အစကတည်းက ဘယ်လိုဘယ်လို
အချစ်ကြီးပြီး အမျက်ကြီးတယ်
စိတ်ကြီးတယ်
ဟိုဟာကြီးတယ် ဒီဟာကြီးတယ်
စမိလို့ကတော့
ငုပ်မိသဲတိုင်
အားနည်းချက်တွေ ရှိတာ
ဝန်ခံပါတယ်
ဒါပေမယ့်
အဲဒီလိုတော့ လာမလုပ်နဲ့
ငါ့ဘက်က အတတ်နိုင်ဆုံး
အစစအရာရာ
တော်ပြီ
ဒီတခါတော့ လွန်သွားပြီ
မင်းတို့က လာလာဆွတာကိုး
လူလည်ကျတာ
ဒင်းသက်သက်လူပါးဝတာ
အတယ်လို့မထင်နဲ့
အဲဒီထက်ကို
လုပ်စရာမလိုဘူးလေ
အဲလောက်တော့
ခုလည်း အစစအရာရာ
မယုံရင်လိုက်ကြည့်
သိတယ် နေရာမှားရောက်လာတာ
သိတယ်
ဝဋ်ရှိသရွေ့တော့ ခံလိုက်ဦးမယ်
တစ်နေ့တော့
တစ်နေ့တော့
အကြောင်းကောင်းကောင်းပြမှာ
အာ
ပလာ
ပလာ
ပလာ…
မဆ
Leave a Reply