ထိုနေ့ညက မိုးရွာသည်။ မိုးသည် ကျွန်တော်ဖတ်ရန် ရွာခြင်းမဟုတ်ပါ။ ကျွန်တော်သည် ရွာလယ်လမ်းအတိုင်း လျှောက်လာခဲ့သည်။ ယင်းလမ်းသည် သင်္ဘောဆိပ်သို့ ဦးတည်ထားသည်။ နေထွက်ရာသို့ မျက်နှာမူလျှောက်လျှင် သင်္ဘောဆိပ်၊ နေ၀င်ရာသို့ မျက်နှာမူလျှောက်လျှင် ရွာ့အပြင်ဘက် ဆားကွင်းများသို့ ရောက်သည်။ လူဆိုတာဒီလိုပဲ။ ရွှေထီးဆောင်ခဲ့တာ ဖြစ်ဖြစ်၊ သေဘေးကြုံခဲ့တာဖြစ်ဖြစ် တခုတ်တရ ပြန်ပြောချင်သည်။ ကိုယ့်မှာ ပြောစရာမရှိရင် လံကြုတ်ဇာတ်လမ်းလေးဘာလေး ဖန်တီးတာပေါ့။ သူမသည် စနစ်တကျ ပြင်ဆင်ပြီးမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ အိမ်ကယူသွားသော ဆိုင်ကယ်ကို သင်္ဘောဆိပ်နားက အိမ်တွင် အပ်ခဲ့ပြီး သင်္ဘောပေါ် တက်သွားပုံရသည်။ မိုးရွာသော်လည်း ပူသဖြင့် ပြတင်းပေါက်ဖွင့်ထားရာ မိုးစက်အချို့ လေနဲ့အတူ အခန်းတွင်းသို့ ၀င်ရောက်လာသည်။ ဘ၀ဆိုတာ ၀င်းဒိုး (ပြတင်းပေါက် မဟုတ်ပါ)တစ်ခုမဟုတ်သဖြင့် ချပြီးပြန်တင်ရန်၊ အသစ်လဲရန်၊ ထရာဘယ်ရှုရန်၊ ဗားရှင်းမြင့်ရန် မဖြစ်နိုင်ပါ။ နေရောင်ခြည်ကား ရေဆိပ်တံတားပေါ် ထိုးကျမြဲ ကျနေသည်။ သူတို့ သည်တံတားမှ ထွက်ခွာသွားကြသည်။ သူတို့ချစ်ရတဲ့သူတွေအတွက် သူတို့ကြိုမသိနိုင်တဲ့ အန္တရာယ်တွေ၊ အခက်အခဲတွေကို ပွေ့ပိုက်ဖို့ ထွက်သွားကြတာ ဖြစ်ပါသည်။ ယခုတော့ ကျွန်တော်သည် စာကို အကြောင်းလိုက်၊ အပိုဒ်လိုက်ပဲ ဖတ်တော့သည်။ ထိုအိမ်ကြီးတွင် သရဲခြောက်သည်ဆိုသော်လည်း ကျွန်တော်တို့ မူးမူးနှင့် အိပ်ပျော်သွားခဲ့သည်။ သူတည်းတယောက်ကောင်းဖို့ရောက်မူ သူတစ်ယောက်လောက် ပျက်ရတယ်ဆို တော်သေး။ သူတို့ကတော့ ပစ်ကြမှာပဲ။ ၂၀၀၇တုံးကတော့ ကျွန်တော်လည်း နားမလည်ခဲ့။ ဒါပေမယ့် သူတို့မျက်နှာတွေကို ကြည့်ပီး သိခဲ့တယ်။ ခုတော့ နောက်ကွယ်ကအကြောင်းတွေကို သိလာခဲ့တယ်။ ခင်ဗျားရော၊ ကျွန်တော်ရော၊ အိဒိယော့များ၊ အန်းဓများ၊ ပူးဝါးဖော့ခ်များ၊ ဗာနားရေးဘဲများ။ ဒီမှာ လူတသန်းလောက်သေတယ်။ ဟိုမှာ လူတသန်းလောက် မီးပျက်တယ်။
ထိုညက မိုးရွာသည်။ တစ်ယောက်ယောက် ရေးခဲ့သလို ဘယ်တော့မှာ မရပ်တော့မယ့်ပုံနဲ့….။
မဆ