“အဓိကဟာ အဓိကပဲ”ဆိုတဲ့
အသံကြောင့်
ကားပေါ်တက်လာတဲ့ ကောင်မလေးကို
လှမ်းကြည့်မိတယ်
ရုတ်တရက်
မျက်စေ့ထောင့်ကနေ
ဖူးဖူးကို တွေ့လိုက်ရတယ်
ဖူးဖူး
ရှေ့ဆက် စိတ်ကူးမဆိုနိုင်အောင်
ငါ့အတွေးများ ဆွံ့အခဲ့ပေါ့
ဖူးဖူးနဲ့ သိကျွမ်းခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်
ဖူးဖူးကို
မချစ်ဘဲ ချစ်တယ်ပြောခဲ့တဲ့
နှစ်ပေါင်း…
ဖူးဖူးနဲ့ ငါ့ကို ကွာဝေးစေခဲ့အကြောင်းများ
၁။ ဖူးဖူးတို့နေတဲ့လမ်းမှာ ခွေးဆိုးတွေရှိတယ်
၂။ ဖူးဖူးရည်းစားက အရမ်းလက်မြန်တယ်
ဖူးဖူးနဲ့ အတိတ်ဟာ
ဖူးဖူးနဲ့ ပစ္စုပန်ဖြစ်လာတဲ့အခါ
ငါ့မျက်စေ့ကို မှိတ်ပြီး
ငိုက်ချင်ယောင် ဆောင်နေရတယ်
မသိမသာ
ထပ်ကြည့်လိုက်တော့
ဟုတ်ပါတယ်
ဖူးဖူးမှ ဖူးဖူးအစစ်ပါ
ဖူးဖူးကို နှုတ်မဆက်ဖြစ်တဲ့ အကြောင်းရင်း
၁။ ဘတ်စ်ကားပေါ်မှာ ဆုံရတာ သူရှက်မှာစိုးလို့ (သူ့ရဲ့ ယခင်အခြေအနေအရ)
၂။ ကျွန်တော် အကြွေးမပေးချင်လို့ ရှောင်နေတဲ့သူတယောက်ဟာ ဖူးဖူးနဲ့သိနေလို့
၃။ ဖူးဖူးဟာ ပုံပျက်ပန်းပျက် ၀နေလို့
ဒီလိုနဲ့
ဖူးဖူးနဲ့ ကျွန်တော်
မှတ်တိုင် တစ်တိုင်ပြီး တစ်တိုင်…
မဆ
Leave a Reply