Feeds:
Posts
Comments

Archive for April, 2010

အင်တာဗျူး

သူတို့ အဲဒီလိုပြောကြတာတော့
မကောင်းဘူးပေါ့
ကျွန်မလည်း
ကိုယ့်သိက္ခာနဲ့ကိုယ်နေတာလေ
ဒါလက်တွေ့ပြလိုက်တာပဲ
အမှန်တရားဆိုတာ
စစချင်းတော့
အားလုံးက ဒီလိုပဲ
ဆွေနီးမျိုးစပ်တွေကအစ
ခုတော့လား
ဟင်းဟင်း
ကျေးဇူးတင်ပါတယ်ရှင်
လူကြီးတွေကိုလည်း
လက်ဆုပ်လက်ကိုင်ပြနိုင်မှ
ဒါမျိုးဆိုတာ
ဘယ်သူမဆိုပေါ့
ကြုံရင်
သွေးပျက်မှာပဲ
ကျွန်မလည်း
ကိုယ့်ကိုယ်ကို အတော်ထင်ထားတာ
လက်တွေ့လည်းကျရော
ဘာပြောကောင်းမလဲ
တကယ်ပါ
မလုပ်တာကြာပြီ
စစ်ကြည့်လို့ရတယ်
အင်း
ဒီအတိုင်းတောင်
ကြည့်ရဆိုးတာလေ
ရှင်တို့ကလည်း
ဒါပဲ
တော်တော်စိတ်ဝင်စားတယ်နော်
ကဲပါ
ဟုတ်ပါပြီ
ကျွန်မလည်း
တနေ့တနေ့
ဒါနဲ့ပဲ
ဘာမှလည်း
အကျိုးအမြတ်ရှိတာ
မဟုတ်ဘူး
ဟင်းဟင်း

 

မဆ

Read Full Post »

တနင်္ဂနွေမှာ

အနားရသူဟာ

တနင်္ဂနွေမှာ

အနားမရတဲ့ ဘတ်စ်ကားကြီးစီး

တနင်္ဂနွေနေ့တိုင်း

ဖွင့်လှစ်တဲ့

ကော်ဖီဆိုင်သို့ ရောက်ခဲ့၏

တနင်္ဂနွေမှာ

ဘတ်စ်ကားတွေချောင်ချိ

တနင်္ဂနွေမှာ

မြို့တပတ်လျှောက်လည်

တနင်္ဂနွေမှာ

သူ့ဆံစလေး သပ်လို့တင်

တနင်္ဂနွေမှာ

ပျော်မဆုံး မော်မဆုံး

နောက်ပြီး မရှိမဖြစ်

တနင်္ဂနွေရုပ်ရှင်

မှန်ချပ်ကို ဖြတ်သန်းကြည့်ပြီး

မနာလိုဖြစ်ရဲ့

ချစ်ခြင်းမေတ္တာအကြောင်း

ပျော်ရွှင်ခြင်းအကြောင်း

နားမလည်နိုင်စွာ

တနင်္ဂနွေမှာ

 

 

မဆ

Read Full Post »

