တခါတခါ စာအိတ်ထဲက ဘာမှထွက်မလာ
စာတစ်စောင် ဒါမှမဟုတ် ၀ါကျတစ်ကြောင်းတောင်မှ ထွက်မလာ
ဘာဆိုဘာမှကို ထွက်မလာ အရုဏ်ဦးလည်း ထွက်မလာ ရှည်လျားနေ့ရဲ့ ဆည်းဆာလည်း ထွက်မလာ
လှောင်ပိတ်နေတဲ့ အနာတွေလို ဒီစာတွေ တစ်နေ့လုံး လှည့်ပတ်နေ
ဖွင့်လိုက်မိတဲ့သူတိုင်း ထိလိုက်မိတဲ့သူတိုင်း လက်တွေ မီးစွဲကြ
တခါတခါ စကားလုံးတွေထဲက ဘာမှမရ စာတွေထဲကလည်း ဘာမှမရ
တခါတခါမှာ ၀ါကျတွေက စာတွေကို လောင်ကျွမ်းပြာချ
မူရင်းကဗျာဆရာ – Haydar Ergülen
မူရင်းကဗျာ – Open Sentence
မူရင်းဘာသာ – တူရကီ
အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ – Derick Mattern
Leave a Reply