Posted in Poem on May 28, 2019|
Leave a Comment »
ဖြစ်နိုင်ခြေအများဆုံး ဘ၀ကို ပိုင်ဆိုင်ဖို့ဆိုတာ သူ့ရဲ့ ပင်လယ်
(သူ့အတွက်ပင်လယ်ဆိုလည်း ဟုတ်တယ်)
ငါးမျှားတံပါမလာတဲ့နေ့တွေ့မှာ
သူများအတွေးတွေ ဆန့်ထုတ်တာ လိုက်ကြည့်တယ်
ဂျပန်ခေတ်တုံးက ကိုယ့်ကျင်းကိုယ်တူးရရှာသူလို
တစက္ကန့်ရရ နှစ်စက္ကန့်ရရ ပိုကူးခတ်ခဲ့
နောက်တော့လည်း
သူ အိမ် ပြန်ရောက်သွားတယ်
ဒါမှမဟုတ်
အိမ်ကို ကျော်သွားတယ်
Read Full Post »
Posted in Poem on May 20, 2019|
Leave a Comment »
နင် အကြိမ်ကြိမ်သေဆုံးခဲ့တာကို မြင်ခဲ့ပြီးနောက်
ဆက်ချစ်ရန် မ၀ံ့ရဲတော့ပေ
ပါးဟက်များမှတဆင့်
အသက်ရှုအားကူပေးခဲ့ရသည်မှာလည်း မောပန်းလွန်းလှပြီ
နောက်ပြီးရင် ငါဟာလည်းလူသားမဟုတ်
နင်ဟာလည်း အမ်_ဖီးဘီးယန်မဟုတ်ဘဲ
ဖလပ်..ဖလပ်..
ဖလပ်..ဖလပ်..
-မဆ
၅ ဇန် ၁၇
Read Full Post »
Posted in Poem on May 10, 2019|
Leave a Comment »
တီဗွီရှေ့က ဆိုဖာစပရိန်ကို ချိနဲ့စေခဲ့သောနှစ်များအပြီး
လရောင်အောက်မှာ ဓာတ်တိုင်တွေကို ခဲနဲ့ပေါက်..ပေါက်သွား
အပ်ကို မ.. လိုက်ပေမယ့်
ဓာတ်စက်ဟာ အသံဆက်လက်ထွက်နေ
ချဉ်တင်တင်ပေမယ့်
အငမ်းမရ ဆက်ပြီး စုပ်လိုက်တဲ့အခါ
အခကြေးငွေ ပေးစရာ မလိုတော့
-မဆ
Read Full Post »
Posted in Poem on May 2, 2019|
Leave a Comment »
အဲဒီနေ့က ၀ီစကီတပိုင်းသောက်..
သူ့ကိုယ့်သူ သတ်သေမယ်ဆိုပြီး
မြစ်ထဲဆင်းသွားတာပဲ
မြစ်လယ်ရောက်တဲ့အထိ ရေက သူ့ရင်ခေါင်းထိပဲရှိတယ်
ရေထဲခုန်ချပြီး ကိုယ့်ဟာကိုယ် သတ်သေလို့ပဲ ရမယ်
ရေငုပ်ပြီး ကိုယ့်ဟာကိုယ် သတ်သေဖို့တော့ မဖြစ်နိုင်ဖူး
သူသင်ခန်းစာရသွားတယ်
သူအိမ်ပြန်လာတယ်
တီဗွီချင်နယ်တွေ တစ်လိုင်းပြီးတစ်လိုင်း ပြောင်းကြည့်တယ်
တကယ်က အဲဒီလိုနေနိုင်ဖို့
သူအများကြီး ကြိုးစားခဲ့ရတာမဟုတ်လား
ကျွန်တော့်ဘက်လှည့်ပြီး မေးလိုက်သေးတယ်
အဲဒီလောက်မလွယ်ဘူးလေ
လွယ်လို့လား
-မဆ
Read Full Post »