အဲဒီအချိန်တွေကို ပြန်မြင်ယောင်ကြည့်ရင်
အဖြစ်အပျက်တွေဟာ အ၀ါရောင်သန်းနေတဲ့ဇာတ်ဝင်ခန်းတွေလိုပါပဲ
အာကသထဲမှာ မေ့လျော့ကျန်ခဲ့တဲ့ အာကသယာဉ်မှုးတစ်ယောက်လို ကိုယ့်ကိုယ်ကို ခံစားနေခဲ့ရတယ်
အာကသယာဉ်ကတော့ မြေကမ္ဘာဆီ
ပြန်လည်ထွက်ခွာသွားပေါ့
အဲဒီတုံးက အခန်းထဲမှာ ၀ါကျင်ကျင်မီးလုံးတစ်လုံး ထွန်းထားခဲ့ပြီး
ကျွန်တော်ကလည်း အခန်းထဲမှာပဲ အနေများခဲ့တယ်
အရှေ့ဘက် ရိုးမဆီ ဦးတည်သွားတဲ့ ကားတစ်စီးစီးရဲ့
ခေါင်မိုးပေါ်တက်လိုက်သွားရင်
မိန်းမပျက်,မရှိတဲ့ မြို့ကလေးတစ်မြို့ဆီရောက်နိုင်တယ်
(ကျွန်တော်ရှာမတွေ့ခဲ့တာလည်း ဖြစ်နိုင်တယ်)
အဲဒီမြို့ကလေးမှာ
ဗန်းမော်တင်အောင်နဲ့ ဂျက်လန်ဒန်ရဲ့စာအုပ်တွေ စုဆောင်ထားတဲ့
စာအုပ်ဆိုင်တစ်ဆိုင်ရှိတယ်
ကျွန်တော်ဟာ ကမ္ဘာကြီးကို ဆက်သွယ်ကြည့်တဲ့အနေနဲ့
ဘောလုံးပွဲတွေသွားပြီး ဆဲရေးတယ်
သူငယ်ချင်းနှစ်ယောက်နဲ့အတူ ကျောင်းသူအဆောင်တွေရှေ့မှာ
`ငှက်ဆိတ်တဲ့သစ်စည်း´ကို ရွတ်တယ်
ပိုပိုရဲ့ အနုပညာသီအိုရီစာအုပ်တစ်အုပ်ကို နည်းမလည်ဘဲ ကြိုးစားဖတ်ရှုခဲ့ပေမယ့် နားလည်မှုဆီရောက်မသွားခဲ့ပါဘူး
ပိုက်ဆံအတွက်
တူးဒီရောင်းတယ်
ဘောပွဲကျန်ဖြတ်လုပ်တယ်
ဝါကျင့်ကျင့်မီးရောင်အောက်မှာ ချန်ပီယံလိဂ်ဘောလုံးပွဲများ စတင်ချိန်အထိ ဘရားသားစ်ကာရာမာဇော့နဲ့ နေထိုင်ခဲ့တယ်
ဒရောဝင်ပေပါတစ်ရွက်ပေါ်မှာ I wanna fuck them all ဆိုတဲ့ စာတမ်းရေးပြီး အခန်းအပြင်ဘက်မှာ ကပ်ထားခဲ့တယ်
ရက်များမကြာမီဘဲ အဲဒီစာရွက်ပေါ်မှာ
ကျောင်းသူတွေရဲ့ နံမည်တွေနဲ့ ပြည့်နှက်သွားခဲ့တယ်။
ညနေဘက်ဆို
ပိုကာဝိုင်းထိုင်ရင်ထိုင်
ဒါမှမဟုတ် အရက်နည်းနည်းသောက်ပြီး
`ဒီလိုမချစ်ဘူး မပြောပါနဲ့´လို့ ကာရာအိုကေဆိုင်မှာ အော်ရင်အော်
ဒီလို့နဲ့
ကျွန်တော့်သူငယ်ချင်းတစ်ယောက်
အယ်လ်နောင်းရဲ့ `အချစ်´သီချင်းလေးညဉ်းရင်းညဉ်းရင်း
တွင်းတစ်ခုထဲပြုတ်ကျသွားတယ်
သူငယ်ချင်းတစ်ယောက်က သူ့ကိုသရဲစီးနေပါပြီ်ဆိုပြီး ကြုံးအော်နေချိန်မှာ နောက်တစ်ယောက်ကတော့ သူ့ရဲ့ အခန်းထဲမှာ
ငါးမုန့်ကြော်တစ်ထုပ်ကို တိတ်တဆိတ် စားသောက်နေခဲ့တယ်
ကျွန်တော်လည်း ငှားလာတဲ့ မဂ္ဂဇင်းထဲက
ဧကစာချိုရဲ့ ကာတွန်းတစ်ကွက်နဲ့
လိပ်ပြာသန့်သန့်ရဲ့ `အိမ်ထောင်ရေး အစီရင်ခံစာ´ကို မိတ္တူကူးပြီး
အခန်းတံခါးမှာ ကပ်ထားလိုက်တယ်

Read Full Post »

`သူ့ဘ၀၏ နာကျင်မှုက သူ့ကို မိုက်မဲမှုထဲသို့ ဆွဲနှစ်နိုင်သေးသည် မဟုတ်ပါလား´ နေမျိုး

သူတက်ခဲ့တဲ့ကျောင်း
သူပေါင်းခဲ့တဲ့ သူငယ်ချင်း
သူရင့်သီးခဲ့တဲ့ (သူ့)မိဘတွေ
သူကော့ပန်းခဲ့တဲ့ သေး
သူမွေးခဲ့ဘူးတဲ့ အမျိုးသားရေး စိတ်ဓာတ်
သူဆေးခဲ့ရတဲ့ တစ်မိသားစုလုံးရဲ့ စားကြွင်းစားကျန်
သူပျံသန်းခဲ့ဘူးတဲ့ `အသဲကွဲငှက်တွေသာ ပျံသန်းခွင့်ရှိတဲ့ မိုးကောင်းကင်´ဆိုလား
သူအလုပ်ဝင်ခဲ့တဲ့ ဂျာနယ်တိုက်
သူငိုက်နေကျ စားပွဲ
သူဆွဲလာတဲ့ ကျန်ကျောင်းအိတ်
သူအိပ်ခဲ့တဲ့ အနှိပ်သမလေးများ
သူမပေးဖြစ်ခဲ့တဲ့ အကြွေးတွေ
သူရိုက်ပစ်ခဲ့တဲ့ ခွေးတွေ၊ လူတွေ
သူသတ်ခဲ့တဲ့ ပိုးဟပ်တွေ၊.. တွေ
သူလောလောဆယ်ရနေတဲ့ ၀င်ငွေ
သူစိတ်နဲ့ ပြစ်မှားခဲ့ဖူးတဲ့ (သူ့ရဲ့) မူလတန်းပြဆရာမ
သူအင်မတန်နှစ်သက်တဲ့ ဒေါ့စတာယက်ဗ်စကီး၊ ရှောင်ပင်းန်…
သူသတ်သေဖို့ ကြိုးစားခဲ့တဲ့ နည်းလမ်းတွေ
သူ,မလိုအပ်ခဲ့တဲ့ ကိုးကွယ်ရာ ဒြပ်ရှိ/ဒြပ်မဲ့ အရာတစ်ခုခု
သူ,မတွေ့ရှိသေးတဲ့
ဘ၀… နေနည်း…

