ဒီမိုကရေစီက တစ်သေတ္တာနဲ့
ကိုယ်ပိုင်လွတ်လပ်ခွင့် မီးခြစ်ဆံ တစ်ချောင်းရဲ့အနား
ဒီလို အဖြစ်တွေရှိခဲ့တဲ့ လမ်းသွယ်ထဲ
ကျုပ်ဖြင့် ယမ်းနံ့တွေပဲရရနေ
ပညာတတ်သကောင့်သားကတော့ အိပ်မောတွေဘာတွေကျလို့
စာတစ်အုပ်ဖြင့် ဒင်းက ပွေ့လျက်သား
သူ့ဘေးမတော့ သူ့မုတ်ဆိတ်မယ် ဒီလိုရေးခဲ့တဲ့သူတွေ-
အရာအားလုံးဟာ စတေးဖို့မျှသာ
မူရင်းကဗျာဆရာ – Husam Al-Saray
မူရင်းကဗျာ – The Book’s Biers
မူရင်းဘာသာ – အာရေဘစ်
အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ – Alex V. Gubbins