အလှမွေး ငါးကန်ကလေးထဲမှာ
အဖေ့ကို ဘာကြောင့် သွားမြင်ရတာလဲ
ခရုံအခွံ၊ ကျောက်ခက်အချွန်ကလေးတွေကြားမှာ
ပုဇွန်ခြောက်မှုန့်ကလေးတွေ တစ်မှုန်စ နှစ်မှုန်စ
ငါးစာလုံးကလေးတွေ တစ်လုံးစ နှစ်လုံးစ
မတ်လ ၂ ရက်နေ့ဟာ ဘာမှ မထိုးဟပ်ဘဲ
လက်နဲ့ချုပ်ထားတဲ့ စက်မှုကို
မှန်ခန်းထဲက လှမ်းကြည့်နေတယ်
မိုးဝေး (၂၀၀၇)
Leave a Reply