 

 

မဆ

Read Full Post »

ဟေ့ဟေ့ နွားနို့ကို ဒီအတိုင်း မော့မသောက်နဲ့လေ pancakes pancakes pancakes ယူ ကော်ဖီယူဦးမလား ဟင့်အင်း ဘီယာရရင်တော့ သောက်ချင်တယ် me,too ခင်ဗျားကရော ဘာလုပ်ပေးနိုင်မှာမို့လဲ အထီးကျန်နေတဲ့ မင်းသမီးလေးဟာ မင်းသားလေး စစ်ထွက်သွားတဲ့အခါ ကျွန်တော် တရုတ်လို မပြောတတ်ဘူး ကောင်မလေးတစ်ယောက်ကို နာမည်မေးတော့မယ်ဆိုရင် by the way, လေထဲ လွင့်ပါလာတဲ့ အမျှင်တစ်ခု မင်းဘယ်တော့မှ ဟိုကောင့် ခြေရာကို နင်းနိုင်မှာ မဟုတ်ဘူး အဲဒီလို ဘယ်တုံးက စဖြစ်တာလဲ နောက်ဆုံးတခေါက်တွေ့တုံးကအထိ ငါက အပျိုရည်မပျက်သေးတဲ့ မိန်းမတွေနဲ့ မအိပ်ချင်ဘူးကွ အော် နှစ်တွေတောင် ကြာခဲ့ပြီ တောင်ကုန်းထိပ်က အနီရောင်အရွက်နဲ့ သစ်ပင် နံရံတွေလှိုက်စားထားတဲ့ ရေတွင်း ကြည်လင်ပေမယ့် မမြင်နိုင် ပခုံးချင်းတိုးတိုက်မိတယ် ပြီး ဆက်လျှောက်သွားတယ် 100 % perfect တဲ့လား အဲဒီဘက်မှာ ၀မ်းရောဂါတွေဖြစ်နေတယ် ဘာကိုမှ မကွဲပြားတော့ပါ ရှင်ကကျမကို ခေါ်သွားမလို့လား နံရံမှာ ချိတ်ထားတဲ့ ရေပန်းကရားဟာ ဘာအတွက် တချိန်ချိန်မှာ ရေတွေပန်းကို ပန်းရမှာ လေယာဉ်ပေါ်က ကန်ချခံရတဲ့ ဒူးရွှန့် သင်္ဘောပေါ်က ကန်ချခံရတဲ့ ဒေါက်တာသိန်းမောင် အမိမြေမှ သားကောင်းများ အမိမြေကို ပြန်လာတဲ့ သူရဲကောင်းထည့် သေတ္တာ ခင်ယုမေရဲ့ လည်စည်းဟာ ခင်ဗျားနဲ့လည်း တစ်စိတ်တစ်ဒေသ..

 

မဆ

Read Full Post »

ဘတ်စ်ကားတွေ

လမ်းပေါ် ပြန်ရောက်လာသလို

ရုံးပိတ်ရက်မှာ

ရုံးမပိတ်သူတွေနဲ့အတူ

ငါတို့လည်း အွန်လိုင်းပေါ် ပြန်ရောက်လာခဲ့တယ်

အပြင်ထွက်လည်ပတ်သူတွေလည်း

မောပန်းနွမ်းနယ်လို့

အိမ်တွင်း ငြိမ်ကုပ်သူလည်း

ညောင်းချိပင်ပန်းလို့

အားလုံးဟာ တိတ်ဆိတ်နေကြတယ်

မန်ယူခြေမသာဘူး

ဒါပေမယ့်ပေါ့လေ…

ငါတို့လည်း နှုတ်ဆိတ်နေရတယ်

ပြန်လည်ဖွင့်လှစ်စ

ကဖေးဆိုင်ထဲမှာ ….

