သူမ အရက်စွဲပြီးသေခဲ့
ပင်လယ်ကူးသင်္ဘောတစ်စီးပေါ်
စားပွဲနဲ့တွဲလျက်သား ကုလားထိုင်ပေါ်
စောင်တထည် ပတ်လျက်သား။
သူမရဲ့စာအုပ်မှန်သမျှ
ခြောက်ခြားနေတဲ့ အထီးကျန်မှု။
သူမစာအုပ်တွေအားလုံး
မေတ္တာမပါတဲ့ အချစ်ရဲ့
ရက်စက်မှုအကြောင်း။
အဲဒါတွေသာ
သူမ ချန်ထားနိုင်ခဲ့။
ကုန်းပတ်ပေါ်လမ်းလျှောက်ထွက်လာတဲ့
ခရီးသည်တစ်ယောက်က
သူမရဲ့ ခန္ဓာကို တွေ့ခဲ့။
သင်္ဘောကပ္ပတိန်ကို အကြောင်းကြား။
သင်္ဘောပေါ်က တခြားတစ်နေရာကို
အလျင်အမြန်ရွှေ့ထားလိုက်ကြတယ်။
အရာအားလုံးဟာ
သူမရေးသားခဲ့တဲ့အတိုင်း
ခရီးဆက်ခဲ့။
Leave a Reply