Feeds:
Posts
Comments

Archive for July, 2017

 

 

သူမမှာ လျှာရှိတယ်

ကျွန်တော့်မှာ လျှာမရှိဘူး

သူမရဲ့ သားအိမ်ထဲမှာ ကြောင်တစ်ကောင်

အဲဒါက ကျွန်တော့်လိင်တံကို

အကြောတွေ ပြတ်စေခဲ့

သူမရဲ့ ကျောရိုးတလျှောက်မှာ

ဇစ်တစ်ခုပါတယ်

အဲဒါကို ကျွန်တော်ဖွင့်မကြည့်ဘူး

သူမက ခွေးကုန်းပုံစံနဲ့ဆို

လုပ်လို့ အရမ်းကောင်းလို့ပဲ

သူမ ချိတ်တွေကို ၀တ်ဆင်လိုက်တော့

အကျီဟာ နံရံမှာ တွယ်ကပ်ကျန်ခဲ့တယ်

သူမလက်တွေ ကျစ်ကျစ်ပါအောင် ဆန့်ထုတ်ပြီး

ဟက်ပီးဘတ်ဒေး ပြောလိုက်တဲ့အခါ

သူမရဲ့ နို့သီးခေါင်းမှာ

သွားတွေအဖွေးသား

 

မိုးဆတ်

၆.၇.၂၀၁၇

Read Full Post »