ဇူလိုင်လရဲ့ ရက်သတ္တပတ်တစ်ခုမှာပေါ့။ ပူနွေးစွတ်စိုတဲ့ နေ့လည်ခင်းတစ်ခုမှာ ကုလားလက်ဘက်ရည်ဆိုင်ကို ထွက်ခဲ့တယ်။ ခနောနီခနော်နဲ့ ကြမ်းခင်းပေါ်က ပလတ်စတစ်ခုံပုလေးတစ်ခုပေါ်မှာ ကိုယ့်ကိုယ်ကို နေရာချလိုက်တယ်။ လေထုထဲမှာ ယင်ကောင်တွေ ပျံဝဲနေတယ်။ နေပြည်တော်ကို အသွား၊ လမ်းမှာ ထမင်းဝင်စားတော့ ယင်ကောင်တွေကို မောင်းဖို့ ဖယောင်းတိုင်တွေ ထွန်းထားသလိုမျိုးတော့ ဒီမှာမဟုတ်ဘူး။ အဲဒီတုံးကလည်း ခုလို ပူနွေးတဲ့နေ့လည်ခင်းပဲ။ မနေ့က ဖတ်ခဲ့တဲ့ crowd-sourcing အကြောင်းခေါင်းထဲဝင်လာတယ်။ အခြေအနေနဲ့လိုက်လျောညီထွေဖြစ်အောင် ပေါ်လာရတဲ့ စကားလုံးအသစ်တွေကို neologism လို့ခေါ်သတဲ့။ ပျင်းရိဖို့ကောင်းတဲ့ နေ့လည်ခင်းမှာ တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံဖို့လည်း ရှိမနေခဲ့ဘူး။ တကယ်တော့ သူ့သူငယ်ချင်းတော်တော်များများဟာ တခြားတိုင်းပြည်တစ်ခုမှာ အလုပ်သွားလုပ်နေတဲ့သူတွေက များတယ်။ ဒီမှာရှိတဲ့ တချို့ကိုလည်း အကြောင်းကြောင်းကြောင့် သူပြန်လည်ဆုံစည်းလိုစိတ်မရှိတော့။ သူငယ်ချင်းတွေနဲ့ ပြန်ဆုံတဲ့အခါ မင်းငါ့လောက်အဆင်ပြေရဲ့လားလို့ ကြည့်တတ်တဲ့ကောင်နဲ့ မင်းငါ့ထက်အဆင်ပြေနေလားဆိုပြီး စူးစမ်းတဲ့ကောင် နှစ်မျိုးပဲရှိလို့ သူ့သူငယ်ချင်း(အဟောင်း)တွေကို သူအသုံးပြုလိုစိတ်မရှိတော့တာပဲ ဖြစ်သည်။ ဒီရက်တွေမှာ အလိုလိုနေရင်း ပျော်ရွှင် (သက်တောင့်သက်သာဖြစ်)မှုတစ်ခုကို အလိုလိုနေရင်း ရနေခဲ့တာလည်း သူ့ဖာသာ သတိထားနေမိခဲ့သည်။ တကယ်တော့ ပျော်တယ်မပျော်ဘူးဆိုတာ အစာကြေညက်မှုရှိမရှိအပေါ်မှာပဲ မူတည်နေတာလည်း ဖြစ်နိုင်သည်။ သူ့ရှေ့ကလမ်းမှာ မိုးရေထဲထီးမပါပဲ သူလျှောက်သွားခဲ့ဘူးသည်။ ဆန္ဒပြပွဲတစ်ခုမှာ အားနာပါးနာလိုက်ပါခဲ့စဉ်ကလည်း မိုးရေထဲထီးမဆောင်းပဲ လျှောက်ခဲ့ရသည်ကို မှတ်မိနေသည်။ မိုးရေစိုစွတ်ပြီးလက်နေတဲ့ မီးရတားစက်ခေါင်း ပြီးတော့ တဖွဲဖွဲကျဆင်းနေသာ မိုးစက်တွေကြား ပျံ့လွင့်နေတဲ့ မီးခိုးတွေ.. ဒါတွေကို သူကိုယ်တိုင်မြင်ခဲ့တာလား၊ ဒီဗွီဒီတစ်ချပ်ရဲ့ ဇာတ်ဝင်ခန်းတစ်ခုလား။ အတိတ်ကို ပြန်တွေးရင် ကြည်ကြည်လင်လင်မှတ်မိတယ်ဆိုတဲ့လူတွေကို သူအံ့သြသည်။ သူအံ့သြတာကို သူများလည်း အံ့သြမှာပဲဆိုပြီး စာထဲထည့်ရေးတာမဟုတ်ပါ။ တကယ်တော့ သူနေထိုင်ရာ နေရာ၏ နောက်ခံကားမှာ သတ်မှတ်ထားတဲ့အခန်းအကူးအပြောင်းတွေနဲ့ ပြဇာတ်တစ်ပုဒ်လို ဖြစ်သည်။ ၄၈၊ ၅၈၊ ၆၂၊ ၇၄၊ ၈၈၊ ၁၁၀ ဇာတ်လမ်းရဲ့အရေးကြီးတဲ့အခန်းတချို့ဟာ ကျောင်းသုံးစာအုပ်ထဲကဖြစ်စေ၊ ပြတင်းပေါက်ကတဆင့်ဖြစ်စေ သူ့ရဲ့ သိမှုနယ်ပယ်ထဲကို ၀င်ရောက်လာလေ့ရှိသည်။ ဒီ ပြဇာတ်အိုကြီးက သူ့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းနဲ့ ဆက်စပ်မှုရှိနေမည်ဟု တခါတလေတွေးမိသော်လည်း အဲဒီလောက်အထိပဲဖြစ်သည်။ လူတွေဟာ စိတ်လှုပ်ရှားတတ်ကြသည်။ ထုံပေပေဖြစ်သွားတ်ကြသည်။ ဆိုင်ရှေ့ ဗာဒံပင်က သစ်ရွက်တွေ စိမ်းစိုနေသည်။ သူမှာထားသော အကြော်ပူပူနွေးနွေးတစ်ခုရောက်လာသည်။ အစမ်းစာ/essay /၀တ္ထုဆောင်းပါး ဘယ်လိုခေါ်ခေါ် ရေးမည်ဆိုလျှင် လွမ်းဆွတ်တဲ့အငွေ့လေး (ရှိသည်ဟုထင်ရသည့် အမှန်တရားကို လွမ်းတာပဲဖြစ်ဖြစ်)ထည့်ရသည်။ ဒီအချက်ကိုတော့ တော်တော်များသိကြပေမယ့် အစားအသောက်အကြောင်းလေး ထည့်ထည့်ရေးပေးရသည်ဆိုတာတော့ စာရေးစား(ဖို့ကြိုးစားနေ)သူတချို့ သိပုံမရ။ ဒါပေမယ့် အပြစ်တင်စောလို့လည်း မဖြစ်ပြန်။ ဒါမျိုးဆိုတာက သင်ရိုးနဲ့ဘာနဲ့ ဆို အလွယ်လေးကိုး။ ဒီမှာက တိုက်ရင်းလေ့ကျင့်..အဲ..ထားပါ။ သူ့မှာ ပခုံးတွန့်တတ်သောအကျင့်ကလည်း မရှိပြန်တော့ ဗယာကြော်ကို ချဉ်ရေထဲ နာနာနှစ်လိုက်သည်။
-
Archives
- February 2020 (2)
- January 2020 (6)
- December 2019 (6)
- November 2019 (7)
- October 2019 (6)
- September 2019 (6)
- August 2019 (7)
- July 2019 (3)
- June 2019 (1)
- May 2019 (4)
- April 2019 (1)
- November 2018 (1)
- February 2018 (1)
- January 2018 (1)
- December 2017 (2)
- November 2017 (1)
- October 2017 (2)
- September 2017 (2)
- August 2017 (2)
- July 2017 (1)
- June 2017 (2)
- May 2017 (2)
- April 2017 (2)
- March 2017 (4)
- February 2017 (3)
- January 2017 (3)
- December 2016 (3)
- October 2013 (1)
- September 2013 (2)
- August 2013 (1)
- July 2013 (3)
- June 2013 (1)
- May 2013 (1)
- April 2013 (4)
- February 2013 (2)
- January 2013 (1)
- November 2012 (1)
- July 2012 (2)
