သေဖို့
ရုတ်တရက်ကြီး တွန့်ဆုတ်
Till Death Do Us Part သီချင်းကိုဆိုရင်း
ရှင်သန်ခြင်းတွင်းနက်ထဲ ခုန်ချလိုက်တယ်။
နိုင်ငံသား အထောက်အထား
ဘုရားရှိခိုး အမျိုးမျိုး
အချစ်အကြောင်းပါသော ရုပ်ရှင်များ
စိတ္တဇမြစ်နှစ်စင်းရဲ့ လားရာ
ဝမ်းနည်းဝမ်းသာ
ရွာသွန်းလွယ်တယ်
အငွေ့ပျံလွယ်တယ်။
တည်ငြိမ်သယောင် ပင်လယ်ပေါ့
ပျော်စရာကို ဆားခတ်ထားတယ်
ရင်ဗလာ ရေသူမ
လက်တံရှည် ခရေကန်*
စိတ်နဲ့ကူးရတာမှာ ခြေပစ်လက်ပစ်
မောပန်း။
အချစ်အကြောင်းလို့ပဲ ဆိုပါစို့
ငါတို့
ငြီးငွေ့စရာကို ဆက်လက်ငြီးငွေ့ကြတယ်။
* Kraken
ပီမို