Feeds:
Posts
Comments

Archive for November, 2009

မြိတ် ၁၁၀၉

ဂုဏ်မှာ `တောင်သမန်သစ္စာ`ရုံတင်ဆဲ
ဇီဝဇိုးတွေကို ဒီဗွီဒီစက်နဲ့ခေါ်ပြီး ငှက်သိုက်ထုတ်ကြတယ်
တစ်ကျွန်းလုံးပတ်မယ့် ကမ်းနားလမ်းလည်းမပီးသေး
ကဏန်းအရေခွံလဲတာ စောင့်ရတဲ့ ကောင်မလေးရဲ့ အိပ်မက်တွေလည်းမပီးသေး
ကန်ဖျားတဲ့ကန်ချောင်းတဲ့
ဒေါင်းပုံသဏ္ဍာန်ရှိခဲ့ဖူးတယ်တဲ့
နာရေးမကူရရင်သာရေးကူမယ်တဲ့
မုန့်ဟင်းခါးရောင်းတဲ့
ဖရီးဒမ်းဆိုတဲ့လက်ဘက်ရည်ဆိုင်ရှိတယ်
ကပ်ကြေးကိုက်မရောင်းတဲ့
ဂျီနိုင်ဒူး၊ဂျီအာပရောင်းဆိုတဲ့လက်ဘက်ရည်ဆိုင်တွေရှိတယ်
ဆိုင်ကယ်တက္ကစီခက
ရန်ကုန်ဘတ်စ်ကားခသာသာပဲရှိတယ်
ညဘက်ဆို
မြစ်ထဲ ကင်းမွန်ဖမ်းတဲ့လှေတွေရဲ့ မီးလုံးတွေလင်းလို့
စမ်းချောင်းဘက်မှာ ဓနိရည်ဆိုင်ထိုင်ရင်း
sex with child is illegal ပိုစတာစာသားကို သတိရမိရဲ့

 

မဆ

Advertisements

Read Full Post »

ငှက်ပျောသီးဝါ၀ါဟာ မိုးရေထဲမှာ ပိုပြီးဝါလာတယ်

အမေပျော်တယ် ငှက်ပျောသီးတို့ရေ

ငှက်ပျောသီးတွင်ပါဝင်သော အာဟာရဓာတ်များ

ရထားလမ်းတလျှောက် လက်ပြကျန်ရစ်

တနေ့နေ့တော့ မှည့်၍လာလိမ့်မည်ပေါ့

ဗီတာမင်စီ……….ရာနှုန်း

ကစီဓာတ်……..ရာနှုန်း

ငှက်ပျော်သီးတွေ စောင့်နေခဲ့တာ

လက်မနဲ့လက်ညိုးတွေ

စေးထန်းတဲ့

ညနေခင်းထဲ

အခွံမပါတဲ့ငှက်ပျောသီးတွေ

အ၀ါရောင်ကင်းမဲ့လို့

အိပ်ကပ်ထဲက ငှက်ပျောသီးတွေ

ထုတ်ယူတင်ဆက်လိုက်တဲ့အခါ

နောက်ခြေထောက်ပေါ် မတ်မတ်ရပ်လို့

ပွဲကြည့်သူများ

ငှက်ပျောသီးတစွန်းတစ

လွင့်ပါသွားတာ

ဝမ်းနည်းစရာကောင်းတာက

ငှက်ပျောသီးရဲ့ သင်္ကေတ

ပြီးတော့

၎င်းကိုယ်တိုင်ရဲ့အရိပ်ပေါ့…

၂၀၀၆

 

မဆ

Read Full Post »

အကြော်ဒယ်အိုးထဲဆီတွေပွက်ပွက်ဆူလို့အကြော်တွေဆီပူထဲဟိုပြေး
ဒီပြေးဈေးလမ်းထဲလျှောက်ရင်းမိုးရွာပြီးစစိန်ပန်းပင်ကိုမြင်ရတယ်
အိပ်မပျော်တဲ့ညတွေလမ်းဘက်ထွက်ဘူတာမှာ
နာရီပေါင်းများစွာဒီလိုပဲကားမှတ်တိုင်မှာလွင့်ချင်တဲ့စိတ်ကရီဝေချင်တဲ့
စိတ်က……….ငိုချ……….မိုးရွာပြီးစိန်းပန်းပင်ကျူရှင်ကပြန်လာ
တဲ့ကလေးတွေဖိနပ်တဖက်ပြတ်သွားတဲ့ကလေး
နားကျန်တဲ့ကလေးတွေဝိုင်းအုံနေကြဂိတ်တံခါးကိုသူတို့ပိတ်လိုက်ပြီဆို
လိုတာက…အဆိပ်ပဲတကယ်အဆိပ်ပဲမြစ်ကမ်းမှာလှေတစ်စင်းလှေဆိပ်
တံတားမှာမိုးရွာလာတယ်ပိတ်မိပြီစိတ်ထဲမှာဓားတစ်လက်ကိုမြင်နေတယ်
မျက်နှာတွေအပြည့်ကပ်ထားတဲ့မှန်ချပ်တွေဘာလဲ……………
ဒီလိုပဲ

 

မဆ

Read Full Post »