ညတုံးက မအိပ်ခင် ဖတ်ခဲ့တဲ့ ဒီးန်ယန်းဂ်ရဲ့ ကဗျာကို ဒီမနက်ပြန်ရှာတယ်
ဒီသောက်ဒီးန်ယန်းဂ်ကဗျာတွေကလဲ
ညတုံးက ဖတ်ခဲ့တာ ဘယ်ဟာမှန်း ဘယ်လိုမှ ပြန်မမှတ်မိတော့ဘူး
ဆိုင်ကယ်တက္ကစီသမားတွေ သစ်ရိပ်အောက်မှာ အေးအေးလူလူထိုင်နေကြတယ်
ဒီနေရာမှာ အေးအေးလူလူဆိုတာကို တကယ်အေးတဲ့အရာတစ်ခုနဲ့ ရေးပြချင်တယ်
ခုလိုကွန်ပျူတာ စာလုံးနဲ့ မဟုတ်ပဲနဲ့ပေါ့
ရှေ့ကနေ ကားတစ်စီးအကွယ်က ကောင်မလေးသုံးယောက် ရုတ်တရက်ထွက်လာတယ်
တစ်ယောက်က တော်တော်ဆွဲဆောင်မှုရှိတယ်
ဆွဲဆောင်မှုရှိတယ်ဆိုတာမှ လမ်းဘေးပလက်ဖောင်းပေါ်တွန်းလှဲချပြီး
တခါတည်း လိင်ဆက်ဆံပစ်လိုက်ချင်စရာမျိုး
တကယ်က ကားကိုကိုယ်တိုင်မောင်းလာရရင် နေကာမျက်မှန်လည်း တပ်မလာမိရင်
ဒါတွေ သတိထားမိမှာမှာမဟုတ်ဘူး ခုလိုလည်း ပြန်ရေးပြနိုင်မှာ မဟုတ်ဘူး
နောက်တော့ တော်ပြီတော်ပြီ
ငါတွေးမိတာတွေ အရမ်းများနေပြီ ပြန်ချရေးရင် မေ့တဲ့ဟာမေ့ဖြစ်ကုန်မယ်ဆိုပြီး
အတွေးတွေကို ရပ်ပစ်လိုက်ရတယ်
ကျန်တဲ့တလမ်းလုံး
ဒီးယန်းဂ် အရိပ်အောက်ကလူတွေ ကောင်မလေး မျက်မှန် တဖွဖွရွတ်ရင်း
အခုဒီနေရာကို ရောက်လာတယ်
-မဆ
Leave a Reply