လေတိုက်တယ်
ဆံပင်တွေ ရှည်လိုက်ညှပ်လိုက်
နေအထွက်ခင် အိမ်ပြန်ခဲ့တယ်
ဆံပင်တွေ ရှည်လိုက်ညှပ်လိုက်
မဆ
Posted in Poem on January 27, 2010| Leave a Comment »
လေတိုက်တယ်
ဆံပင်တွေ ရှည်လိုက်ညှပ်လိုက်
နေအထွက်ခင် အိမ်ပြန်ခဲ့တယ်
ဆံပင်တွေ ရှည်လိုက်ညှပ်လိုက်
မဆ
Posted in Poem on January 22, 2010| Leave a Comment »
မနက်စောစော လမ်းလျှောက်ခြင်းကို
သင်ယုံကြည်သလားလို့ ပြတင်းပေါက်က မေးလိုက်တယ်
တွေဝေစိတ်နဲ့ လှည့်ကြည့်လိုက်တော့
ကြည်လင်တဲ့ မှန် ၆ချပ်ကိုဖြတ်ပြီး တိမ်ညိုတွေဟာ
ချိန်းထားသူရှိနေသလို သွားနေတာ တွေ့လိုက်ရတယ် …
သင်ဟာ အကြင်နာကို တောင့်တနေသလားလို့
ခေါင်မိုးက မေးလိုက်တယ်
စိတ်က ခေါင်မိုးဆီ ရောက်သွားတော့ ခေါင်မိုးပေါ်
မိုးတဖြောက်ဖြောက် ကျနေသံ ကြားလိုက်ရတယ် …
တကယ်တော့ … ကျွန်တော်ဟာ…
အိပ်ရာတစ်ခုပေါ် အိပ်နေတာမဟုတ်ပဲ
ရုံးခန်းတခုရဲ့ စားပွဲပေါ်မှာ အိပ်နေတာပါ..
ခင်ဝမ်း
Posted in Prose on January 12, 2010| 5 Comments »
အဖြစ်အပျက်ကတော့ ၀ါဝါ နဲ့ သဇင်နှင်း စ,လုံးထွက်သွားရာက စရမှာပဲ ။ ပါဝင်သော ဇာတ်ကောင်များ ဆိုပြီး စာတမ်းထိုးပြရရင်တော့ ကျနော်နဲ့ ၀ါဝါက တတွဲ၊ ကျော်ညီနဲ့ သဇင်နှင်းက တတွဲ နှစ်တွဲ။ လေးယောက်စလုံးက ဟိုက်စကူးမှာထဲက တူတူ။ သူငယ်ချင်းလေးယောက်ရှိလေသတည်း ဆိုပြီး ဇာတ်ကို စဖွင့်မိတော့ သုံးပွင်ဆိုင် ဇာတ်တွေလို ဇာတ်ရှိန် မြင့်လို့မရဘူးဖြစ်ကရော။ ဒါပေမယ့် နောက်တမျိုး ကြိုးစားကြည့်ကြတာပေါ့။
ဒီလိုနဲ့ အသားညိုတဲ့ကျနောနဲ့ အသားဖြူတဲ့ ၀ါဝါ၊ ဘတ်စကက်ဘောသမား ကျော်ညီနဲ့ ဂျပုမ သဇင်နှင်းတို့ ချစ်သူများ ဖြစ်ခဲ့ကြလေသည်လို့ ဆက်ကြည့်မယ်။ ပြီးရင် အရင်ဆုံး ပြောခဲ့တဲ့ ၀ါဝါတို့ စ,လုံးထွက်တဲ့ အကြောင်းကို ပြန်သွားရအောင်။
