ဂုဏ်မှာ `တောင်သမန်သစ္စာ`ရုံတင်ဆဲ
ဇီဝဇိုးတွေကို ဒီဗွီဒီစက်နဲ့ခေါ်ပြီး ငှက်သိုက်ထုတ်ကြတယ်
တစ်ကျွန်းလုံးပတ်မယ့် ကမ်းနားလမ်းလည်းမပီးသေး
ကဏန်းအရေခွံလဲတာ စောင့်ရတဲ့ ကောင်မလေးရဲ့ အိပ်မက်တွေလည်းမပီးသေး
ကန်ဖျားတဲ့ကန်ချောင်းတဲ့
ဒေါင်းပုံသဏ္ဍာန်ရှိခဲ့ဖူးတယ်တဲ့
နာရေးမကူရရင်သာရေးကူမယ်တဲ့
မုန့်ဟင်းခါးရောင်းတဲ့
ဖရီးဒမ်းဆိုတဲ့လက်ဘက်ရည်ဆိုင်ရှိတယ်
ကပ်ကြေးကိုက်မရောင်းတဲ့
ဂျီနိုင်ဒူး၊ဂျီအာပရောင်းဆိုတဲ့လက်ဘက်ရည်ဆိုင်တွေရှိတယ်
ဆိုင်ကယ်တက္ကစီခက
ရန်ကုန်ဘတ်စ်ကားခသာသာပဲရှိတယ်
ညဘက်ဆို
မြစ်ထဲ ကင်းမွန်ဖမ်းတဲ့လှေတွေရဲ့ မီးလုံးတွေလင်းလို့
စမ်းချောင်းဘက်မှာ ဓနိရည်ဆိုင်ထိုင်ရင်း
sex with child is illegal ပိုစတာစာသားကို သတိရမိရဲ့
မဆ
မောင်မြိတ်သားလေးရေ တစ်ခါတစ်လေ ကဗျာဆိုတာ ပုဂ္ဂလိက ခံစားချက်ကို ဦးတည်တာဆိုတော့ အခုလို အင်ဖော်မေးရှင်း အေ့ဂ် မှာ အဆင်ပြေတာပေါ့။ မဖက်ချင်လည်းရတယ်။ မပြောချင်လည်းရတယ်။ ဆရာတို့ကဗျာသမားတွေ အဆင်ပြေမယ်ဆိုရင် ဒိုးတူဒိုး ကဗျာတွေ ရေးစေချင်တယ်ဗျာ။ အဆင်မပြေရင်တော့ ထားပါ။ အနော်က တော့ ကဗျာသမားလည်း မလုပ်ချင်ဘူး။ လုပ်ချင်တာတွေလည်း လုပ်မရဘူး ဖြစ်နေတယ်။ အဲဒါကိုက ကဗျာသမားနဲ့တူချင်တူနေတာ။ ခင်ဗျားအဆင် ပြေပါလေစ။
http://www.theatlantic.com/doc/200909/poem-grave