စစ်မဖြစ်ခင်က ကျွန်တော့်အလုပ်က အဆင်ပြေပါတယ်
စစ်ကြီးဖြစ်တဲ့အခါ တင့်ကားတပ်မှာ ကျွန်တော် တာဝန်ထမ်းတယ်
ဒဏ်ရာရပြီးတော့ ဆေးတပ်ထဲဝင်ပြီး တာဝန်ယူတယ်
ဒဏ်ရာရထားလို့ လက်က သိပ်မသန်ဘူး
ရပါတယ် ကိစ္စမရှိပါဘူး
ကျွန်တော့်ကိုယ်ကျွန်တော်ထိန်းနိုင်ပါတယ်
တနည်းနည်းနဲ့တော ကျွန်တော်တို့ ဘ၀ကို ရှင်သန်အောင် ကြိုးစားနိုင်တယ် ကလေးမရှိတာကတော့ ခြောက်သွေ့လွန်းလှတယ်
အခု ကျွန်တော့်အသက် ၄၂နှစ် ရှိပါပြီ
သမီးလေးက လိမ္မာတယ်၊ ချစ်ဖို့လည်း ကောင်းတယ်
သမီးလေးရလာတော့ ကျွန်တော့်မိန်းမလည်း ပျော်လာတယ်
ဘ၀ဟာ အဓိပ္ပါယ်ရှိလာပါတယ်
ဒုတိယကမ္ဘာစစ်မှာ မိဘနှစ်ပါးအသတ်ခံခဲ့ရတဲ့ ကလေးမတစ်ယောက်ကို မွေးစားလိုက်တဲ့ ရုရှားအရာရှိ တစ်ယောက်ရဲ့ စကား ဖြစ်ပါတယ်။
From Ilya Irenberg’s Memoirs
မဆ
Leave a Reply