Feeds:
Posts
Comments

Archive for December, 2009

အကြောက်တရား

မူလတန်းမှာ

ရိုလာကိုစတာ စီးကြည့်ရာက

အကြောက်တရားကို စတင်ခံစားမိခဲ့

အထက်တန်းမှာ

လက်ကောက်ဝတ်ကို သွပ်ပြားရှရာက

အကြောက်တရားကို စတင်နားလည်စပြု

ကျောင်းပြီးတော့

တံတားအောက်က မြစ်ရေတွေ ငုံကြည့်ရင်း

အကြောက်တရားအကြောင်း သိပြီထင်လာ

သက်တမ်းထက်ဝက်အကျိုးမှာ

ညဘက်လမ်းထဲဝင်လာတဲ့ကားသံ

ဘယ်နားမှာရပ်သွားလဲ နားစွင့်

အကြောက်တရားဆိုတာ

ငါ…

 

 

မဆ

Advertisements

Read Full Post »

မြစ်ဝါမြစ်၏ အထက်နှင့်အောက်ဝယ်
People’s Republic of China, Mao Zedong’s regime (1949-1975): 40 000 000
စီးဆင်းနေသော ရေအယဉ်ကို သင်မြင်ရမည်မဟုတ်
Rural purges, 1946-49: 2-5Million deaths
တောင်တန်းတို့သည် ကနေသော ငွေမြွေများပင်
Urban purges, 1950-57: 1Millions
တောင်ကမူ ကလေးတို့ကား
Cultural Revolution; abbreviated in Chinese as 文化大革命 or 文革)
လွင်ပြင်ဝယ် ၀င်းပသော ဆင်များပင်
Cultural Revolution: 2-7Millions
ငါတို့ရောက်နေသော နေရာနှင့် မိုးကောင်းကင်ကို
Labor Camps: 20Millons
နှိုင်းယဉ်ကြည့်ချင်နေသည်
Tibet: 0.6-1.2 Millons
ကြည်လင်ကင်းစင်နေသည့်အခါဝယ်
TOTAL: 44.5 to 72 Millons
မြေအပြင်ကား ချစ်စဖွယ်ပင်
မျက်နှာနီကာ အပျိုမကလေး ၀တ်ရုံဖြူကို
Great Leap Forward: 20-43Millions
ဝတ်ထားသည့်အလား
Mao worked as an assistant librarian at the University
ဤတောင်နှင့် မြစ်တို့ကား၊ ချစ်ဖွယ်ရာပင်တကား

 

မဆ

Read Full Post »

