Feeds:
Posts
Comments

Archive for April, 2013

ခေါက် စာတွေပဲ ခေါက်

ကြည့် သွားတယ်

ဘယ်တော့မှ

ပြန်မလာတော့

ဖန်သားကြိုးမျှင်ထဲ

မနေ့က ပြောတော့

ဒီနေ့

ပြောတော့ မနက်ဖြန်

ကျန်ခဲ့မယ် ပြန်ခဲ့မယ်

ပြန်မလာတော့ဘူး

ကြယ်ကြည့် သွားကြည့်

အကြိမ်ကြိမ် အလီလီ

ထွက်သွား

ကြယ်သေကြီးက မြူးကြွလာ

ဒုက္ခပန်းများ လှလှ

သူ့ဆံပင်ဟာ

သူ့လက်ထဲ ပါသွားတယ်

တစ်ချောင်းချင်းအလိုက်

အတွေးဟာ အခဲလိုက် ဖြစ်နေတယ်

ပုံစံတကျ ပုံဖော်ပြီးသား ပုံပေါ်လာတယ်။

ကြယ် သေသွားပြီလား

အဲတာ မဟုတ်ဘူး

လှုပ်နေတဲ့ အသားစတွေ

နွေဟာ ထွက်ပေါက်ပိတ်နေ

ခလုတ်ကို ဆွဲချပြီးတဲ့နောက်

မျက်လုံးပေါက် ကြယ်

ကြည့်သွား

ဖြည်းဖြည်း

သူ့ ပျော်စရာထဲ သူပြန် ရောက်လာမတော့

ဘယ်တော့မှ ရောက်မလာ။

နေထွန်းနိုင် (၂၀၁၃)

Read Full Post »

ဒီနေ့လို မနက်ဖြန်လို ပြန်သွားရဦးမယ်။ ဟုတ်တယ်။လှေထိုးသားပဲလေ။
မိန်းမရတာ နှစ်နှစ် ရှိတော့မယ်။ဒီတစ်ခေါက်တော့ သန်းခေါင်စာရင်း အသစ်လုပ်ဖို့ရှိတယ်။နောက်နှစ်မှာ ကျွန်တော်လျှောက်ဖြစ်မယ့် သံယောဇဉ်လမ်းက
အကွေ့တွေ များမယ်။
ခရီးရှည်မယ်။ကျွန်တော်ဟာ အမှိုက်စလေးတစ်ခုလို လေထဲလွင့်နေတယ်။ရွာမယ့်ဟန်နဲ့ ထစ်ချုန်းနေတယ်။အုံ့မှိုင်းနေတယ်။ရှစ်နှစ်လောက်အတွင်း အရေးအသားဆိုင်ရာ အားရ/အားကျဖွယ် လူတစ်ယောက်ပြောသလို ကျွန်တော်က
အဆင်ပြေနေတယ်။အလိုက်သင့် အလျားသင့်ဖြစ်နေတယ်။အဆီအငေါ်တည့် နေတယ်။အစာရေစာ ဝဝလင်လင်စားနေရတယ်။သူများ လက်တွေကိုကြည့်ပြီး လက်ဆစ်တွေတဖြောက်ဖြောက်ချိုးနေတယ်။
နံရံကပ်စက္ကူတွေပြန်ခွာတဲ့ ကိုသိန်းမောင်ကိုလည်း ကဗျာဟောင်းတွေကိစ္စ မမေးလိုက်ဘူး။
တိုင်းမ်ဇုန်တွေကို ဖြတ်သန်းရင်း အသက်က တစ်ရက်ငယ်လိုက် တစ်ရက်ကြီးလိုက်
ဖြစ်ရဦးမှာပဲ။
ဒီနှစ် ရေပွဲတော်မှာလည်း ရေမရောမိပြန်ဘူး။

ပီမို (၂၀၁၃)

Read Full Post »

