When we were at war
We boiled water with banknotes
When we were at war
We farted differently
When we were at war
We loved each other
When we were at war
We were still unborn…
Archive for February, 2010
When We Were At War
Posted in English on February 9, 2010| Leave a Comment »
ဂန္ထဝင်သေတ္တာ
Posted in Prose on February 4, 2010| Leave a Comment »
မြင်အောင်ကို ဘိုအောာင်ကျော်လမ်းပေါ်မှာ ရုတ်တရက်တွေ့လိုက်တော့ တော်တော်လန့်သွားတယ်။ လန့်သွားတာက မြင်အောင်ကို တွေ့လိုက်ရလို့လည်းမဟုတ်ဘူး၊ သူ့ကို ဘိုအောင်ကျော်လမ်းပေါ်မှာ တွေ့ရလို့လည်း မဟုတ်ဘူး။ သူ့လက်ထဲက ကျန်ကျောင်းအိတ်ကြီးကြောင့်ပဲ။ ကျန်ကျောင်းအိတ်က ကျန်ကျောင်းအိတ်အရွယ်ပဲ ဖြစ်ပေမယ့် အိတ်ထဲမှာပါတဲ့ contents တွေကြောင့် `ကြီး`ဆိုတဲ့ နောက်ဆက် နာမ၀ိသသေနထဲ့လိုက်ရတယ်။ အိတ်ထဲမှာ တစ်ထောင်တန်အုပ်တွေ ပြည့်နေတယ်။ ဟာ ဒီကောင်တော့ သူ ပြောပြောနေတဲ့ ကိစ္စတကယ်လုပ်လိုက်ပြီ ထင်တယ်လို့ တွေးလိုက်မိတယ်။ ဟာ ၊ မင်းဆော်လိုက်ပြီလား လို့ ကျွန်တော်က မေးလိုက်တယ်။ မြင်အောင်က မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြတယ်။ အေးဆေးပဲလားလို့ ကျွန်တော်က ထပ်မေးလိုက်တယ်။ အေး၊ အေးဆေးပဲ။ မန်နေဂျာရယ်၊ ဘုတ်အဖွဲ့ဝင်တွေရယ်နဲ့ ၀င်တွေ့ရတယ်။ ဒါပေမယ့် အေးဆေးပဲ။ ဘာမှ suspect မဖြစ်ကြဘူး။ ပြဿနာက ဒါမဟုတ်ဘူး။ ပြောနေတုံး အထုပ်ကြီးကို မေးငေါ့ပြတယ်။ ဘုတ်အဖွဲ့ဝင်ထဲက တစ်ယောက်က ငါ့ကို ပြောလိုက်တယ် `ဂန္ထဝင်သေတ္တာကို မင်းဆီမှာ တွေ့ခဲ့တယ်လို့ တစ်ယောက်က ငါ့ကို ပြောတယ်`လို့ ပြောလိုက်တယ်။
မြင်အောင်ထွက်သွားတော့ ကျွန်တော်လည်း အခန်းဘက် ပြန်ခဲ့တယ်။
အခန်းရောက်တော့ ဟိုလုပ်ဒီလုပ်လုပ်ရင်း ရေချိုးခန်းဘေးက နေရာလွတ်မှာ ပုံထားတဲ့ တိုလီမုတ်စပုံကို မွှေကြည့်မိတယ်။ အဲဒီမှာ ဂန္ထဝင်သေတ္တာနဲ့ စတွေ့တာပဲ။ တွေ့တွေ့ချင်း ဂန္ထဝင်သေတ္တာဆိုတာဟာဖြင့် ဒါပဲလို့ စိတ်ထဲမှာ သိလိုက်တယ်။ သေတ္တာလို့သာ ပြောရတာ တကယ်တော့ ခရီးဆောင်သေတ္တာဗျ ။ ဂန္ထဝင် ခရီး ဆောင် သေတ္တာလို့ ခေါ်ရမှာ ထောက်လို့ နေလိမ့်မယ်။ ဒီနာမည်နဲ့ အညွှန်းပြုကြတာ။ သေတ္တာက ဆင်မ်ဆိုးနိုက် တံဆိပ်ဗျ။ ဒီတံဆိပ်မျိုး ကျွန်တော့်မှာ မရှိဘူးလို့ ကျွန်တော့် သေတ္တာမဟုတ်ဘူးဆိုတာတော့ အသေအချာပြောနိုင်တယ်။ အရောင်က အပြာနဲ့ မီးခိုးကြားက အရောင်မျိုး။ နံပါတ်နဲ့ သော့ပိတ်ရတာ ဖြစ်ပေမယ့် လက်ကိုင်ကွင်းမှာ သံကြိုးတစ်ခု ပတ်ထားတာတွေ့ရတယ်။ သံကြိုးက နယ်ဘက်မှာ စက်ဘီးကို ၀င်းထရံနဲ့ ကပ်ပြီး သော့ခတ်တဲ့ သံကြိုးမျိုး။
သေတ္တာကို မပြီး ဧည့်ခန်းဘက် ထွက်လာတော့ အပြင်ဘက်မှာ အလင်းရောင်နည်းနေပြီးဆိုတာ သတိထားမိတယ်။ ဧည့်ခန်းမီးချောင်း အရောင်နဲ့ သေတ္တာကို သေချာကြည့်မိတယ်။ ခဏနေတော့ ရလိုရငြား ဆိုပြီး သော့ကို နှိပ်ကြည့်တော့ ပွင့်သွားတယ်။ လက်ကိုင်မှာ ချည်ထားတဲ့ ကြိုးသော့ကတော့ သော့တံရှိမှ ဖွင့်လို့ရမှာ။
သေတ္တာထဲမှာ ပလတ်စတစ်အိတ်အကြည်နဲ့ ထုတ်ထားတဲ့ အထုပ်လေးတွေ တွေ့ရတယ်။ အထုတ်တွေထဲက တချို့က မုန့်တွေဖြစ်ပြီး ကျွန်တော်မသိတဲ့ဟာတွေလည်း ပါတယ်။ မုန့်တွေက ကျွန်တော်စားလေ့ရှိတဲ့ မုန့်တွေချည်းမို့လို့ ကျွန်တော်ဝယ်ထားတဲ့ မုန့်တွေပဲလို့တောင် ထင်မိတယ်။ မှိုမတက်သေးတဲ့ မုန့်တစ်ထုပ်ကို ထုတ်ပြီး ကြမ်းပြင်ပေါ် ချထားလိုက်တယ်။
မြင်အောင်က စိတ်ထဲ ပေါ်လာတာနဲ့ သူ့အခန်းဘက်ကို ကြည့်တော့ မီးမှိတ်ထားတယ်။ မြင်အောင့်အခန်းက လမ်းဟိုဘက်ခြမ်းမှာ ရှိပြီး ကျွန်တော့်အခန်းကနေ လှမ်းမြင်နေရတယ်။ ဒါပေမယ့် မြင်အောင်က ကျွန်တော့်အခန်းမှာ နေတာများပြီး သူ့အခန်းကို သွားခဲတယ်။ သူပြောပြောနေတဲ့ `အလုပ်ကြီး`ဆိုတာအတွက် လုပ်ကိုင်စရာလေးတွေ ရှိမှ သူ့အခန်းဘက် ကူးသွားတတ်တယ်။ သေတ္တာကို ကြည့်မိတော့ မီးဖွင့်ထားပေမယ့် သေတ္တာထဲက အမှောင်ရိပ်တွေကို ထိုးဖောက်နိုင်ပုံ မရဘူး။
