ကော်ရိုနာဒိုလမ်း ဒုတိယထပ်မှာ
ကျုပ်မူးလာရင်
ဖွင့်ထားတဲ့ ရေဒီယိုကို
ပြတင်းပေါက်က ပစ်ထုတ်လိုက်တယ်
ရေဒီယိုက ပြတင်းပေါက်မှန်ကို ခွဲ
ပြီးတော့ အမိုးပေါ်ကျ
အဲဒီမှာလည်း ရေဒီယိုဟာ ဆက်ပြီး လာနေရဲ့
မိန်းမကို ကျုပ်ပြောလိုက်တယ်
“ဟေ့… သတ္တိကောင်းတဲ့ရေဒီယိုပဲကွ”
နောက်နေ့မနက်ကျ ပြတင်းပေါက်ကို
ပတ္တာကနေဖြုတ်
လမ်းအောက်ဘက်က
မှန်သမားဆီသယ်သွား
သူက မှန်တချပ်လဲပေးတယ်
ကျုပ်မူးတဲ့အခါတိုင်း
ရေဒီယိုကို ပြတင်းပေါက် ပစ်ထုတ်မြဲ
ပြီးတော့ အမိုးပေါ်ကျ
ရေဒီယို ဆက်ပြီးလာနေ
မှော်ဆန်တဲ့ ရေဒီယို
သတ္တိကောင်းတဲ့ ရေဒီယို
မနက်ကျရင် ပြတင်းပေါက်ကို
မှန်သမားဆီ ကျုပ်သယ်သွား
အဲဒါ ဘယ်လိုအဆုံးသတ်သွားသလဲ ကျုပ်သေချာ မမှတ်မိတော့
ကျုပ်တို့အဲဒီကလပြောင်းလာကြတာပဲ
သိတော့တယ်
အဲဒီမှာ အောက်ထပ်က အမျိုးသမီး
ခြံဝင်းထဲ ရေချိုးဝတ်စုံနဲ့အလုပ်လုပ်ရဲ့
ငန်းပြားနဲ့ဟိုထိုးဒီဆွ
သူမရဲ့ အနောက်ပိုင်းဟာ လေထဲမြောက်တက်လို့
ကျုပ်က ပြတင်းပေါက်မှာထိုင်
သီချင်းလေးဖွင့်ပြီး
အဲဒီဟာပေါ် နေရောင်ဖြာကျတာ ကြည့်ရဲ့
သတ္တိကောင်းတဲ့ ရေဒီယို
August 10, 2010 by Kanyan
Leave a Reply