ဦးခင်ဟာ
မြို့ ကနေ လေးတိုင်(ရှစ်မိုင်) ဝေးတဲ့
ရွာမှာနေတယ်
ဦးခင် အသက် ၇၈ (လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က)
သားသမီးငါးယောက် (အတူမနေ)
ကိုယ်လုပ်စာ ကိုယ်ရှာစားရတယ် (ဘာလုပ်သလဲ မသိရ)
ဦးခင် ငယ်ငယ်က
ဘုရားထူးသူကြီး သားကို ပါးရိုက်ဖူးဆိုလား
နဲနဲကြီးလာတော့
မိန်းမခိုးရာ
လူစားထိုးဖူးဆိုလား
ဦးခင် အမြဲပြောတယ်
လူ သုံးမျိုးရှိတယ်
လု
လူ
လူး
လု-မဟုတ်တာလုပ်ပြီး အဆင်ပြေနေတဲ့သူ
လူး-မဟုတ်တာ မလုပ်လို့ ဒုက္ခရောက်နေတဲ့သူ
လူ-လုစရာလည်းမလို လူးစရာလည်းမလိုတဲ့သူ
ခုတော့
ဦးခင်
သေပြီ
ထင်တယ်
မဆ
Leave a Reply