ညက အိပ်မက်ထဲမှာ ဂန္ဒမာဒနတောင်ပေါ် ရောက်ခဲ့တယ်
သေပြီးသူတစ်ယောက်ရဲ့ အလိုအရ ဒီအိပ်မက်ကို မက်ခဲ့တယ်
တောင်ပေါ်မှာ သစ်ပင်တွေ (အမျိုးအမည်မသိ) ပေါက်နေတယ်
ပန်တွေ နည်းနည်း ပွင့်နေတယ်
သူတို့ကို မသိခြင်းက င့ါကို သက်တောင့်သက်သာဖြစ်စေတယ်
မဆ
Posted in Poem on June 26, 2012| Leave a Comment »
ညက အိပ်မက်ထဲမှာ ဂန္ဒမာဒနတောင်ပေါ် ရောက်ခဲ့တယ်
သေပြီးသူတစ်ယောက်ရဲ့ အလိုအရ ဒီအိပ်မက်ကို မက်ခဲ့တယ်
တောင်ပေါ်မှာ သစ်ပင်တွေ (အမျိုးအမည်မသိ) ပေါက်နေတယ်
ပန်တွေ နည်းနည်း ပွင့်နေတယ်
သူတို့ကို မသိခြင်းက င့ါကို သက်တောင့်သက်သာဖြစ်စေတယ်
မဆ
Posted in Poem on June 26, 2012| Leave a Comment »
စစ်ကြီးပြီးသွားတာ ကြာတော့
စစ်ကြီးကို လူတွေမေ့သွားတယ်
စစ်ကြီးပြီးသွားတာ ကြာတော့
လုတွေ အတ္တကြီးလာတယ်
…………………………………….
…………………………………………
နောက်ထပ်စစ်ကြီး ထပ်ဖြစ်တယ်
မဆ
Posted in Poem on June 12, 2012| Leave a Comment »
အဲဒီနေ့ကလေတွေ အရမ်းတိုက်တယ်..ဘယ်လောက်တိုက်သလဲဆိုရင် ချွန်ထက်တဲ့အရာတွေ တုံးသွားတဲ့အထိပဲ..လေတိုက်ပြီးနောက်ပိုင်း အိမ်တွေမှာရှိတဲ့ ဒါးတွေအကုန်တုံးကုန်တာ တွေ့ကြရတယ်..သွားကြားတိုးတံတွေတောင် သုံးလို့မရတော့ဘူးလို့ နောက်ပိုင်းမှာ တွေ့ရှိကြရတယ်။ လေတိုက်သွားပြီးခဏနေတော့ မိုးစက်တွေကျလာတယ်..ဒီနေရာမှာ သတိပြုရန်အချက်က လေရောမိုးရောဆိုတာမျိုးမဟုတ်ူဘူး..လေကသပ်သပ်မိုးကသပ်သပ်..မိုးစက်တွေဟာ မြေပြင်ပေါ်ကိုကျလာတယ်..မွဲပြာပြာလမ်းတွေဟာ မဲနက်လာတယ်..မိုးရေတွေဟာ လမ်းဘေးရေမြောင်းပေါက်တွေထဲ တဟုန်တိုးစီးဝင်သွားကြတယ်..မိုးတွေရွာနေတဲ့အချိန် လမ်းကြားတွေထဲမှာ လျှောက်သွားဘူးသလား..နေအိမ်တွေကြပ်ညှပ်နေတဲ့ ဆင်ခြေဖုံးနေရာလိုမျိုးတွေမှာပေါ့..မိုးကမရပ်တော့မယ့်အတိုင်း ရွာနေတယ်..အသေအချာကြည့်ရင် ခေါင်းမိုးတွေပေါ်မှာ မီးခိုးငွေ့တချို့တွေ့ရမယ်..အပြင်မှာ မိုးရေတွေနဲ့စိုစွတ်နေပေမယ့် အိမ်တွေထဲမှာတော့ နေရာအချို့ဟာ ခြောက်သွေ့မှုကို အာမခံချက်ပေးထားလိမ့်မယ်.. ကိုယ်ပေါ်မှာစိုရွှဲနေတဲ့ မိုးရေစက်တွေကိုသပ်ချရင်း အဲဒီအိမ်တွေထဲက တစ်အိမ်အိမ်ထဲကို ၀င်သွားလိုက်ချင်တယ်..ကျွန်တော်ဟာ သူတို့ရဲ့မိသားစုဝင်တစ်ဦးပေါ့..သူတို့ဘ၀ဟာ ကျွန်တော့်ဘ၀ပေါ့..သူတို့ဘ၀ထဲကနေပြီး ကျွန်တော့်ဘ၀ထဲက မိုးစက်တွေကို ပြန်ကြည့်ဖို့..
မဆ