ကျနော်တို့လေးယောက်ရဲ့ အေးချမ်းသာယာနေတဲ့ ကမ်းခြေကို နာဂစ်ကြီးစသယ်လာတာက သဇင်နှင်း အမ မြင့်မြင့်အေး။ မြင့်မြင့်အေးက သူယောက်ျားရဲ့ ဘယ်နှဝမ်းကွဲ ညီမဆိုလား စ,လုံးမှာ အော်တိုကက်ဆွဲပီး လန်းနေတဲ့ဆိုတဲ့သတင်းကို စသယ်လာတာ။ အဲဒီမှာ သဇင်နှင်းတို့ အသိုင်းအ၀ိုင်းက စ,လုံးရောဂါတွေထ၊ နင်လည်းဂျီတီအိုင်တက်ထားတာ မှော်ဘီထိသွားသွားပြီး ကုန်ထားတဲ့စရိတ်တွေ ပြန်ဖော်မဟဲ့ ဆိုပီး သဇင်နှင်းအော်တိုကက်တက်ရ၊ သဇင်နှင်းက ၀ါဝါပါတက်ရမယ်ဆိုလို့ ၀ါဝါအော်တိုကက်လိုက်တက်ရ…. အဲဒီကနေနောက်ဆုံး ၀ါဝါနဲ့ သဇင်နှင်း စလုံးမှာ ဒရပ်ဖ်ဝူးမင်းလုပ်ဖို့ အေးဂျင့်ကနေတဆင့် အလုပ်ရတဲ့ဆီမှာ နာဂစ်ကြီး ဘူတာဆိုက်တော့တာပဲ။
ခုမှတော့ မတတ်နိုင်ဘူး။ လေးငါးနှစ်တွဲလာရာက ခွဲရမယ်ဆိုတော့ ကန္နရာချောင်းခြားဇာတ်ကရတော့တာပေါ့။ နှစ်တွဲသား မစ္စတာဂစ်တာသွားပီး အလွမ်းသယ်ရတာပေါ့။ ဒီနေရာ ဖြတ်မေးစရာရှိတာက ရှေးခေတ်က အရွယ်ရောက်ရင် ထိုးကွင်းထိုးသလို အခုခေတ် ယောက်ျားလေးတွေ ပန်းဆိုးတန်းမှ ပတ်စ်ပို့တိုးနေကြတာ၊ မင်းတို့ နှစ်ကောင်ကရော ဘာဖြစ်လို့ စ,လုံး လိုက်မသွားသလဲပေါ့။ အဟဲ..ဒါကတော့ ရှင်းပါတယ်။ ယောက်ျားလေးတိုင်း ဖောရိန်းဒိုးဖို့ ကြိုးစားကြတယ်ဆိုပေမယ့် မဒိုးတဲ့ နှစ်မျိုးရှိတယ်လေ။ ပထမတစ်မျိုးက ဒိုးစရာမလိုအောင် ဒီမှာလန်းနေလို့၊ နောက်တမျိုးက ဒိုးဖို့ကို ပွဲခ၊ ဗျူးခ၊ ဗစ်ဆစ်စတေးခ မတတ်နိုင်တဲ့ ငနဲတွေပေါ့။ ဘုရင့်နောင်မှာ ဆိုင်ထွက်တဲ့ ကျော်ညီက ပထမတစ်မျိုးထဲပါပီး ရပ်ကွက်လုံးဆိုင်ရာ စနူကာချန်ပီယံ ကျနော်ကတော့ ဒုတိယတစ်မျိုးထဲပါသပေါ့။
မစ္စတာဂီတာမှာ အက်ပရက်ဆိုခါးခါးကို ကြိတ်မှိတ်မျိုနေရင်း ကျော်ညီက သဇင်နှင်းကို နင်ဟိုမှာ အဖြူကောင်၊ အမည်းကောင်တွေနဲ့ မအိပ်နဲ့နော်လို့ လှမ်းပြောလိုက်တယ်။ ရုတ်တရက်တော့ မင်းဟာက ရေရှယ် ဒစ်ခရစ်မနေးရှင်းပဲလို့ ပြောမလို့ပဲ။ ဒါပေမဲ့ ၀ါဝါ့ကို ကြည့်ရင်း