-ငဇော်သေတာ နင့်အမေသွားသေးလား
-သွားမသွားတော့ မသိဘူး၊ ဟိုနေ့က အဲဒီအကြောင်းလာပြောတော့ မျက်စိမျက်နှာတော့ ပျက်နေတာပဲ
-ဒီကောင် ဘာနဲ့သေတာလဲ
-သေမယ်သိနေတာတော့ကြာပြီ၊ အရိုးပေါ်အရေတင်ဖြစ်နေတုံးတော့ သူတခါ သွားကြည့်သေးတယ်
-နင်အဖေရော သိလား
-ဘာကို ပြောတာလဲ၊ အော်-သိတယ်လေ၊ အဲဒီတုံးက အလုပ်သွားလုပ်မယ်ဆိုပြီး ဆယ်ငါ့းရက်၊ ရက်နှစ်ဆယ် ပါသွားသေးတာ
-အဲဒီတော…
-နောက်တော့ သူ့ဟာသူ ပြန်လာတယ်၊ ဘာဖြစ်လို့လဲတော့ မသိဘူး
-နင့်အဖေက ဘာပြောလဲ
-အဖေကတော့ ဘာမှမပြောဘူး၊ ငိုပဲငိုတယ်
မဆ
Leave a Reply