ဒီကောင် ဘာလိုချင်သလဲ
စဉ်းစားလို့ကိုမရဘူး
ဒီကောင်နဲ့ ငါက တက္ကသိုလ်အတူတူ
ဒါပေမယ့် အလုပ်ထဲရောက်မှာ တွေ့တာ
တက္ကသိုလ်တူတယ်ဆိုပေမယ့်လည်း
ငါကျောင်းစတက်တော့
သူကျောင်းပြီးသွားပြီ
အလုပ်ထဲမှာ
ဒီကောင့်အလုပ်တွေ
ငါဝိုင်းလုပ်ပေးရတတ်တယ်
ဒီကောင်ကတော့
ငါ့ကို
Professor ခေါ်လိုက်
Pighead ခေါ်လိုက်ပဲ
တနေ့က
ဒီကောင်ရုတ်တရက်ဖုန်းဆက်လာတော့
ငါလည်း အံ့သြသွားတယ်
အဲဒီမတိုင်ခင်
ငါတို့အမေဆုံးတုံးက
တခါဖုန်းဆက်ဘူးတယ်
ဘာမှလည်းပြောတာတော့မဟုတ်ဘူး
မင်းတို့အမေဆုံးပြီဆို
အေးဟုတ်တယ်
အော်
ဒီတခေါက်လည်း
ဘာမှမပြောပြန်ဘူး
အရင်တုံးကလည်း
ဒီကောင်နဲ့ငါ့အကြားမှာ
ဘ၀ကို ဘယ်လိုမြင်သလဲဆိုတာမျိုး
ပြောလေ့မရှိဘူး
ခု
ဒီကောင် ဘာလိုချင်သလဲ
စဉ်းစားလို့ကိုမရဘူး
မဆ
Leave a Reply