မြစ်ထဲမှာ ရေစိမ်ပြီး
တောင်ကုန်းလေးပေါ်တက်ခဲ့
ဘာရေးလို့ ဘာကိုင်ရမှန်းမသိခဲ့
အမှန်တရားဆိုတာ ရှိတယ်
လို့ထင်နေဆဲ သူငယ်ချင်း
မင်းမှားတယ်
အခုတော့ ရာသီတွေပြောင်း
အင်္ကျီတံဆိပ်တွေပြောင်း
ငွေလဲနှုန်းတွေပြောင်း
လိင်မပြောင်းတာကလွဲ
ထိုးမြဲလတ်မှတ်တောင်ပြောင်းခဲ့
မြစ်ရေနောက်ကျိ စီးဆင်းရာ
လူဆိုတာ ဒီလိုပါပဲ
နိဂုံးကောက်ချက်ဆွဲကာ
တခါတလေတော့ ပြန်လာမယ်
တခါတရံတော့ ပေါ်လာမယ်
မဆ
အင်း … လိင်လည်း ပြောင်းချင်ပြောင်းလို့ ရပြီလို့ပြောတယ်။ ပန်းလှိုင်မှာမေးကြည့်လိုက်လေ…
သတင်းခေတ်မှာသတင်းတွေကသတင်းအနေနဲ့လွင့်နေတဲ့အခါလူတွေနောက်ထပ်လူ
တွေကြားညပ်နေသလားလို့ ….