တနင်္ဂနွေမှာ
အနားရသူဟာ
တနင်္ဂနွေမှာ
အနားမရတဲ့ ဘတ်စ်ကားကြီးစီး
တနင်္ဂနွေနေ့တိုင်း
ဖွင့်လှစ်တဲ့
ကော်ဖီဆိုင်သို့ ရောက်ခဲ့၏
တနင်္ဂနွေမှာ
ဘတ်စ်ကားတွေချောင်ချိ
တနင်္ဂနွေမှာ
မြို့တပတ်လျှောက်လည်
တနင်္ဂနွေမှာ
သူ့ဆံစလေး သပ်လို့တင်
တနင်္ဂနွေမှာ
ပျော်မဆုံး မော်မဆုံး
နောက်ပြီး မရှိမဖြစ်
တနင်္ဂနွေရုပ်ရှင်
မှန်ချပ်ကို ဖြတ်သန်းကြည့်ပြီး
မနာလိုဖြစ်ရဲ့
ချစ်ခြင်းမေတ္တာအကြောင်း
ပျော်ရွှင်ခြင်းအကြောင်း
နားမလည်နိုင်စွာ
တနင်္ဂနွေမှာ
မဆ
ခေါင်းစဉ်ကို တောကျောင်းဆရာထံမှ ရပါတယ်