အဲဒီ ဆယ့်ငါးမိနစ်ဟာ မုန့်ဈေးတန်းမှာ ကပ်စီးနဲဝယ်ဖို့ဖြစ်ဖြစ်၊ စားကြည့်နေကြာစေ့ဝယ်ဖို့ဖြစ်ဖြစ် လုံလောက်ခဲ့တယ်။ မိုးမိုးလွင်ဘောလီဘောကစားတဲ့နေတွေဆိုငါတို့ နေကြာစေ့မစားဖြစ်ဘူး။ မျိုးမျိုး ငါ့လက်ဖမိုးကို ခဲတံနဲ့ထိုးခဲ့တာ နေ့လယ်နှစ်နာရီလေးဆယ့်ငါးနဲ့သုံးနာရီကြား။ အကျီလက်ရှည်ကို ခေါက်ဝတ်ခဲ့တဲ့နှစ်တွေမှာ အားလပ်ချိန်တွေဆို ငါဟာ ကျင်ငယ်နံ့နဲ့ စီးကရက်မီးခိုးထဲ မျောလို့။ ဆယ့်ငါးမိနစ်အားလပ်ချိန်မှာ ငါ့ကိုချောင်းရိုက်ခဲ့တဲ့သူငယ်ချင်းကပဲ နောက်ထပ်ဆယ့်ငါးမိနစ်အားလပ်ချိန်တစ်ခုမှာ အိမ်နဲ့အဆင်မပြေဖြစ်နေတဲ့ ငါ့ကိုအားပေးစကားပြောခဲ့တာ။ ကုလားကြီးကတော့ သုံးမိနစ်အတွင်း ကျောင်းဝင်းကိုဖြတ်ပြီး ဘစ်ဒင်တူးကနေ ဆစ်ရောက်အောင်လာတယ်။ ပြီးဝရန်တာမှာ တင်ပလွှဲမိန့်မိန့်ကြီး ခုနှစ်တန်းအေပြတင်းပေါက်ကိုငေးတာပဲ။ ငါက နယ်ကျောင်းတွေ တစ်ကျောင်းပြီးတစ်ကျောင်းပြောင်းတက်တယ်။ ရောက်တဲ့မြို့တိုင်းမှာ ဘီးအီးအိပ်ခ်ျအက်စ် ၀မ်းတွေချည်း။ အမြဲတစေ ဆယ့်ငါးမိနစ်အနားပေးတာပဲ။ ငါတို့အနားမတောင်းလဲ အနားပေးတာပဲ။ ဆယ့်ငါးမိနစ်နဲ့မလုံလောက်တဲ့အခါ သောက်ရေအိုးကြီးသွန်ပစ်ပီး ကျောင်းဝင်းနဲ့လှမ်းတဲ့ ရေတွင်းအိုကြီးဆီငါတို့ထွက်ခဲ့။ ခေါင်းလောင်းသံမြည်လာတဲ့အခါ စုပြုံပြေးသွားတဲ့ အုပ်စုထဲငါတို့မပါဘူးဆိုတဲ့အသိနဲ့ အားလုံးရဲ့နှုတ်ခမ်းတွေ တွန့်လို့ကွေးလို့။
မဆ
ငယ်ဘ၀များ၊အဖြူလို့ မခေါ်နိုင်တော့တဲ့ ကျောင်းစိမ်းအဖြူဝတ်ဖိနပ်မဲ့ကလေးငယ်များ၊အချိန်နာရီကာလတရားများ၊အမှတ်အတေးများ၊တိုက်ဆိုင်မှုများ၊မြို့ပြရပ်ရွာအပြောင်းအရွှေ့များ၊ပြန်မရနိုင်တော့တဲ့ ကျိုးပြတ်သော အချိန်၊