ပါးစပ်က တကယ်ထွက်သွားတာက ဟာ ဘယ်ကောင်နဲ့မှာ မအိပ်ပါနဲ့ဟာလို့ ဖြစ်သွားတယ်။ အဲဒီနေ့က ဂစ်တာကအပြန် ဘယ်မှ ဆက်မသွား ဖြစ်ပေမယ့် ကျော်ညီ့အတွက်ကတော့ ကိစ္စမရှိဘူးလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့ဆို သဇင်နှင်း လေယာဉ်ပေါ်တက်မယ့်မနက်မှာ ဒီကောင်က သဇင်နှင်းအိမ်သွား နှုတ်ဆက်ရသေးတာကိုး။ ဒီကောင် အဲဒီအကြောင်း ပြန်ပြောပြတော့ ချိုတာလားဘာလားတော့မသိဘူး။ ငါတို့အရှိန်ကောင်းနေတုံး အဘွားကြီးက ပတ်စပို့ ဘယ်နားထားမိမှန်းမသိဘူးဆိုပီး တံခါးလာထုလို့ ဇာတ်သိမ်းထိမရောက်လိုက်ဘူးကွ။ ဒီကောင် တကယ် မချိတင်ကဲပြောတာဖြစ်နိုင်သလို လေဆိပ်လောက်ပဲ လိုက်ပို့ခွင့်ရရှာတဲ့ ကျနော့်ကို သူငယ်ချင်း ကောင်း ပီသစွာ နှစ်သိမ့်တာလည်း ဖြစ်နိုင်တာပဲ။
ဒီအပိုင်းကတော့ ဇာတ်ပျိုး ခေါ်မလားပဲ။ ပီရင်းဇာတ်တက်ပေါ့။ ဒါပေမဲ့ ဇာတ်က ချက်ခြင်းမတက်သေးဘူး။ ကြားထဲမှာ ကျနော်နဲ့ ကျော်ညီနဲ့ စနူကာလေးကစားလိုက်။ တစ်ပတ်တခါဆိုသလို အွန်လိုင်းကနေ ၀ါဝါတို့နက် ပီဖင်းဂိုးပြောလိုက်။ တခါတလေ နက်ကဖေးကအပြန် ဇက်ကြောတွေဘာတွေတောင် တက်လို့၊ ဇီးမှန်တပ် ဗျူးတီးဆလွန်းလေးဘာလေး ၀င်ရသေးတာ။ အဲလိုနဲ့ လေးငါးလ ကြာသွားတယ်။
ခရစ်စမတ် အကြိုညမှာ ကျော်ညီက သူ့အိမ်လာခဲ့ဖို့ ခေါ်တယ်။ ပန့်ခ်ျကောင်းကောင်းလေးဘာလေး ရှိမယ်ဆိုတာနဲ့ ကျနော်လည်း ချီတက်သွားတယ်။ (ဇတ်တက်တော့မယ်နော်၊ စကားချပ်) အဲဒီမှာ မိုင်ခနဲ့ တွေ့တာပဲ။ နာမည်ရင်းကခင်ခက်ခိုင်ပါ၊ ဘော်ဒါတွေက မိုင်ခလို့ခေါ်တယ်။ ဒါဆိုလဲပြီးရော ကျနော်လဲ ချော်လဲထိုင်ချ မိုင်ခပေါ့။ မိုင်ခနဲ့ ခဏချင်းအဖွဲ့ကျသွားတယ်။ ဒီဇင်ဘာဆိုတော့ ကျိုက်ထီးရိုးတက်ရအောင်တွေ ဘာတွေ ဖြစ်ကုန်တယ်။ မိုင်ခက ကိုယ်မအားသေးဘူးလို့ ပြောတယ်။ ကျော်ညီက ဒါဆို နောက်လ မော်တင်စွန်းပွဲသွားမလား။ မိုင်ခက စိတ်ဝင်စားပုံ မရဘူး။ ကျနော်က ချောင်းသာ သွားရအောင်လို့ ပြောလိုက်တယ်။ အဲဒီအချိန်မှာပဲ သူ့ဘော်ဒါတစ်ပွေ ၀ိုင်းထဲဝင်လာပီး စကားစပြတ်သွားတယ်။ မိုင်ခလည်း ထွက်သွားရော ကျနော်က ကျော်ညီ့ကို မျက်ခုံးပင့်ပြတယ်။ ကျော်ညီက ဟာ… ငါ့ ကာဆင်ဟာကွ။ ကျနော်က မသိဘူးလေ၊ မင်းအတင်းလုံးနေတော့လို့ပြောတော့ ကျော်ညီက ဘာမှ ပြန်မပြောဘူး။
နောက်နှစ်ပတ်လောက်အကြာ မနက်ရှစ်နာရီလောက် အိပ်ယာထဲမှာ နှပ်နေတုံး ဖုန်းလာတယ်ဆိုလို့ ဖုန်းအိမ်ကို ပြေးရတယ်။ ဖုန်းကိုင်လိုက်တော့ မိုင်ခရယ်။ `ချောင်းသာသွားရအောင် ကျော်ညီ့ကို ပြောပီးပီ။ နင့်ဖုန်းနံပါတ်ရလို့ ငါဆက်လိုက်တာ`ဖုန်းအိမ်အပြင်ဘက်မှာ နှင်းတွေကျလာတယ်လို့တောင် ထင်လိုက်မိ တယ်။
ဗယ်လင်တိုင်းဒေးရောက်ဖို့တစ်လတိတိအလိုမှာ ကျော်ညီငှားလာတဲ့ ဇုန်ဂျစ်တစ်စီးနဲ့ ကျနော်တို့သုံးယောက် အနောက်ပိုင်းလမ်းမကြီးပေါ် တက်ခဲ့တယ်။ ဒီကောင် မရီးကာဆင်နဲ့ ဒိုးမှာမို့လို့ အိမ်ကကားမယူလာတာဘဲလို့ ကျနော့်ဘာသာ တွေးကြည့်မိတယ်။
ဆားမလောက်မှာ ထမင်းစားရင်း မိုင်ခက သူဘာကြောင့်စိတ်ပြောင်းသွားလဲဆိုတော မမေးဘဲနဲ့ အစစ်ခံတယ်။ ပထမတချက်က သူ့ဘဲဘဲက သူ့ဘော်ဘော်တစ်ယောက်နဲ့ ဖိုးစိန်လမ်းထဲသွားနှပ်တာ သူသိသွားတယ်။ နောက်တစ်ချက်ကတော့ မဂ္ဂဇင်းထဲပါတဲ့ မေးခွန်းတစ်စုံကို ဖြေကြည့်တာ `လွတ်လပ်မှုကို ရယူဖို့ မ၀ံ့ရဲသူ`လို့ အဖြေထွက်လို့ ဆိုပဲ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ နှစ်ကောင်ကတော့ ဖိုးစိန်လမ်းနဲ့ မဂဇင်းတိုက်တွေကို ချီးယားလုပ်ဖို့သာ ရှိတော့တယ်။
ဗိုလ်မြတ်ထွန်း ဟိုဘက်ရောက်တော့ ကျနော်က ဖဲသမားရိုးဆိုတဲ့ တံတားလေးကို ပြလိုက်တယ်။ ကျော်ညီကလည်း သူတခါ ဒီလမ်းကလာတော့ ကားတိုက်လို့ မိသားတစ်စုလုံး ရှောသွားတဲ့ နေရာကို ပြတယ်။ ဟိုပြောဒီပြောနဲ့ ဆက်ခ်စ် အကြောင်းရောက်သွားတယ်။ `နင်တို့ဆော်တွေနဲ့ ဖတ်ခ်တဲ့အခါ အာ့စ်ထဲကို လက်ထိုး ထည့်သလား`လို့ မိုင်ခက မေးတယ်။
