Feeds:
Posts
Comments

Archive for April, 2017

 

ပထမဆုံးလ၏ နောက်ဆုံးရက်များအတွင်း အလင်းရောင်ကောင်းစွာရရှိသော ဟိုတယ်ခန်းတစ်ခုအတွင်းသို့ သူရောက်ရှိနေခဲ့သည်။ ခပ်လှမ်းလှမ်းတွင် တောမီးများလောင်နေသော်လည်း သူ နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့သည်။ သူတရေးနိုးလာတော့ သူ့အခန်းတွင်းသို့ ၀က်ဝံများ ရောက်ရှိနေကြသည်။ ၀က်ဝံတကောင်က သူ၏ မလျှော်ဖွပ်ရသေးသော အတွင်းခံများကို မီးပူတိုက်နေသည်။ နောက်ဝက်ဝံတစ်ကောင်က ကျွန်မဘာလုပ်ပေးရမလဲရှင်ဟု မေးလိုက်သည်။ သူအား အိပ်ထိလိင်များက အဲဒီမေးခွန်းမေးတိုင်း သူ့ခေါင်းထဲပေါ်လာသည့် အဖြေက တစ်မျိုးထဲပင်။ ၀က်ဝံ၏ မျက်နှာကို ကြည့်၍ သူ၏ အဖြေကို ပြောင်းလဲခဲ့သည်။ သူပိုင်ပိုင်နိုင်နိုင် သိထားသည်မှာ သူ၏ အမိုက်မဲဆုံးနှစ်များသို့ သူပြန်မသွားလိုကြောင်းပင်။ သူ၏ ပထမအမိုက်မဲဆုံးနှစ်တွင် ဖခင်ဖြစ်သူက သူ၏ အိမ်သာကျင်းကို ဆယ်ပေးနေစဉ် သမီးဖြစ်သူနှင့် သူအိပ်စက်ခဲ့သည်။ နောက်တစ်နေ့ နံနက် အိပ်ယာက နိုးလာတော့ ခြေဆေးရန် ထားသည့် စဥ့်အိုးထဲတွင် လောက်တွေ ဖြူဖွေးပြည့်နှက်လို့။ ဒုတိယ အမိုက်မဲဆုံးနှစ်တွင် နေ့နံကိုအခြေခံ၍ ဘယ်ဘောလုံးအသင်းနိုင်မည်ဟု ခန့်မှန်းထားသည့် ဟောကိန်းများကို ဖတ်ရှုနေခဲ့သည်။ တတိယ တစ်နှစ်တွင် သူ,မလိုလားသည့် ဧည့်သည်တစ်ယောက် အိပ်နေသည့် ခြင်ထောင်ကို မူးချင်ယောင်ဆောင်၍ သေးနှင့်ပန်းပစ်ခဲ့သည်။ နောက်တစ်နေ့တွင် သွားနှုတ်ရန်လိုသည်ဟု ထင်လာသဖြင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်သို့ သူသွားသည်။ သူတို့က သူ့သွားကို နှုတ်မပေးကြ။ စိတ်ပျက်လက်ပျက်နှင့် သူပြန်ထွက်မည့်ပြုစဉ် တက္ကသိုလ် ကော်ရစ်ဒါ ရှိ အကြွေစေ့ထည့်ပြောရသော တယ်လီဖုန်းက မြည်လာသည်။ သူကိုင်လိုက်တော့ သူဖောက်ထွင်းဝင်ရောက်၍ မရခဲ့သော ဂျင်းဘောင်းဘီ တထည်စီက ဖြစ်နေသည်။ ဂျင်းဘောင်းဘီက ဖုန်းထဲမှာ ငိုနေသည်။ သူ့ကို အရင်က ရှာခိုင်းထားတာတွေ မရှာခိုင်းတော့ဟု ဂျင်းဘောင်းဘီက တတွတ်တွတ်ပြောနေသည်။ သူဖုန်းချလိုက်သည်။ ၀က်ဝံက ကျန်ဝက်ဝံ၏ ပါးစပ်ကို ဖြဲ၍ အတွင်းဘက်ကို မီးပူဖြင့်တိုက်နေသည်။ သူကတော့ သူ့အဖြေကို ပြောင်းလဲရန် စိတ်ကူးမရှိ။ လေထဲမှ တွဲလောင်းကျနေသော တယ်လီဖုန်းလက်ကိုင်ခွက်၏ အချို့နေရာများတွင် ဆေးများ ပျက်ပြယ်စပြုနေပြီ။ တစ်ယောက်ယောက် သူ့ပခုံးကို ပုတ်လိုက်သည်။ လှည့်ကြည့်လိုက်တော့ သူလက်ထဲသို့ စာရွက်တစ်ရွက်ထိုးပေးသည်။ စာရွက်ပေါ်တွင် သူ၏သွားများသည် နှုတ်ရန် သင့်လျော်ကြောင်း ထောက်ခံပါသည်ဟု သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၏ ပါမောက္ခချုပ်ဖြစ်သူက လက်မှတ်ရေးထိုးထားသည်။ သွားတွေ အကုန်နှုတ်ပစ်လိုက်ပြီးနောက် လောက်တွေဖွေးနေသည့် ခြေဆေးရေတွေကို အားရပါးရ ခပ်သောက်လိုက်သည်။ အဲဒီအကြောင်း ယခု ပြန်တွေးမိရင်ပင် သူ့နှုတ်ခမ်းတွေ စိုစွတ်လာစမြဲ။ သမီးဖြစ်သူက ပြီးပြီလား အစ်ကိုဟု မေးလိုက်စဉ်မှာပင် ဖခင်ဖြစ်သူက ပြီးပြီအစ်ကိုဟု ပြောလိုက်သည်။ မြက်တွေကိုပဲလောင်ပြီး သစ်ပင်တွေကို မလောင်သည့် မီးမျိုးလည်း ရှိတယ်လို့ သိလိုက်ရချိန် သူ့မှာ တအံ့တသြ။ လေထဲ တဆတ်ဆတ် တုန်နေသည့် တယ်လီဖုန်းခွက်မှာ တခုခု ပြောချင်နေပုံ..။

 

-မဆ

Read Full Post »

 

သစ်တောထဲမှာ လိင်ဆက်ဆံချင်တယ်

 

သစ်တောထဲမှာ လိင်ဆက်ဆံရဲတယ်

 

သစ်တောထဲမှာ လိင်ဆက်ဆံနိုင်တယ်

 

သစ်တောထဲမှာ လိင်ဆက်ဆံကြည့်တယ်

 

သစ်တောထဲမှာ လိင်ဆက်ဆံလို့ ကောင်းတယ်

 

သစ်တောထဲမှာ လိင်ဆက်ဆံလေ့ရှိတယ်

 

သစ်တောထဲမှာ လိင်ဆက်ဆံဖို့ မသင့်ဘူး

 

သစ်တောထဲမှာ လိင်ဆက်ဆံခွင့်မပြုဘူး

 

သစ်တောထဲမှာ လိင်ဆက်ဆံလို့မရတော့ဘူး

 

သစ်တောထဲမှာ လိင်ဆက်ဆံဦးမယ်

 

-မဆ

Read Full Post »