ညထဲကိုထွက်လာခဲ့တယ်
ဘာမှမဖြစ်ပဲ ပြန်ခဲ့ရတယ်
လူတစ်ယောက် ပင်လယ်ထဲပစ်ချခံရတယ်
သေပြီးမှပါ
ငါဟာမသေသေးပါဘူး
ဒါပေမယ့် ပင်လယ်ထဲပစ်ချခံချင်တယ်
အေးစက်နက်မှောင်တဲ့ တစိမ်းတရံဆံလောကကို ခဏလောက် လျှောက်ကြည့်ချင်လို့ပါ
ဒီဒီတို့ ပြောတာသတိရတယ်
ဟိုတုံးက ဟိုလိုလုပ်ဖြစ်ခဲ့ရင်ကောင်းမှာ
အခု နင်စိတ်မပါတော့လည်း ကိစတော့မရှိဘူး
တစ်ယောက်ထည်း လုပ်ရတာ ပိုပြီးလွတ်လပ်မယ်
အပြန်အလှန် တာဝန်ယူရတာမျိုးလည်း မရှိတော့ဘူး
နေရောင်ဟာ ပြုတ်ကျပြန့်ကျဲနေတယ်
နင့်မျက်နှာကို ငါကြည့်နေခဲ့တယ်
စိတ်ကူးထဲမှာ
ခု နောက်ထပ်တစ်ခါ
နင် ဆိုတာ နင်တို့အားလုံးကို ပြောတာ
ရထားလမ်းနံဘေးကိုလည်း မသွားဖြစ်တော့ဘူး
ကော်ဖီဥယျာဉ်ထဲလည်း မရောက်ဖြစ်တော့ဘူး
ရေဒီယိုမှာ မုန်တိုင်းသတင်းလာရင် သတိရတဲ့အခါရတယ်
မိုးရေထဲမှာ တခါတလေ ငါမူးသွပ်တယ်
တောင့်တနေတာမျိုးမရှိဘူး
လိုအပ်နေတာ ဒါမှမဟုတ် လစ်ဟာနေတာမျိုးလည်း မရှိဘူး
မဖြစ်နေတော့တာပဲရှိတယ်
လမ်းကြားထဲ မတော်တဆ၀င်လာတဲ့ မီးရထားစက်ခေါင်းနဲ့ တွေ့သွားတာပဲဖြစ်ဖြစ်
သုံးထပ်အထိ တက်လာတဲ့ ဆင်ရိုင်းတစ်အုပ်ပဲဖြစ်ဖြစ်
ရောက်မလာသေးဘူး
ရေဒီယိုမှာ မုန်တိုင်းသတင်းလာနေတယ်
အမြဲပဲ
ငါလူးလိမ့်နေတယ်
တဆတ်ဆတ်ခါနေတယ်
တချက်တချက် တုန်သွားတယ်
မုန်တိုင်းသတင်းတွေဟာ ပိုပြီးသည်းလာတယ်
ပြတင်းမှန်တွေ မှုန်ဝါးလာတယ်
ဘာကိုမှ မမြင်ရတော့ဘူး
ငါ့မျက်နှာကို ငါလိုက်စမ်းတယ်
နင့်မျက်နှာကို တွေ့တယ်
ရေဆာလောင်တယ်
ဘာမှ မဖြစ်သေးဘူး
ခုထိ
၂.၂.၀၈
မဆ
RSS Feed Linkလေး လုပ်ပေးထားပါလား ဆရာ။ အဆင်ပြေတာပေါ့။
ကိုပီတီရေ
ဘလော့လုပ်ခါစမို့
ဘယ်လိုလုပ်ရမှန်းမသိသေးလို့ပါ
လေ့လာပြီးရင် လုပ်ပေးပါမယ်
ဆရာ တဲ့… ဟဲ ဟဲ…