အဲဒီနေ့က ၀ီစကီတပိုင်းသောက်..
သူ့ကိုယ့်သူ သတ်သေမယ်ဆိုပြီး
မြစ်ထဲဆင်းသွားတာပဲ
မြစ်လယ်ရောက်တဲ့အထိ ရေက သူ့ရင်ခေါင်းထိပဲရှိတယ်
ရေထဲခုန်ချပြီး ကိုယ့်ဟာကိုယ် သတ်သေလို့ပဲ ရမယ်
ရေငုပ်ပြီး ကိုယ့်ဟာကိုယ် သတ်သေဖို့တော့ မဖြစ်နိုင်ဖူး
သူသင်ခန်းစာရသွားတယ်
သူအိမ်ပြန်လာတယ်
တီဗွီချင်နယ်တွေ တစ်လိုင်းပြီးတစ်လိုင်း ပြောင်းကြည့်တယ်
တကယ်က အဲဒီလိုနေနိုင်ဖို့
သူအများကြီး ကြိုးစားခဲ့ရတာမဟုတ်လား
ကျွန်တော့်ဘက်လှည့်ပြီး မေးလိုက်သေးတယ်
အဲဒီလောက်မလွယ်ဘူးလေ
လွယ်လို့လား
-မဆ
Leave a Reply