Feeds:
Posts
Comments

Archive for June, 2013

မြန်မာ့အနာဂတ်

စင်ပေါ်တက်

ကပြ

အသုံးတော် ခံပြီးတဲ့နောက်

ယနေ့ထုတ်

8 Days ဂျာနယ် မျက်နှာဖုံးက

ညီအစ်မသုံးဦး

မိတ်ဆက် ဧည့်ခံသကဲ့သို့ စိတ်ဝင်စားဖွယ် ကောင်း/မကောင်း

ရန်ကုန်မှာ

မိုးသည်းထန်စွာ ရွာသွန်း

အနာဂတ်ဟာ

ကျော်လိုက် ခွလိုက်

ရိလိုက် ထေ့လိုက် ထောက်လိုက် ဟောက်လိုက်

ဖက်လှဲတကင်း ရယ်ပွဲဖွဲ့လိုက်

မျက်လုံးခြင်း စကားပြောလိုက်

သတ္တိရှိတဲ့ စစ်သားတစ်ယောက်လောက်တော့

ရှိကို ရှိရမယ် ရှိကို ရှိသင့် အဲဒီလို ဟိုလူကြီးကလည် ခြောက်သုည

ဒီလူကြီးကလည်း ခြောက်သုည

ခြောက်ခန်းသုညများ နောက်ဘက်ရောက်လာ

၁၉၆၀ အခြေအနေ

နောက်ပြန် သွားခြင်းမဟုတ်

နောက်ပြန် မှန်းဆခြင်း

စုတ်ပြတ်သတ်နေသော

အပျိုစင်တိုင်းပြည်

ဒီလိုပဲ တလည်လည်

နေပြည်တော်မှာ ဈေးကွက်ရှာရင်း

ရန်ကုန်မှာ ဈေးကွက်ရှာရင်း

ဘားမားမှာ ဈေးကွက်ရှာရင်း

မြန်မာမှာ ဈေးကွက်ရှာရင်း

အင်တာနေရှင်နယ် လူကြီးမင်း အပေါင်းတို့

မနောခွေ့စရာ

အချိန်တစ်ခု ကုန်သွား

ပုံစား ဘ၀များ

ယုံစား ဘ၀များ

လန့်ခ်ျဘရိတ်ထဲမှာ တရွတ်တိုက် ပါသွားပြန်တယ်။

ဇွန် ၆ ရက်၊ ၂၀၁၃။

နေထွန်းနိုင်

Read Full Post »