Feeds:
Posts
Comments

Archive for February, 2017

ကျနော်ဟာ
ကျွန်တော်ဆိုတဲ့ ကမ္ဘာမှာ
အလုံပိတ်နေထိုင်သူတစ်ယောက်
ကျနော့်နာကျင်မှုတွေ
လေဟာနယ်ထဲလွင့်သွားမှာစိုးလို့
ကျွန်တော်ဟာ အခွံမာသစ်သီးတလုံးလိုဖြစ်ခဲ့
ကျွန်တော့်ကို လာခေါက်လည်း
ကျွန်တော့်မှာ ဖွင့်စရာတံခါးမရှိ
ချောင်းကြည့်ပေါက်ကလေးဆိုပေမယ့်
ဟော်လိုဂစ်တာပေါက်ထဲက ထွက်လာတဲ့
ပိုးဟပ်တကောင်လိုပဲ
လောကကို ကျနော်ငေးတယ်
ကျွန်တော်ဟာ အမှောင်လို့ ထင်စရာရှိပေမယ့်
ကျနော် ထွန်းညှိထားတဲ့ မီးအိမ်ကလေးတွေနဲ့
ကျနော် ဟာမိုနီလိုက်နေတဲ့ သီချင်းနဲ့
ကျနော်/ကျွန်တော်ဟာ
တောက်ပသာယာတယ်ယူဆလို့
ကျနော်ဟာ ကျွန်တော်ထဲမှာပဲ
အလုံပိတ်။

ပီမို
၁၂၀၂၂၀၁၇

Read Full Post »

တစ္ဆေ (၄)

နောက်တခါ သံဝါသ ပြုနေစဉ် လှမ်းမြင်တယ်

ကျနော့်ဆီ လာတာဟုတ်ပုံမရ

တံခါးတွေ အကုန်ပိတ်ထားတဲ့အခန်းကို

လမ်းလို ဖြတ်သွားတယ်

-မဆ

Read Full Post »

 

 

မင်းလည်းအိပ်စက်သွားတော့မှ ငါလည်း ငါ့ကမ္ဘာကြီးကို ပြန်လည်ရရှိလိမ့်မယ်

ဘာသာတရားရဲ့ industry code ဟာ ၉၁၉၄ ဖြစ်တယ်

ငါတို့အခါခါ ကြုံခဲ့ပါပြီ မှောင်ရာက ပြန်လင်းလာတဲ့အခါ အလင်းဟာပိုလင်းလာတယ်ဆိုတာ

သံသယဖြစ်ဖွယ်ရှိသူ၏ မျက်နှာကို ပုံကြမ်းရေးဆွဲပေးရသူအား ငှားရမ်း၍ သင်မှတ်မိသော သစ်ပင်တစ်ပင်၏ပုံကို ရေးဆွဲပါစေ

ပျံလို့ရတဲ့လူတိုင်းကို ပျံခိုင်းဖို့ မသင့်တော်ကြောင်းကိုဖြင့် အလေးအနက် သတိပြုစေလိုပါသည်

 

-မဆ

Read Full Post »