ဗိုက်ထဲက နာသလိုဖြစ်ပီး အိပ်ယာက နိုးလာတယ်။ မိနစ်နဲနဲလောက်ကြာတော့ ထပီး အိမ်သာတက်လိုက်တယ်။ အိမ်သာတက်ရင်း မြင့်သန်းဘာသာပြန်တဲ့ ရေမွန်ကာဗာရဲ့ ၀တ္ထုတိုတွေထဲက “အိမ်နီးချင်း”ဆိုတဲ့ အပုဒ်ကို ဖတ်နေမိတယ်။ ဖတ်ရင်းနဲ့ “ပျော်ကြပေတော့”ဆိုတဲ့ စကားစုလေးကို သွားတွေ့မိတယ်။ ပျော်ကြပေတော့ ဆိုတာ ဘယ်လိုများပါလိမ့်။ မူရင်းမှာ be happy များ ဖြစ်လေမလား တွေးမိတယ်။ မူရင်းက be happy ဆိုရင်တော့ ပျော်ကြပေတော့ လုပ်လို့ မလျော်လှဘူး။ ပျော်ကြပေတော့က သရော်သံ ပါနေလို့ပဲ။ ဘာသာပြန်သမားက အဲဒီလို လေရှိသူမို့ ချော်ပြန်မိတယ်ဆိုလည်း အံ့သြစရာတော့ မရှိဘူး။
ဝတ္ထဲုက ပထမလင်မယားနှစ်ယောက်က ဒုတိယ လင်မယားနှစ်ယောက်ကို အားကျနေတဲ့ပုံ၊ နည်းနည်းလည်း မပျော်မရွှင် ဖြစ်နေပုံပဲ။ ဒုတိယလင်မယားက ပိုပြီးသုံးနိုင်စွဲနိုင်ကြတယ်။ သူတို့ခရီးသွားရင် ပထမလင်မယားက သူတို့အိမ်ခန်းကို ကြည့်ပေးရတယ်။
ဝတ္ထုထဲက ဇာတ်ကောင်တွေက ကြောင်စာကြွေးကြ၊ အရက်သောက်ကြ၊ အလုပ်သွားကြ၊ ကိုယ်ကာယ နှီးနှောကြ (ဒီနေရာမှာလည်း မူရင်းက they fucked လား၊ they made love လားတွေမိတယ်။ တဆက်တည်း ချစ်မှုပြုတယ်ဆိုတဲ့ မြန်မာမှုပြုပုံကိုလည်း သွားသတိရမိတယ်) လုပ်နေကြတုံး ကျွန်တော်လည်း ချီးဆက်ပါနေတယ်။ အဲဒီ ကိုယ်လက်နှီးနှောကြတယ် ဆိုတဲ့အပိုဒ် အပီးမှပဲ ကျွန်တော့်ရဲ့ အိမ်သာတက်ခြင်းကိစ္စကလည်း ပြီးသွားတယ်။
ညဦးပိုင်းက သောက်ခဲ့တဲ့ နွားနို့ရဲ့ တန်ခိုးကြောင့် အာနိသင်ကြောင့် ဖြစ်လိမ့်မယ်။ ချီးကို တ၀ကြီးပါလိုက်ရတယ်။ ငုံကြည့်လိုက်တော့လည်း တော်တော်များတာတွေ့ရတယ်။
အိမ်သာကထွက်လာတော့ ကျွန်တော် ပျော်နေတယ်။ အကြောအချင်တွေလည်း ပျော့ပြီး နေရတာ အတော်သောင်သာနေတယ်။ ဆယ်တန်းတုံးက သူငယ်ချင်းတစ်ယောက်ဆီက ကြားဖူးတဲ့ ကဗျာတစ်ပုဒ်ကိုတောင် ရွတ်မိတယ်။ “If you want to shit at ease,..”။
ရှေ့ဆက်ပြီးတော့တော့ မရွတ်ဖြစ်ဘူး။ ဘာဖြစ်လို့ဆို ကျွန်တော်က အဲဒီတစ်ကြောင်းပဲ မှတ်မိတာကိုး။