အရောင်တောက်တောက် စွပ်ကျယ်ဝတ်ထားတဲ့ ဒီခပ်၀၀လူပဲ

ပိုက်ဆံကြေး ဖဲကစားလို့

ပြတင်းပေါက်ဘေးက ဒီစားပွဲမှာပဲ

ဂျင်းဂျာကင်နဲ့ ဒီကောင်မလေးပဲ

ရှပ်အင်္ကျိက ဆွယ်တာအပြင်ထွက်နေတဲ့

မျက်နှာနီနီလူရဲ့ နောက်ကျောကို ပုတ်လို့

ဒီ အသားညိုညိုလူပဲ

ဝိုင်းထဲဝင်လာ

အရင်တခါလိုပဲ ဒေါသတွေကြီးလို့

အခုပဲ ဖဲချပ်တွေ အော်ဟစ် ပစ်ချတော့မယ့်ပုံနဲ့

သံဇကာ ဂိတ်တံခါးကို ဆွဲဖွင့်လိုက်တဲ့အခါ

နေ့လယ်စာ ကြက်တောင်ပံဟင်း ကျွေးတဲ့အခါ

နေ့တိုင်းဝင်လာတာ

ဒီလူအုပ်ပဲ

ငါလည်းဒီမှာ

အေးမက်စ်က လာတဲ့ ဖိနပ်ကို စီးလို့

ပန်းရောင်သားမွေးကုတ်နဲ့

မျက်နှာလိမ်းကရင်မ်၊ သွားတိုက်ဆေး၊

အားဆေးပုလင်း၊ ကာဘွန်စက္ကူ

အကြွေစေ့တွေထဲ့ထားတဲ့ ပလတ်စတစ်အိတ်၊  ကြိုက်တာယူ တစ်ဆယ်ဆိုင်က

ဝယ်လာတဲ့မျက်မှန်တွေ ထည့်ထားတဲ့

ဖဲပြားတပ် အိတ်ကို ကိုင်လို့

ငါကဗျာတွေနဲ့ ငါ့စာအုပ်တွေတော့

စားပွဲအောက်က ငှားလာတဲ့ ခရီးဆောင်သေတ္တာထဲမှာ

ကဖင်းမပါတဲ့ ကော်ဖီတခွက်နဲ့

ငါဒီမှာ ထိုင်လို့

သူတို့ ဖဲကစားတာကို ကြည့်နေတယ်

ငါဟာ အိမ်ခြေယာမဲ့

ငါဘယ်သူလဲဆိုတာ ငါမေ့ခဲ

ပြီးတော့ ဒီကိုမလာခင် ငါဘယ်မှာရှိခဲ့သလဲဆိုတာရော

နှစ်နာရီလုံးလုံး ငါဟာ

သူတို့ရဲ့ အာဗန်းဂတ် ဇာတ်လမ်းထဲမှာ

ဘက်ကက်ကို ဘေးချလို့

ငါဟာ တည်နေရာမဲ့နေခဲ့

ဘရန်ဒွန်က ငါ့အိမ်ဆီ ပြန်ပို့မယ့်

အဖြူအစိမ်း ဗားမောင့်ထရန်စစ် ဘတ်စ်ကားကြီး

ဝင်လာတာ

ပြတင်းပေါက်က မြင်ရတဲ့ထိ

Ruth Sonte’s In The Next Galaxy မှ

Read Full Post »

ရှည်လျားပြီး စွေစောင်းနေတဲ့အလင်း ငါ့ရဲ့အရှေ့မြောက်အရပ်ကို ဖြီးသင်လို့  နောက်ကို ကြည့်ဖို့ မေ့နေတဲ့ အခါမှာ နားထဲထည့်ထားတာဘာလဲ ဆန်သော လွတ်ကျထွက်ခွာဆိပ်ကမ်းမှာ ကန်းနေတဲ့ငါဟာ သင်္ဘောတစ်စီးပေါ်မှာ တစ်သက်လုံး စန္ဒယားတီးသွားတဲ့ ၁၈၆၀ နဲ့တွေ့ရမှာနံနက်ခင်းအခိုးအငွေ့များ မစင်ကြယ်ခင် သေသေကြေကြေလူအဖြစ်မှာ ငါဟာရေထဲကို ခြေတစ်ဘက်ပဲရှိတဲ့ စင်ရောက်ကို ပြန်ပြီးရောက်သွား ဘုန်းကြီးလမ်းဘုန်းကြီးစားသောက်ဆိုင်ရဲ့လှေကားထစ်ပေါ်ကနေ ဖရဲသီးစိတ်များမှာ အစိမ်းရောင်ဆံပင် ယူငင်မှုရေခဲမုန့်ထုတ်လုပ်ခြင်း စီးကရက်အဖြူရောင်နောက်လိုက်သွား ၄၇ကား ပြေးခဲ့တယ် အမှတ်မှားတာလဲဖြစ်ချင်ဖြစ်မှာပေါ့တစ်ယောက်အကြောင်းပဲအစိမ်းရောင်နှုတ်ခမ်းပြင် မသေမချင်းမှတ်ထား လုပ်ဇာတ်ဖြစ်တယ် လှန်ချလိုက်တော့လှတယ်သိမ်းတယ် ဒီတစ်ခုပဲစိတ်ထဲရှိခဲ့တာ ရထားစီးဖို့အပြင် သေခြင်းရှိတယ်ချိတ်ဆက်ထားမှုအပေါ်မှာ အုပ်မိုးလို့ ဖြန့်ထားတဲ့ ခွေခေါက်ငြင်းဆိုပြီး အနောက်ဘက်မှာ တက်လာတဲ့အခါ ဘယ်လဲအခုအရွယ်မတူပေမယ့်မိတ်ဆွေတွေပဲဆို ဦးဇိနဘုရားလမ်းမှာ ပတ်သက်စရာတွေ လိုက်လာ ပြေးခဲ့ ခြေထောက်မပါဘဲ အစောကြီးပြေးခဲ့ထပ်ဖြစ်ဦးမလား ထပ်မဖြစ်တော့ဘူးလား ခေါက်တုံ့ခေါက်ပြန်ခုမှဘယ်လိုဖြစ်တာလဲ မဟုတ်အရှိန်ကို လျှော့ရမှာ ဘယ်လက်သန်သူ ပြောက်ကျားတိတ်ဆိတ် တစ်ချက်တစ်ချက် ထိုးကျနေတာ ငုံ့မကြည့်ရဲဘူးမဟုတ်လား မေးကြည့်စမ်းပါ မေးစေ့ကို ကြည့်ရင်း အခွံကို ခွာရဲပါ့မလား မင်းသာမရှိရင် ဖြေမှာဒီလိုလား ပြောင်းကြည့်တယ် ပြန်ဆုတ်လာတာ ယူစရာရှိလို့လာတာ ညကြီးတစ်ခု အရှိန်ပြင်းပြင်းလျှောက်သွား ကျောက်တုံးတွေ နောက်က တိတ်ပြီးလိုက်ကြတာ မသိလိုက်မသိဘာသာ စိတ်ထဲမှာကလည်း စိမ်းနေလို့ ဘေးကပ်ချထားတာ အသားမရှိ တော့ဘူး နီရဲချွဲပြစ်နံ တွေ့လား မြောက်ချလိုက် ကွင်းထဲပတ်ရှည်ထည့် တြိဂံပုံ ယောင်ပြီးကြည့်နေတော့ အရိုးချည်းသက်သက်သာ လွတ်ပျံ့နေခဲ့ မီးခိုးတွင်းထဲ အတင်းပဲ အောက်နေရတာ ရင်ပတ်ကို ဖြည်ထားတဲ့ ကြိုးတွေ ညှီဆွဲထား ဆတ်ခနဲ တောင့်တင်းပြီး မလျှော့ပေးဘဲ အသံတိမ်လက်သည်းထဲ သဲတွေစိမ့်ပျံ ခုန်ရတာ ဘာလိုနေလဲ နောက်ဆုံးရပ်လိုက်ဖို့