ရုတ်တရက် မြင်အောင် ကိုရီးယားသွားဖို့ ရက်က ကပ်နေပြီ ဆိုတာ သတိရလိုက်တယ်။ ပြက္ခဒိန်ကို လှမ်းကြည့်တော့ ဒီနေ့ရက်စွဲမှာ Kr ဆိုတဲ့ စာလုံးကြီးကြီးဘေးမှာ 7pm ဆိုတဲ့စာလုံးသေးသေးလေးတွေ ရေးထားတာတွေ့လိုက်တယ်။ ဒီရက်ပိုင်း မြင်အောင်နဲ့ မဆုံဖြစ်တော့ အဲဒီကိစ္စကို မေ့တောင်နေတယ်။ ဒီကောင် တကယ်များ သွားပြီလားလို့ တွေးမိတယ်။ တကယ်တော့ ကိုရီးယားသွားတာက ဒီကောင့် အိမ်က အစီအစဉ်ဖြစ်ပြီး သူ့မှာ သူ့ plan နဲ့ သူရှိတယ်။ သူ့ plan ဆိုတာကလည်း သူပြောပြောနေတဲ့ `အလုပ်ကြီး`ဆိုတာ ပဲ။ `အလုပ်ကြီး`ဆိုတာက ဘဏ်တစ်ခုခု ဒါမှမဟုတ် ဘဏ်တွေကနေ ပိုက်ဆံ လိမ်ထုတ်ဖို့ ကြံနေတာပဲ။ အိမ်က ကိုရီးယားသွားဖို့ ပေးတဲ့ ပိုက်ဆံတွေလည်း အဲဒီ `အလုပ်ကြီး`အတွက် ပြင်ရင်းဆင်ရင်း ကုန်နေတာပဲ။ နေ့လည်က ဒီကောင့်ကြည့်ရတာတော့ သူ့ `အလုပ်ကြီး`ဆိုတာ အောင်မြင် သွားပုံပဲ။
ဘာပဲဖြစ်ဖြစ် လောလောဆယ် ဂန္ထဝင်သေတ္တာက ကျွန်တော့်ဆီမှာ။ ဒီသေတ္တာရှိမရှိ ၀င်စစ်တာတွေ ဘာတွေ ရှိလာနိုင်တယ်လို့ တွေးမိတော့ ကျွန်တော်လည်း ဂယောင်ချောက်ချားဖြစ်လာတယ်။ သေတ္တာကို အသာဆွဲပြီး လမ်းထိပ်က အမှိုက်ကန်မှာ သွားပစ်ထည့်လိုက်ရင်ရော။ အဲဒါလည်း မဖြစ်သေးဘူး။ သေတ္တာမှာ ကျွန်တော့ လက်ဗွေရာတွေ ရှိနေနိုင်တယ်။
အောင်မြင်က ဒီသေတ္တာကို လာပြန်ယူဖို့ရော ဖြစ်နိုင်ပါ့မလား။ အောင်မြင်တခါပြောဘူးတယ်။ သူ့`အလုပ်ကြီး`အောင်မြင်သွားရင် သူ့ကို ထပ်တွေ့ဖို့ မလွယ်ဘူးတဲ့။ ဒီကောင်က ကျွန်တော့်ကို ကိစ္စအားလုံး ဖွင့်ပြောလေ့ရှိတယ်။ တခါမှ မပြောဘူးတာက ဂန္ထဝင်သေတ္တာအကြောင်းပဲ။ ဒါကြီးကို ဘယ်အချိန်က ကျွန်တော့် အိမ်ပေါ် တင်လာမှန်းတောင် မသိလိုက်ဘူး။
တော်တော်လေး ကယောက်ကယက် ဖြစ်နေပြီးမှ စိတ်ကူးတစ်ခု ပေါ်လာလို့ ကျွန်တော်လည်း သက်သာရာ ရသွားတယ်။ တစ်ရက်နှစ်ရက်နေရင် ကျွန်တော် လပွတ္တာဘက်သွားဖို့ရှိတယ်။ အဲဒီမှာ လှေခရီးတစ်ခု ပါတယ်။ ဂန္ထဝင် သေတ္တာထဲကို ခပ်လေးလေး ပစ္စည်းတွေ ထည့်သွားပြီး ညဘက်ကျ လှေပေါ်ကနေ မသိမသာ လွှတ်ချလိုက်ရုံပဲ။ နောင်တချိန် ပြန်ရှာတွေ့ခဲ့သည် ရှိတောင် ကျွန်တော့်ကို လာနွှယ်မှာ မပူရတော့ဘူး။ လောလောဆယ်ဆယ်တော့ ခရီး မထွက်ခင် အခန်းပြန်မအိပ်ဘဲ တစ်နေရာရာ သွားအိပ်ဖို့ ရှိတော့တာပဲ။
ပျော်သလိုနေမယ်ဆို ပျော်ရဲ့လား
