Feeds:
Posts
Comments

Archive for September, 2009

ကျနော့်အဘိုးသေချာခဲ့သလို ကျနော်အခု မသေချာတော့ ကျနော့အဖေ သေချာတယ်ထင်ခဲ့တာတွေ ကျနော်အခု သေချာတယ်မထင်တော့ တခုခုရလိုရငြား မီးသွေးဆိုင်လေး ဖွင့်ချင်တာ ပလက်ဖောင်းမှာ Wild Cat ၊ ရေမြောင်းတွေ ဖော်နေတဲ့ မယက မနက်အိပ်ယာနိုးတုံးက ကမ္ဘာဟာ ကဗျာကို ဂျပ်စမင်တီးနဲ့ မြည်းလို့ တခုခုရလိုရငြား သတင်းစာတွေထဲမှာ ဇာတ်ကောင်အဖြစ် လမ်းဘေးမှာ ကတ္တရာ ကျိုတဲ့ မြို့ကြီး နေပြည်တော် ဒီနေရာက မကောင်းတဲ့လူတွေကျက်စားတဲ့နေရာ ကျမ ပြောပြီးပြီလေ ဒီဈေးနဲ့ မလိုက်နိုင်ဘူး ဘယ်ရောက်သွားကြသလဲ မီးသွေးဆိုင်လေး ဟုတ်တယ်၊ စာကြောင်းတွေ အခုမရှိတော့

မှတ်ချက်။ ။ တောကျောင်းဘလောက်မှာ ရေးသွားတဲ့ comment ဖြစ်ပါတယ်

 

နေ၀ိုင်ဝိုင်

 

 

Advertisements

Read Full Post »

No Comment

Start to feel fear

As I ride a  rollercoaster.

Watching a Thai movie about King Bayintnaung,

I came to think

‘Life would have been better before guns were invented.’

Read Full Post »

တခုခုရလိုရ

တခုခုရလိုရငြား အပြင်ကို ထွက်ခဲ့တယ်

`တခုခု`ကို မကြိုက်ဘူး

`အပြင်`ကိုလည်း ချဲ့မယ်ဆိုရင် အများကြီးပဲ

Abbreviation တွေလို ကိုယ်သိတာကိုယ်ယူကြ (ဥပမာ – မယက)

ပလက်ဖောင်းမှာ Wild Cat ၊ Hardcores 16-in-1 တွေရောင်းနေတယ်/တာပဲတွေ့တယ်

ကဲ၊ အခု ကွန်ပျူတာက ရွေးပေးတဲ့ နာမည်ဘယ်လိုနေလဲ

တခုခုရလိုရ

တခုခုရလိုရငြား အပြင်ကို ထွက်ခဲ့တယ်

`တခုခု`ကို မကြိုက်ဘူး

`အပြင်`ကိုလည်း ချဲ့မယ်ဆိုရင် အများကြီးပဲ

Abbreviation တွေလို ကိုယ်သိတာကိုယ်ယူကြ (ဥပမာ – မယက)