ချောင်းသာရောက်တော့ အမ်ဘိုမှာ မိုင်ခက တစ်ခန်း၊ ကျနော်တို့က တခန်းယူလိုက်တယ်။ ကျနော် တရေးနိုးလာတော့ ကျော်ညီအခန်းထဲမှာ မရှိဘူး။ ကျနော်လည်း ကမ်းခြေဘက် ဆင်းခဲ့တယ်။ လရောင်ပါးပါးနဲ့ ခမ်းလှမ်းလှမ်းမှာ အဖြူရောင်အရိပ်လိုလို မြင်လို့ အဲဒီဘက်လျှောက်သွားမိတယ်။ ဒါပေမယ့် အနားရောက်တဲ့ အထိ လျှောက်မသွားဖြစ်ဘူး။ အဖြူရောင်အရိပ်ကာ ကျော်ညီ့ ပဂျားမားမှန်း ကျနော်သိလိုက်လို့ပဲ။
မနက်ကျတော့ မျက်နှာသစ်နေရင်း ကျနော်က `ငါ သဇင်နှင်းနဲ့ အိပ်ဘူးတယ်`လို့ ရုတ်တရက် ပြောလိုက်တယ်။ ကျော်ညီက ဘာမှပြန်မပြောဘူး။ မပြောတာမှ ညနေစာစားကြတဲ့အထိပဲ။ နောက်နေ့ကျတော့ ကျနော်တစ်ယောက်တည်း ဂျစ်ကားယူပီး ၀ီစကီ ထိုင်သောက်လို့ ကောင်းမယ့်တစ်နေရာ လိုက်ရှာတယ်။ ငါးဖမ်းနေတဲ့ လူကြီးတစ်ယောက်ကို ဟိုမေးဒီမေးနဲ့ `ကောင်းကင်ပေါက်`လို့ ခေါ်တဲ့နေရာအကြောင်း သိရတယ်။ နောက်တစ်နေ့ကျ အဲဒီကို ပို့ပေးမယ်လို့လည်း သူကပြောတယ်။
အမ်ဘို ပြန်ရောက်တော့ မိုင်ခတစ်ယောက်တည်း ကော်ဖီဆင်းသောက်နေတာ တွေ့ရတယ်။ ကျော်ညီ့ကို အခန်းထဲမှာလည်း မတွေ့ရဘူး။ မနေ့က ညစာစားတဲ့ဆိုင်ရောက်တော့ ကျော်ညီက သောက်ရင်းစောင့်နေတာ တွေ့ရတယ်။ တော်တော်လေးကြာမှ မိုင်ခရောက်လာတယ်။ ဂုံးသားဟင်းစားရင်း `ကောင်းကင်ပေါက်` အကြောင်းပြောလိုက်တော့ နှစ်ယောက်လုံးက သွားမယ်၊သွားမယ် ဖြစ်ကုန်တယ်။ တံငါအဘိုးကြီးနေတဲ့ နေရာများသိရင် ညတွင်းချင်း သွားကြမယ့်ပုံပဲ။
နောက်နေ့ နေ့လည်စာစားပြီးတော့ အဘိုးကြီးနဲ့ အတူ `ကောင်းကင်ပေါက်`လို့ ခေါ်ကြတဲ့ နေရာဆီ ထွက်ခဲ့တယ်။ ကားမောင်းလာရင်း ပင်လယ်က ပေါ်လာလိုက် ပျောက်သွားလိုက်ပဲ။ တချီတော့ ပင်လယ်ကတော်တော်လေးကြာကြာ မြင်ကွင်းထဲကပျောက်သွားတယ်။ လမ်းကလည်း ကုန်းတစ်ခုပေါ် တက်နေရသလိုပဲ။ အဘိုးကြီးဘက်လှည့်ကြည့်တော့ သူက ရောက်တော့မယ်လို့ ပြောတယ်။ နောက် ဆယ့်လေးငါးမိနစ်လောက်ကြာမှ ရုတ်တရက် ရှေ့မှာ ပင်လယ်ကြီးကို ဘွားခနဲတွေ့လိုက်ရတယ်။ အဘိုးကြီးက ဘာမှမပြောပေမဲ့ `ကောင်းကင်ပေါက်`လို့ ခေါ်ကြတာဖြင့် ဒီနေရာပဲလို့ ချက်ချင်းသိလိုက်တယ်။ ဒီနေရာမှာ ဘာဖြစ်လို့ ဘိခ်ျမဖွင့်တာလဲလို့တောင် တချက် တွေးမိသေးတယ်။
ကုန်းကလေးကနေ ဘယ်ဘက်ဖဲ့ဆင်းလိုက်ရင် တံငါရွာလေးရှိတယ်။ ရွာထဲကကလေးတွေနဲ့ သောင်စပ်မှာ ဘော်ကန်ကြသေးတယ်။ အဘိုးကြီးရဲ့ သားတစ်ယောက်ပါတယ်။ ချာတိတ်က ဂိုးဖမ်းတော်တော်ကောင်းတယ်။ တစ်ယောက်ယောက်က ဂိုးရှုးပြီဆိုရင် ပရီးမီးယားလိဂ်က ဂိုးသမားတယောက်ယောက်ရဲ့နာမည်ကို အော်အော်ပီးဖမ်းတယ်။ ဒီချာတိတ်တော်တော်နဲ့ ဂိုးမပေးရတာ ဂိုးဖမ်းတော်လို့ပဲလား။ သူအော်လိုက်တာနဲ့ ကန်မယ့်သူတွေ လန့်လန့်သွားတာကြောင့်ပဲလားတော့ မပြောနိုင်ဘူး။
အဘိုးကြီးက သူ့အိမ်မှာပဲ ညအိပ်ဖို့ ပြောတယ်။ သူရယ်၊ အဘွားကြီးရဲ့ သူ့သားရယ်က တခြားအိမ်မှာ သွားအိပ်ကြတယ်။ အဲဒီညက အတော်သောက်ဖြစ်တယ် ပြောရမှာပဲ။ ဟိုက် ၀မ်းပွိုင့်ဖိုက် တစ်လုံးနဲ့ ဘီယာက ပါသေးတယ်။ များများသောက် များများပြောပဲ။ မိုင်ခပြောတဲ့အထဲမှာ သူ့ဘဲဘဲ ဇယားခင်းတာ သူဘယ်လိုမိသွားတယ်ဆိုတာပါတယ်။ `သူများနဲ့လုပ်တာတွေ ငါ့ကိုလာစမ်းတယ်လေ“အာ့စ်ထဲ လက်ထိုးထည့်တာမျိုးလား`လို့ ကျော်ညီက မေးလိုက်တယ်။ နောက်တော့ ကျော်ညီက ရုတ်တရက် ထအော်တယ်။ `အိုင်ဖတ်ခ် ယူအာရ်၈ါးဖရင့်`။ ကျနော်က ထိုင်ရာမထပဲ `ငါကတော့ သော်တာရော၊ ကြည်ကြည်ဆွေရောပဲ`လို့ ပြန်ပြောလိုက်တယ်။ သော်တာက သူ့အစ်မ၊ ကြည်ကြည်ဆွေက သူ့အစ်မ၀မ်းကွဲလား၊ အဒေါ်ဝမ်းကွဲလားမသိဘူး။ မိုင်ခက ရယ်နေတယ်။ ကျော်ညီက ကျနော့်မျက်နှာနား ကပ်လာပြီး `ငါကလည်း ဒေါ်သီကို အပေါ်ဆီခဲ့တာကွ`လို့ ပြောတယ်။ ဒေါ်သီက ကျနော့ညီမရဲ့ အိမ်နံမည်ပါ။ ကျနော်က