၂၀၀၇တုံးက မြစ်ထဲခုန်ချဖို့ သူစိတ်ကူးနေခဲ့တယ်..ဘ၀မှာ နေ့တိုင်းဟာ အရေးကြီးမနေဘူးဆိုတာ သူ့ကို မနည်းပြောပြရတယ်.. နောက်တော့လည်း ဘုန်းကြီးအရေးအခင်းနဲ့ နာဂစ်မုန်တိုင်းက သူ့ကို သယ်ဆောင်သွားခဲ့တယ်..အနုပညာဓာတ်ခံရှိတဲ့လူတွေရဲ့ ထုံးစံအတိုင်း သူ့ရင်ထဲမှာ မိန်းမတယောက်ကို အကြာကြီး နေရာမပေးဘူး..နေရာမပေးဘဲလည်း အကြာကြီးမနေဘူး..မူးလာရင် (ရမ်ခေတ်တုံးက တစ်ပိုင်း..၀ီခေတ်ရောက်တော့ ဟိုက် ခြောက်ပက်ဆိုရင် သူမူးလေ့ရှိတယ်) သူငယ်ချင်းဆိုတာ အချင်းချင်း judge မလုပ်ရဘူးလို့ ပြောလေ့ရှိတယ်..လူဖြစ်တဲ့သူ့မှာ လူရိုသေရှင်ရိုသေဖြစ်ချင်စိတ်လေးတော့ ရှိတယ်..ဒါပေမယ့် ၁၉၉၀ပြည့်နှစ်များမှာ လူလားမြောက်သူပီပီ အဲဒီစိတ်လေးကို အတင်းဖုံးထားရှာတယ်..ဆေးပေါ့လိပ်ပြာတွေ သူခိုနားနေတဲ့ ဂျာနယ်တိုက်ရဲ့ကောဇောပေါ် ချွေချွေချရင်း ငါဟာ fifth element ၂ပါကွာလို့ ဆိုတယ်..ဒီအဆိုကို သူ့ဘလော့မှာ ဟစ်ကောင့်ဘယ်လောက်ရှိသလဲ နေ့တိုင်းအင်တာနက်ဆိုင်ပြေးကြည့်နေတာက ငြင်းဆိုတယ်..ကလေးတွေကတော့ ဒီလိုပဲ စားပွဲတွေကြား ပြေးလွှာနေမှာပဲပေါ့..မင်းလည်းတစ်နေ့လေးနာရီလောက် ဟောလီးဝုဒ်ရုပ်ရှင်တွေကြည့်လာတာပဲ ဒါတွေသိပါတယ်ပြောပြီး ဖြောင်းဖြရတယ်..နောက်တော့လည်း တွဲဘက်ကျောင်းတစ်ခုမှာ ဆရာလုပ်မယ်ဆိုပီး နယ်ဘက်ထွက်သွား..ရန်ကုန်ပြန်ရောက်တဲ့အခါ နေပြည်တော်အောက်က ကော်ဖီဆိုင်ထိုင်ဟိုဒီပြောကြ..ညနေစောင်းတော့သူ့ကိုမjudgeကြတဲ့သူတွေပဲ သူမပီးမော်ရွှေလီချီတက်..တခါတော့ ဦးပေါ်ဦးမသာချတဲ့ပုံဟာ မြန်မာ့ပထမပါဖောင်းမင့်ဆိုပြီး ဆောင်းပါတပုဒ်ရေးယူလာလို့ တောင်းယူထားပြီး ဖျောက်ပစ်လိုက်တယ်..ဒီသင်္ကြန်တော့ ဆံပင်တွေဆေးဆိုးပီး ပေါက်ချလာတယ်.. ကွန်ယက်ထဲ ၀င်မယ်ပြောတယ်..ယောက်လမ်းထဲမှာ စစရ ရှိသေးလားမေးတယ်..
၁။ Troll Story, André Øvredal
၂။ Fifth Element, Roberson Davies
မဆ
အနုပညာဓာတ်ခံရှိတဲ့လူတွေရဲ့ ထုံးစံအတိုင်း သူ့ရင်ထဲမှာ မိန်းမတယောက်ကို အကြာကြီး နေရာမပေးဘူး.အဲဒါ တကယ်လားဆရာ။