- June 2012 (3)
- May 2012 (1)
- April 2012 (2)
- February 2012 (2)
- January 2012 (4)
- December 2011 (1)
- November 2011 (1)
- October 2011 (1)
- August 2011 (2)
- July 2011 (3)
- June 2011 (4)
- May 2011 (3)
- April 2011 (4)
- March 2011 (2)
- February 2011 (2)
- January 2011 (2)
- December 2010 (7)
- November 2010 (5)
- October 2010 (3)
- September 2010 (4)
- August 2010 (4)
- July 2010 (3)
- June 2010 (2)
- May 2010 (11)
- April 2010 (14)
- March 2010 (9)
- February 2010 (3)
- January 2010 (3)
- December 2009 (9)
- November 2009 (3)
- October 2009 (3)
- September 2009 (5)
- August 2009 (5)
- July 2009 (9)
-
Categories
- Booknote (2)
- English (11)
- Letter (2)
- Poem (143)
- Prose (47)
- Translation (37)
- Asymptote (30)
- Travelogue (5)
- Uncategorized (1)
-
Pages
`ဆန္ဒပြပွဲတစ်ခုမှာ အားနာပါးနာလိုက်ပါခဲ့စဉ်ကလည်း မိုးရေထဲထီးမဆောင်းပဲ လျှောက်ခဲ့ရသည်ကို မှတ်မိနေသည်။ ´
-ဆန္ဒပြပွဲ(၀ါ)မိမိဆန္ဒကို ထုတ်ဖော်ပြသမှုမှာ အားနာပါးနာ(၀ါ) အားနာမှုကြောင့်
မိုးရွာထဲ ထီးမဆောင်းဘဲ လမ်းလျှောက်(ပုံမှန်မဟုတ်တဲ့ ရာသီဥတုမှာ အကာအကွယ်မပါဘဲ စီးတော်ယာဉ်တစ်မျိုးမျိုးမပါဘဲ စိတ်ဒုက္ခရောက်ခံ)တဲ့ ကိစ္စကို ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။မေးခွန်းတချို့လည်း ပေါ်လာပါတယ်။
-ဆန္ဒပြပွဲ(မိမိဆန္ဒထုတ်ဖော်ပြသပွဲ)ဆိုတာ အားနာပါးနာနဲ့ ပါဝင်လို့ရပါသလား?
-အားနာတဲ့ နေရာမှာလည်း မိုးရွာထဲ ထီးမဆောင်းဘဲ လမ်းလျှောက်ရလောက် အောင် အားနာရပါသလား?
-အဲသလို အားနာအောင် ဘယ်အကြောင်းအရာ/ဘယ်လူပုဂ္ဂိုလ်/ဘယ်စိတ်ခံစားချက်က စေ့ဆော်တိုက်တွန်းထားလို့ပါသလဲ?
နောက်ဆုံးမေးခွန်း
-ဘာကို ဘယ်အတွက် ဆန္ဒပြကြပါသလဲ?
နောက်ဆုံးရလာဒ်ကဘာလဲသိနေတယ်..
အပြောင်းအလဲတစ်ခုကို ဆောင်ယူမလာနိုင်ဘူးဆိုတာ သိတယ်..
awareness တစ်ခုရမယ်.. ဒီလောက်ပဲ.. ဒါပေမယ့် ဒီလောက်များတဲ့လူတွေ.. they have been suffering like me. they are doing it for the sake of just doing it… ကျွန်တော်အားနာသွားပါတယ်..