ရှည်လျားပြီး စွေစောင်းနေတဲ့အလင်း ငါ့ရဲ့အရှေ့မြောက်အရပ်ကို ဖြီးသင်လို့ နောက်ကို ကြည့်ဖို့ မေ့နေတဲ့ အခါမှာ နားထဲထည့်ထားတာဘာလဲ ဆန်သော လွတ်ကျထွက်ခွာဆိပ်ကမ်းမှာ ကန်းနေတဲ့ငါဟာ သင်္ဘောတစ်စီးပေါ်မှာ တစ်သက်လုံး စန္ဒယားတီးသွားတဲ့ ၁၈၆၀ နဲ့တွေ့ရမှာနံနက်ခင်းအခိုးအငွေ့များ မစင်ကြယ်ခင် သေသေကြေကြေလူအဖြစ်မှာ ငါဟာရေထဲကို ခြေတစ်ဘက်ပဲရှိတဲ့ စင်ရောက်ကို ပြန်ပြီးရောက်သွား ဘုန်းကြီးလမ်းဘုန်းကြီးစားသောက်ဆိုင်ရဲ့လှေကားထစ်ပေါ်ကနေ ဖရဲသီးစိတ်များမှာ အစိမ်းရောင်ဆံပင် ယူငင်မှုရေခဲမုန့်ထုတ်လုပ်ခြင်း စီးကရက်အဖြူရောင်နောက်လိုက်သွား ၄၇ကား ပြေးခဲ့တယ် အမှတ်မှားတာလဲဖြစ်ချင်ဖြစ်မှာပေါ့တစ်ယောက်အကြောင်းပဲအစိမ်းရောင်နှုတ်ခမ်းပြင် မသေမချင်းမှတ်ထား လုပ်ဇာတ်ဖြစ်တယ် လှန်ချလိုက်တော့လှတယ်သိမ်းတယ် ဒီတစ်ခုပဲစိတ်ထဲရှိခဲ့တာ ရထားစီးဖို့အပြင် သေခြင်းရှိတယ်ချိတ်ဆက်ထားမှုအပေါ်မှာ အုပ်မိုးလို့ ဖြန့်ထားတဲ့ ခွေခေါက်ငြင်းဆိုပြီး အနောက်ဘက်မှာ တက်လာတဲ့အခါ ဘယ်လဲအခုအရွယ်မတူပေမယ့်မိတ်ဆွေတွေပဲဆို ဦးဇိနဘုရားလမ်းမှာ ပတ်သက်စရာတွေ လိုက်လာ ပြေးခဲ့ ခြေထောက်မပါဘဲ အစောကြီးပြေးခဲ့ထပ်ဖြစ်ဦးမလား ထပ်မဖြစ်တော့ဘူးလား ခေါက်တုံ့ခေါက်ပြန်ခုမှဘယ်လိုဖြစ်တာလဲ မဟုတ်အရှိန်ကို လျှော့ရမှာ ဘယ်လက်သန်သူ ပြောက်ကျားတိတ်ဆိတ် တစ်ချက်တစ်ချက် ထိုးကျနေတာ ငုံ့မကြည့်ရဲဘူးမဟုတ်လား မေးကြည့်စမ်းပါ မေးစေ့ကို ကြည့်ရင်း အခွံကို ခွာရဲပါ့မလား မင်းသာမရှိရင် ဖြေမှာဒီလိုလား ပြောင်းကြည့်တယ် ပြန်ဆုတ်လာတာ ယူစရာရှိလို့လာတာ ညကြီးတစ်ခု အရှိန်ပြင်းပြင်းလျှောက်သွား ကျောက်တုံးတွေ နောက်က တိတ်ပြီးလိုက်ကြတာ မသိလိုက်မသိဘာသာ စိတ်ထဲမှာကလည်း စိမ်းနေလို့ ဘေးကပ်ချထားတာ အသားမရှိ တော့ဘူး နီရဲချွဲပြစ်နံ တွေ့လား မြောက်ချလိုက် ကွင်းထဲပတ်ရှည်ထည့် တြိဂံပုံ ယောင်ပြီးကြည့်နေတော့ အရိုးချည်းသက်သက်သာ လွတ်ပျံ့နေခဲ့ မီးခိုးတွင်းထဲ အတင်းပဲ အောက်နေရတာ ရင်ပတ်ကို ဖြည်ထားတဲ့ ကြိုးတွေ ညှီဆွဲထား ဆတ်ခနဲ တောင့်တင်းပြီး မလျှော့ပေးဘဲ အသံတိမ်လက်သည်းထဲ သဲတွေစိမ့်ပျံ ခုန်ရတာ ဘာလိုနေလဲ နောက်ဆုံးရပ်လိုက်ဖို့
(၂၀၀၅)
မဆ
Leave a Reply