Feeds:
Posts
Comments

Archive for November, 2017

Bra ဆိုက်ကို ဘယ်လိုတိုင်းမလဲ ကိုဇေယျာ..
မက္ကဇင်ဂေါ်ကီရဲ့ အမေဟာ နီယွန်ဒီမွန် သို့မဟုတ် အဆွေးပဲ
အရည်စို့နေတဲ့ မှိုပွင့်ကြီးကို ချိန်ထားတဲ့
သေနတ်ကတခြား အကြည့်ကတခြား
အိုး(*)သို့အလွမ်းဟာ
မြှောက်ကြည့်လိုက်ရင် ၅၆.၅ စတုရန်းလက်မရှိတယ်
မတော်တလျော်ကျော်ကြားတဲ့ အချစ်ဟိုတယ်မှာ
အရိုင်းဆန်ဆန် သဘာဝတရားကို ခံစားနိုင်ပြီပေါ့
သူမရဲ့ဘားကုဒ်ကို ဖတ်ကြည့်နေမိတာ
ကြိုးစားရင်းကြိုးစားပြီး
အလှတရားဟာ ရေတွက်ခံဖို့
Soi 4 မှာ စိမ့်ထွက်နေတယ်
.
* အိုး = POT

မဆ

Read Full Post »