အလှမွေး ငါးကန်ကလေးထဲမှာ

အဖေ့ကို ဘာကြောင့် သွားမြင်ရတာလဲ

ခရုံအခွံ၊ ကျောက်ခက်အချွန်ကလေးတွေကြားမှာ

ပုဇွန်ခြောက်မှုန့်ကလေးတွေ တစ်မှုန်စ နှစ်မှုန်စ

ငါးစာလုံးကလေးတွေ တစ်လုံးစ နှစ်လုံးစ

မတ်လ ၂ ရက်နေ့ဟာ ဘာမှ မထိုးဟပ်ဘဲ

လက်နဲ့ချုပ်ထားတဲ့ စက်မှုကို

မှန်ခန်းထဲက လှမ်းကြည့်နေတယ်

မိုးဝေး (၂၀၀၇)

Read Full Post »

၁။

ငါဟာ သူမနဲ့အတူရှိစဉ် စိတ်ကူးကို မရပ်ခဲ့

ငါဟာ မှော်ဆရာနဲ့အတူရှိစဉ် ပွဲတော်သို့ မသွားခဲ့

ငါဟာ ငွေကြေးနဲ့အတူရှိစဉ် နှုတ်ခမ်းကို မဟခဲ့

ငါဟာ မြင်းချားရဟတ်နဲ့အတူရှိစဉ် အိပ်မက်ကို မ၀ယ်ယူခဲ့

ငါဟာ ဂီတာနဲ့အတူရှိစဉ် အချစ်ကို မသိခဲ့

ငါဟာ ညနေခင်းနဲ့အတူရှိစဉ် ခန်းဆီးကို မပိတ်ခဲ့

ငါဟာ ညောင်စောင်းနဲ့အတူရှိစဉ် အံ့ဖွယ်ကို မကြည့်ခဲ့

ငါဟာ ခင်တန်းနဲ့အတူရှိစဉ် မေးခွန်းကို မဆိုခဲ့

ငါဟာ ဘုရားနဲ့အတူရှိစဉ် ခြေနင်းကွင်းကို မစီးခဲ့

ငါဟာ ပခြုပ်သည်နဲ့အတူရှိစဉ် တေးကို မသီကြွေးခဲ့

ငါဟာ ဗျစ်ပုလင်းနဲ့အတူရှိစဉ် ခြေအစုံကို မရပ်ခဲ့

 

၂။

ငါဟာ သူမနဲ့အတူရှိစဉ် အချစ်ကို မသိခဲ့

ငါဟာ မှော်ဆရာနဲ့အတူရှိစဉ် အံ့ဖွယ်ကို မကြည့်ခဲ့

ငါဟာ ငွေကြေးနဲ့အတူရှိစဉ် ပွဲတော်သို့ မသွားခဲ့

ငါဟာ မြင်းချားရဟတ်နဲ့အတူရှိစဉ် ခြေနင်းကွင်းကို မစီးခဲ့

ငါဟာ ဂီတာနဲ့အတူရှိစဉ် တေးကို မသီကြွေးခဲ့

ငါဟာ ညနေခင်းနဲ့အတူရှိစဉ် ခြေအစုံကို မရပ်ခဲ့

ငါဟာ ညောင်စောင်းနဲ့အတူရှိစဉ် အိပ်မက်ကို မ၀ယ်ယူခဲ့

ငါဟာ ခင်တန်းနဲ့အတူရှိစဉ် စိတ်ကူးကို မရပ်ခဲ့

ငါဟာ ဘုရားနဲ့အတူရှိစဉ် မေးခွန်းကို မဆိုခဲ့

ငါဟာ ပခြုပ်သည်နဲ့အတူရှိစဉ် ခန်းဆီးကို မပိတ်ခဲ့

ငါဟာ ဗျစ်ပုလင်းနဲ့အတူရှိစဉ် နှုတ်ခမ်းကို မဟခဲ့

 

Read Full Post »