Posted in Poem on February 3, 2010| Leave a Comment »
စားပွဲရဲ့တစ်ဘက်
ကော်ဖီခွက်ရဲ့တစ်ဘက်
အမှုန်အမွှားများရဲ့တစ်ဘက်
ကျနော့်ဘက်က တတ်နိုင်တာလည်း
အိပ်ခ်ျစီ သို့မဟုတ် စပယ်ရှယ်ရီဆာ့ဗ်
ခင်ဗျားအဆွေးတွေ
ပျော်မပျော်တော့မသိဘူး
အတိတ်တစ္ဆေတွေ သေမသေတော့ မသိဘူး
ပင်လယ်လေကို ခင်ဗျားဖြတ်လာခဲ့တာ
ပလက်ဖောင်းပေါ် ခင်ဗျားလျှောက်လာခဲ့တာ
ဘယ်လိုပဲဖြစ်ဖြစ်
ခင်ဗျားရွေးထားတဲ့ အခြေအနေ
ခင်ဗျားရွေးထားတဲ့ အမျိုးသမီး
ကျနော်ပြောတာ လွန်ကောင်းလွန်မယ်
ဒါပေမယ့် နောက်ဆုံးအီးမေးတစ်စောင်မှာ
တွေ့ရတဲ့အရေးအသားအရ
ခင်ဗျား သီချင်းမညဉ်းတော့တဲ့ အကြောင်း
သိဟောင်းကျွမ်းဟောင်းနဲ့ လမ်းမှာတွေ့ရင်
ပခုံးတွန့်ပြတတ်တဲ့အကြောင်း
ပြောရရင်
ကျွန်တော်လည်း လွတ်တဲ့ငါး ကြီးဖူးတာ
ထီတိုက်ဖူးတာ
စုထားတဲ့ စာအုပ်အဟောင်းတွေ ချရောင်းဖူးတာ
အစရှိသည်ဖြင့်ပေါ့
သွေးမတိတ်သောအနာတွေ
စိတ်မှာ ရှိပေမယ့်
အဲဒီနေရာရောက်ရင်
ကျော်ပစ်လိုက်တယ် ရစ်ပစ်လိုက်တယ်
ညနေခင်း ရဲ့ မှုန်တိမှုန်မွှား အလင်းရောင်အောက်မှာ
တခြားအရာတွေနဲ့ အတူ
ပျောက်ဆုံးပစ်လိုက်တယ်
အခုလို
လှမ်းမြင်နေရလည်း
ဆက်သွယ်ရန် ဘာသာစကား မတွေ့နိုင်
ခံစားဖူးတဲ့
အအေးဓာတ်ကစလို့
ထုံထိုင်းသွားလောက်တဲ့ နာကျင်မှု
လက်လွတ်စပယ်ဖြစ်စေလောက်တဲ့ ငြီးငွေ့မှုတွေထဲ
ဆံပင်အစိုတွေလို
ကောက်ရိုးခြောက်တွေလို
ထိုးဖွရှာဖွေ
အခုထိတော့ နေထူးနေ့မြတ်တစ်ရက်ရက်အကြောင်းပြုပြီး
အဆက်အသွယ်ပြန်လည် ရရှိခဲ့လျှင်တောင်မှ
ခင်ဗျားအရေးအသားကို ကျွန်တော်တခါပြန်ဖတ်ကြည့်ရမှာ
ညဘက်တွေ ပြတင်းပေါက်အပြင်ကို ကြည့်ရင်း
ဒါမမဟုတ်လည်း ခြင်ထောင်ထဲ လူးလွန့်ရင်း
ပြန်တွေးမိတဲ့အတွေးတွေ
ပြန်မတွေးမိတဲ့ အတွေးတွေ
သပ်သပ်စီ
ခင်ဗျားအတွက်လည်း
အထောက်အကူ တစ်စုံတစ်ရာဖြစ်မလား
ကျွမ်းကျင်မှု တစ်စုံတစ်ရာလိုအပ်တဲ့
အခိုက်အတန့်မှာ
ကျွန်တော်လည်း အတတ်နိုင်ဆုံး
သရုပ်ဆောင်ပြနေရတာ
ခုလို
ခင်ဗျားအတွက် ဒိပလီးကွန်ဆာန်း ဖြစ်တယ်ဆိုတဲ့အကြောင်း
မြို့လယ် မြို့ပတ်ရုံတွေမှာ ပြသနိုင်တဲ့အထိ
မဆ