 

မဆ

Read Full Post »

Lost

A cry was heard among the trees,
not a man’s, something deeper.
The forest extended up one side
the mountain and down the other.
None wanted to ask what had made
the cry. A bird, one wanted to say,
although he knew it wasn’t a bird.
The sun climbed to the mountaintop,
and slid back down the other side.
The black treetops against the sky
were like teeth on a saw. They waited
for it to come a second time. It’s lost,
one said. Each thought of being lost
and all the years that stretched behind.
Where had wrong turns been made?
Soon the cry came again. Closer now.

Stephen Dobyns

Read Full Post »

ရည်မှန်းချက်အောင်မြင်သည်အထိ

နေပူမှာ ခြေပူခံမယ်

လူ့အခွင့်အရေးများ အပြည့်အဝ

နောင်ဘယ်သောအခါမှ မပေါ်ပေါက်ရလေအောင်

ငိုကြွေးခြင်းကို စွန့်လွှတ်ခဲ့ပြီ

ကမ္ဘာ့ငြိမ်းချမ်းရေးကို အကျိုးပြုနိုင်စေ

ပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်

အသက်ဘေးမှ သီသီလေး

အားလုံးအဆင်ပြေသွားမှာပါ

အပြစ်မယူ အာဃာမထားဘဲ

မအောင်မမြင်ဖြစ်ခဲ့ရာ

နှုတ်ဆက်ခဲ့ပါတယ်

မိမိတတ်နိုင်သလောက်

လမ်းမှာပဲ လွမ်းတော့မယ်…

 

မဆ

Read Full Post »

ဒီကောင် ဘာလိုချင်သလဲ

စဉ်းစားလို့ကိုမရဘူး
ဒီကောင်နဲ့ ငါက တက္ကသိုလ်အတူတူ

ဒါပေမယ့် အလုပ်ထဲရောက်မှာ တွေ့တာ

တက္ကသိုလ်တူတယ်ဆိုပေမယ့်လည်း

ငါကျောင်းစတက်တော့

သူကျောင်းပြီးသွားပြီ

အလုပ်ထဲမှာ

ဒီကောင့်အလုပ်တွေ

ငါဝိုင်းလုပ်ပေးရတတ်တယ်

ဒီကောင်ကတော့

ငါ့ကို

Professor ခေါ်လိုက်

Pighead ခေါ်လိုက်ပဲ

တနေ့က

ဒီကောင်ရုတ်တရက်ဖုန်းဆက်လာတော့

ငါလည်း အံ့သြသွားတယ်

အဲဒီမတိုင်ခင်

ငါတို့အမေဆုံးတုံးက

တခါဖုန်းဆက်ဘူးတယ်

ဘာမှလည်းပြောတာတော့မဟုတ်ဘူး

မင်းတို့အမေဆုံးပြီဆို

အေးဟုတ်တယ်

အော်

ဒီတခေါက်လည်း

ဘာမှမပြောပြန်ဘူး

အရင်တုံးကလည်း

ဒီကောင်နဲ့ငါ့အကြားမှာ

ဘ၀ကို ဘယ်လိုမြင်သလဲဆိုတာမျိုး

ပြောလေ့မရှိဘူး

ခု

ဒီကောင် ဘာလိုချင်သလဲ

စဉ်းစားလို့ကိုမရဘူး

 

မဆ

Read Full Post »

အစကတည်းက ဘယ်လိုဘယ်လို
အချစ်ကြီးပြီး အမျက်ကြီးတယ်
စိတ်ကြီးတယ်
ဟိုဟာကြီးတယ် ဒီဟာကြီးတယ်
စမိလို့ကတော့
ငုပ်မိသဲတိုင်
အားနည်းချက်တွေ ရှိတာ
ဝန်ခံပါတယ်
ဒါပေမယ့်
အဲဒီလိုတော့ လာမလုပ်နဲ့
ငါ့ဘက်က အတတ်နိုင်ဆုံး
အစစအရာရာ
တော်ပြီ
ဒီတခါတော့ လွန်သွားပြီ
မင်းတို့က လာလာဆွတာကိုး
လူလည်ကျတာ
ဒင်းသက်သက်လူပါးဝတာ
အတယ်လို့မထင်နဲ့
အဲဒီထက်ကို
လုပ်စရာမလိုဘူးလေ
အဲလောက်တော့
ခုလည်း အစစအရာရာ
မယုံရင်လိုက်ကြည့်
သိတယ် နေရာမှားရောက်လာတာ
သိတယ်
ဝဋ်ရှိသရွေ့တော့ ခံလိုက်ဦးမယ်
တစ်နေ့တော့
တစ်နေ့တော့
အကြောင်းကောင်းကောင်းပြမှာ
အာ
ပလာ
ပလာ
ပလာ…

 

မဆ

Read Full Post »

Older Posts »