဲ့ ရှမ်းပဲပုတ်က အခန်းပြင်ထိ ပြန့်လွင့်လာတယ်
အားလုံးဝိုင်းဆိုနေကြပြီ ထင်ရဲ့
လာအခန်းထဲပြန်ဝင်ရအောင်
နန်းဆွမ်ရဲ့ ကျောပြင်ကိုကြည့်ရင်း
တအိအိပဲ့ကျနေတဲ့ ကမ်းပါနံရံတွေကို မြင်ယောင်လာတယ်

 

မဆ

Read Full Post »

မှတ်မှတ်ရရ
အဲဒါ ၁၉၉၈ဖြစ်မယ်
မေခနဲ့ ကျွန်တော် စပြီး အသိအကျွမ်းဖြစ်တာ
ဘယ်ကဘယ်လိုရောက်လာမှန်းမသိတော့တဲ့ ဖုန်းနံပါတ်တစ်ခုကို နှိပ်ကြည့်ရင်းက မေခနဲ့ကျွန်တော်စသိခဲ့တာ
နောက်တော့ အပြင်မှာ လူချင်းတွေ့ဖြစ်တယ်
ညနေဘက်တွေဆို မေခတို့အိမ်ရှိတဲ့
သိမ်တော်ဘက်မှာ လမ်းလျှောက်ရင်း
စကားပြောကြတာပါပဲ
တခါတလေ သံပိုက်လုံးတွေကာထားတဲ့
ကမ်းနားလမ်းမအတိုင်း လျှောက်ဖြစ်ကြတယ်
တခါတုံးကဆို ကမ်းနားလမ်းမအတိုင်း လျှောက်သွားလိုက်တာ ဇေယျာသီရိရပ်တွေဘက်ထိ
ရောက်ကရောပဲ
ကျွန်တော်နဲ့ မေခ ရည်းစားတော့မဖြစ်ပါဘူး
အီစီကလီလုပ်နေတယ်လို့တောင်
ပြောလို့မရဘူး
မေခမှာ အသိရခက်တဲ့
အသွင်ပြင်တစ်မျိုးရှိတယ်
မေခရဲ့ အခြားတစ်ဘက်ကို ကျွန်တော်ထိစမ်းကြည့်လို့ မရဘူး
ဒါဟာ ကျွန်တော်နှစ်ယောက်ကြားမှာ
အဟန့်အတားမဟုတ်ခဲ့ပေမယ့်
စည်းတစ်ခု အလိုလိုဖြစ်နေခဲ့တာတော့ သေချာတယ်
၂၀၀၀-၂၀၀၁လောက်မှာ
မေခနဲ့ ကျွန်တော် ကြည့်မှန်တွေအကြောင်းပြောဖြစ်သေးတယ်
နောင်ဖြစ်လာမယ့် လက်သင့်မခံနိုင်စရာ
အဖြစ်အပျက်တွေနဲ့
ပတ်သက်လားမပတ်သက်ဘူးလားတော့
ကျွန်တော်ခုထိမသိဘူး
ကျွန်တော်လည်း မြို့ကလေးနဲ့
လမ်းခွဲရဖို့ အကြောင်းဖန်လာတာမို့
မေခနဲ့ ဝေးရာကို ရောက်သွားခဲ့တယ်
မြို့တော်ကြီးဆီပြန်ရောက်လာမှ
မြို့ကလေးရဲ့ သတင်းတွေနဲ့အတူ
မေခအကြောင်းတွေ ကျွန်တော်ကြားရတယ်
မေခအိမ်က ကြည့်မှန်တွေကို အ၀တ်နဲ့
အုပ်ထားရတယ်တဲ့
မှန်ထဲမှာ သူ့ပုံရိပ်သူ ပြန်မတွေ့ပဲ
တခြားတစ်ယောက်ရဲ့ ပုံရိပ်ကိုပဲ မြင်မြင်နေရတယ်ဆိုပဲ
မေခတစ်ယောက် မှန်ထဲကို စိုက်ကြည့်ရင်း
သူအပြုစားခံရတယ်လို့
ရေရွတ်နေတတ်တယ်လို့
တစ်ယောက်ယောက်က ကျွန်တော့်ကို
ပြန်ပြောပြခဲ့ပါတယ်

Jorrge Luis Borges ‘s Draped Mirrorsကိုမှီးထားတာဖြစ်ပါတယ်။

 

မဆ

Read Full Post »

ဒီနေ့လည်းမနေ့ကလိုပဲ
လမ်းတွေပေါ်မှာလူတွေ
အိမ်ထဲမှာ အခန်းတွေ
ဝရန်တာမှာမိုးရေစက်တွေ
ပန်းအိုနားမှာ သစ်ရွက်ကြွေတွေ
သံဆူးကြိုးနားမှာ ခွေးလေခွေးလွင့်တွေ
နောက်ပြီး—

 

မဆ

Read Full Post »