ပလက်ဖောင်းမှာ Wild Cat ၊ Hardcores 16-in-1 တွေရောင်းနေတယ်/တာပဲတွေ့တယ်

မနက်အိပ်ယာနိုးတုံးက စာကြောင်းတွေ

ဒါကို ကျမ ပြောပြီးပြီလေ

အပတ်စဉ်ထုတ် သတင်းစာတွေထဲမှာ

ကျမကို ဇာတ်ကောင်အဖြစ် ထည့်ရိုက်တဲ့ ရုပ်ရှင်ထဲမှာ

ဟုတ်တယ်၊ အရင်းအနှီးလေးရရင် မီးသွေးဆိုင်လေး ဖွင့်ချင်တာ

ရေမြောင်းတွေ ဖော်နေတဲ့ မြို့ကြီး

ကတ္တရာ ကျိုတဲ့ မြို့ကြီး

ပိုင်းရိတ်ဆော့ဖ်ဝဲများ ဆိုင်ကြီးကနားကြီးများတွင်

ပိုင်းရိတ်အော့ဖ်ကာရေဘီယံနေပြည်တော်တွင်

ပိုင်းရိတ်အော့ဖ်ကာရေဘီယံ အမှတ် (၁) ၊ ကမ္ဘာအေးဘုရားလမ်းတွင်

ဆင်းမယ်၊ ဆင်းမယ်

ဒီဈေးနဲ့ မလိုက်နိုင်ဘူး

ညီလေး၊ ကိုယ့်ကို ကင်းပေါက်မယ့်သူနဲ့ ထည့်ပေးကွာ

၂၀၀၃+၂

၂၀၀၅+၂

၂၀၀၇+၂

ကမ္ဘာဟာ ကဗျာကို ဂျပ်စမင်တီးနဲ့ မြည်းလို့

ကျနော့်အဘိုးသေချာခဲ့သလို ကျနော်အခု မသေချာတော့

ကျနော့အဖေ သေချာတယ်ထင်ခဲ့တာတွေ ကျနော်အခု သေချာတယ်မထင်တော့

ဒီနေရာက မကောင်းတဲ့လူတွေကျက်စားတဲ့နေရာ

လမ်းဘေးမှာ တပိုတပါးသွားလေ့ရှိကြတဲ့နေရာ

ဒီနေရာကလူတွေ အခုမရှိတော့

သူတို့ဘယ်ရောက်သွားကြသလဲ ဘယ်သူဆိုဘယ်သူမှ မသိတော့

 

မဆ

Read Full Post »

မောင်ဘ

တစ်ခါတုန်းက မြို့တစ်မြို့မှာ မောင်ဘဆိုတဲ့လူငယ်တစ်ယောက်ရှိတယ်။ သူ့မှာ မိဘနှစ်ပါးနဲ့ ညီအစ်ကိုမောင်နှမသုံးယောက် ရှိတယ်၊ မောင်ဘငယ်ငယ်တုန်းက သူ့အိမ်မှာရှိတဲ့ လှေကားထစ် အမြင့်ကြီးကနေ ပြုတ်ကျဖူးတယ်။ သေကံမရောက် အသက်မပျောက် မောင်ဘဟာ စတုတ္ထတန်းကို အောင်မြင်ဖို့ အတော်လေး ကြိုးစားခဲ့ရရှာတယ်။ မောင်ဘဟာ ပန်းချီဆွဲခြင်း အနုပညာကိုလည်း အလွန်ဝါသနာပါသူ ဖြစ်တယ်။ တစ်နေ့မှာ ပန်းချီဆရာကြီး ဖြစ်ရမယ်လို့ စိတ်ကူးယဉ်မျှော်လင့်ခဲ့တယ်။ တစ်နေ့မှာ မောင်ဘဟာ မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့တယ်။ တစ်နေ့ကျတော့ မောင်ဘဟာ အသည်းကွဲရရှာတယ်။ မောင်ဘဟာ သူနဲ့သင့်တော်မယ်ထင်တဲ့ အလုပ်တစ်ခု ရွေးချယ်လုပ်ကိုင်လျက်ရှိတယ်။ မောင်ဘဟာ အိမ်ထောင်ယူဖို့တော့ စိတ်ကူးမရှိသေးပါဘူး။ မောင်ဘဟာ ငိုတယ်။ မောင်ဘဟာ ရယ်တယ်။ မောင်ဘဟာ အောင်မြင်တယ်။ မောင်ဘဟာ ကျရှူံးတယ်။ မကြာမီမှာ မောင်ဘအကြောင်း အရေးအသားကို ကျွန်တော်အဆုံးသတ်တော့မည်ကို မောင်ဘမသိ၊ ရှေ့ဆက်ဘာတွေဖြစ်ဦးမလဲ မောင်ဘတွေးနေတယ်။

(တီဗီဖန်သားပြင်ကြီးဖွင့်လျက် – မောင်ယုပိုင်၊ ၂၀၀၉)

Read Full Post »

How is life there?

How is life there? I met with …….  a few months ago. But she is busy and I am busy too (for both, day time). So we did not happen to meet anymore.
Here is no MM. I like to talk in MM or do sth. I really miss the coffee shop.
For some reason, I can’t find free time here. There are always sth to do.. sth pushing me… living under pressure is not good… At first, I thought I might able to find an average life with average pressure. But here is like ‘take it all or get nothing’ life style.
I think this school level is high and I am depressed for most of the time. I want to sit in TeaHouse and think sth…

Hay Hay.. by the way, in one down town shopping center (in this town), I saw a seat which is exactly like the one in ‘Moon and Bakery’. You know, at the window side. Tall seat made of plastic but not arm rest or back to lean on. I really remember MM when I saw it.. I was crazy..

Read Full Post »