သူနဲ့နဖူးချင်းတေ့ပြီး `အန်တီထားရောပဲ`လို့ သွားစေ့ပြီး ပြောလိုက်တယ်။ ကျော်ညီက ခုံမှာ အသာပြန်ထိုင်ချလိုက်ပြီး `ယူအာရ်မားသားတူး`လို့ ပြုံးပီးပြောတယ်။ မိုင်ခက လက်ခုပ်တီးလိုက်တယ်။ ကျနော်တို့နှစ်ယောက်လည်း လက်ခုပ်လိုက်တီးရင်း ရယ်ကြတယ်။ နောက်တော့ ခွက်တွေမြောက်ပြီး `အမေတွေ အတွက်`ဆိုပြီး တစ်ခွက်သောက်ကြတယ်။ နောက်တော့ မိုင်ခက ကျနော့်ကို နမ်းတယ်။ ကျော်ညီ့ကိုလည်း နမ်းတယ်။ ကျော်ညီနဲ့ ကျနော်လည်း အပြန်အလှန်နမ်းကြတယ်။
`ကောင်းကင်ပေါက်`က ပြန်လာပြီးကတည်းက မိုင်ခနဲ့ မတွေ့ဖြစ်ဘူး။ ကျော်ညီနဲ့ ကျနော်လည်း မဆုံဖြစ်ဘူး။ မဆုံဖြစ်ဆို ကျနော်က နေပြည်တော်ရောက်နေလို့ပဲ။ နေပြည်တော်မှာ တနှစ်လျော့လျော့လောက် ကြာသွားတယ်။ ဆိုက်ထဲရောက်နေတော့ ဘယ်မှလည်း အဆက်အသွယ် မလုပ်ဖြစ်ဘူး။ ရန်ကုန်ပြန်ရောက်တော့လည်း ကျော်ညီ့ကို သွားမတွေ့ဖြစ်ဘူး။ တစ်နေ့တော့ ရန်ကင်းစင်တာမှာ ဒီကောင်နဲ့ သွားဆုံတယ်။ အာရိုးမားမှာ ထိုင်ကြတယ်။ ကော်ဖီမှာပြီးတာနဲ့ ကျော်ညီက ဆိုင်းမဆင့် ဗုံမဆင့် `မိုင်ခသေပြီ`လို့ ပြောလိုက်တယ်။ ကျနော် ဘာမှ ပြန်မပြောနိုင်ခင် `ကင်ဆာလို့ပြောတယ်။ မသေခင် တစ်နှစ်လောက်ထဲက ကြိုသိထားတာတဲ့`လို့ သူကဆက်ပြောတယ်။ မိုင်ခအကြောင်း ပြောဖြစ်တာတော့ ဒီလောက်ပဲ။ နှစ်ယောက်သား သူ့အလုပ်ကိုယ့်အလုပ်အကြောင်း တစ်ခွန်းနှစ်ခွန်းမေးပြီးတော့ ကျော်ညီက ပိုက်ဆံအိတ်ဆီ လက်လှမ်းရင်း `ငါချိန်းထားတာ တစ်ခုရှိတယ်`လို့ ပြောတယ်။ `ငါရှင်းလိုက်ပါ့မယ်`လို့ ကျနော်က ပြောလိုက်တယ်။ `အေး၊ ဆီးယူ`လို့ ပြောရင်း ဒီကောင်က ထိုင်ရာကနေထတယ်။ ကျနော်ကလည်း `ဆီးယူ`လို့ ပြန်ပြောလိုက်ပေမယ့် အခုလို မတော်တဆမဟုတ်ဘဲတော့ ဒီကောင်နဲ့ ကျနော် ပြန်တွေ့ဖြစ်မှာ မဟုတ်တော့ဘူးလို့ တွေးလိုက်မိတယ်။
လက်တင်ရုပ်ရှင် `And Your Mother,Too`ကို မှီးပါသည်။