(၂၀၀၅)

 

မဆ

Read Full Post »

Non-Reactive

I only jerk off these days

The rain doesn’t stop

I see weary faces in the rain

Will Baca play 4-2-4?

I bought Zozam’s “How to draw Caricature”

And practiced it

A letter with a yellow envelop

Coffee with cinnamon

Stop lying and

Die!

I don’t think it’s a good idea

I miss you & I wanna fuck you the whole night

It still rains when I come out & call a cab

The lamppost’s light is on

Early in the evening

The title is ‘Non-Reactive’

Read Full Post »

စစ်မဖြစ်ခင်က ကျွန်တော့်အလုပ်က အဆင်ပြေပါတယ်

စစ်ကြီးဖြစ်တဲ့အခါ တင့်ကားတပ်မှာ ကျွန်တော် တာဝန်ထမ်းတယ်

ဒဏ်ရာရပြီးတော့ ဆေးတပ်ထဲဝင်ပြီး တာဝန်ယူတယ်

ဒဏ်ရာရထားလို့ လက်က သိပ်မသန်ဘူး

ရပါတယ် ကိစ္စမရှိပါဘူး

ကျွန်တော့်ကိုယ်ကျွန်တော်ထိန်းနိုင်ပါတယ်

တနည်းနည်းနဲ့တော ကျွန်တော်တို့ ဘ၀ကို ရှင်သန်အောင် ကြိုးစားနိုင်တယ်  ကလေးမရှိတာကတော့ ခြောက်သွေ့လွန်းလှတယ်

အခု ကျွန်တော့်အသက် ၄၂နှစ် ရှိပါပြီ

သမီးလေးက လိမ္မာတယ်၊ ချစ်ဖို့လည်း ကောင်းတယ်

သမီးလေးရလာတော့ ကျွန်တော့်မိန်းမလည်း ပျော်လာတယ်

ဘ၀ဟာ အဓိပ္ပါယ်ရှိလာပါတယ်

ဒုတိယကမ္ဘာစစ်မှာ မိဘနှစ်ပါးအသတ်ခံခဲ့ရတဲ့ ကလေးမတစ်ယောက်ကို မွေးစားလိုက်တဲ့ ရုရှားအရာရှိ တစ်ယောက်ရဲ့ စကား ဖြစ်ပါတယ်။

From Ilya Irenberg’s Memoirs

 

မဆ

Read Full Post »

အပိုင်းအစ

အတိတ်က အဖြစ်အပျက်တွေကို ပြန်တွေးကြတယ်

အတိတ်က အတွေးတွေကော ပြန်တွေးကြသလား

ဒီခရီးဟာ သူ့ဘ၀ကို ဘယ်လိုပြောင်းလဲစေမယ်ဆိုတာ

သိရင်

သူလှည့်ပြန်ဖြစ်မှာပဲ

တခါးကို မြန်မြန်ပိတ်လိုက်တယ်

ဒါပေမယ့်

လွတ်တဲ့နေရာက တိုးဝင်နေတုံးပဲ

တိမ်တွေထက်မြင့်နေတဲ့လမ်း

အခန်းက တို့၂ယောက်အတွက် မကြီးလွန်းဘူးလား

 

 

 

မဆ

Read Full Post »

Older Posts »