‘He should have seen it coming. His life had been one mishap after another. So he should have been prepared for this one…’ Howard Jacobson
အဲဒီတုန်းက သူတို့အချစ်ကို မတွေ့ရှိသေး
အဲဒီတော့ အချစ်ကိုလည်း အဆုံးရှုံးမခံဘူးသေးခင်ပေါ့..
အဲဒီတုန်းက သူတို့တွေ ဖခင်လည်း မဖြစ်ကြသေးဘူးလေ..
ကွေကွင်းရခြင်းရဲ့ စုတ်ပဲ့တဲ့အရသာကို မြည်းစမ်းမကြည့်ခင်
အဲဒီတုန်းက
ဆုံးရှုံးရမှာကို စိုးရွံ့တတ်လောက်အောင်
ဘယ်ဟာကိုမှလည်း တန်ဖိုးမထားတတ်ခဲ့
အဲဒီတုံးက
တကယ့်ကို မသိခဲ့တာ
ဘ၀မှာ မပျော်မရွှင်မဖြစ်ရလေအောင်
ပျော်ရွှင်စရာဆိုတာကိုလည်း မသိတတ်ခဲ့လေမှ ဆိုတာရောပေါ့..
မဆ
Finkler Question ဟာ Howard Jacobsonရဲ့ ၂၀၁၀ ဘွတ်ကာဆုရစာအုပ်နာမည်ဖြစ်ပါတယ်..
ပါဝင်တဲ့text တွေကလည်း အဲဒီစာအုပ်အကြောင်း ရေးထားတဲ့ ၀ီကီမှတ်စုကနေ ယူထားတာ ဖြစ်ပါတယ်..