ကျွန်လေတကျွန်ပေါ်မှာ သူကျောင်တက်နေခဲ့တယ် ကျွန်ကနေ အနီဆုံမြို့ကို ဇက်စီပီ သွာရတယ် ဇက်ဆွာ ၀မ်ပြာပြာ သင်္ဘောတမျိုပဲ ဇက်စီတာ တနာရီလောက်ကြာတတ်တယ် တခါတလေ နှင်ကျတက် မနက်တွေဆို မြစ်ပြင်က ပင်လယ်လိုပဲ ကမ်မမြင်လမ်မမြင် ဇက်ကပ်တဲ့နေရာက အဲဒီမြို့ရဲ့ဈေဖဲ သူတော့ ဇက်ပေါ်က တက်တာနက် ဈေထဲမယ် ဆီချက်ခေါက်ဆွဲ စာလေ့ရှိတယ် အဲ့ဆိုင်ကလို သခွာသီပါပါလေတွေပေါ် ငရုတ်ဆီဆမ်ပေတာမျို သူတို့ကျွန်ဘက်မယ် မရှိပု ဈေထဲကထွက်ပီ လမ်မကြီကို ဖြတ်လိုက်ရင် နောက်ဈေတစ်ခုကို သွာတက်လမ်ကြာကလေ ရှိတယ် အဲလမ်ကြာဟာ သူမြို့တက်ရခြင်ရဲ့ မစ်ရှင်ပဲ ဗစ်ရှင်ပဲ အော်ဘဂျက်တစ်ဖဲ အဲလမ်ကြာလေမှာ ကက်ဆက်ခွေ အဟောင်လေတွေ ရတတ်တယ် ဖူမောက်က ထုတ်တဲ့ သနပ်ခါနံသင်နေတဲ့ ကာဗာနက် ဘိုဘိုဟန်ခွေ မပေါ်ခင်ခေတ်က ခွေတေပေါ့ မာကျူရီညတို့ အတ္တပုံဆောင်ခဲမျာတို့ နောက်ပီ မောင်ချဓာတို့ ဘာတို့ အဲလို တိုလီမုတ်စမျိုတွေ နောက်ပီ ရတနာဝင်ထိန်ရဲ့ စာအုပ်ပါပါလေတွေ အဲဒီလမ်ကြာလေကပဲ ရေမွှေနံရတဲ့ စာအိတ်ပန်ရောင်လေ ၀ယ်ခက်တယ် စင်ကြယ်ဖိနပ်စီတက် ကောင်မလေအတွက်ပေါ့ ကျွန်ပေါ်မှာတော့ နေ့ရက်တွေဟာ နှစ်တစ်နှစ်ရဲ့ စတုတ္ထလကို ဗဟိုပြုပီ တည်ရှိနေကြတာပဲ လေထောင့်စပ်စပ် သစ်သာကိုယ်ထည်နဲ့ ဘတ်စ်ကာကြီတွေဟာ နေ့တဓူဝ ပြေဆွဲနေကျ လမ်တွေကို စွန့်ခွာပြီ တလလုံလုံ တရက်ဆို တရွာထဲကိုပဲ ဦတည်ဆိုက်ကပ်နေကြတော့တယ် သူလဲထိကရုန်ပင်တွေ ခြေမနဲ့ကလော်ကြည့်နေရာက ကြယ်သုံပွင့်တံဆိပ်ပါတက် ဗွီအိပ်အက်စ်ခွေတွေ ရှာပီငှာတတ်လာတယ် အကောင်ဆုံအခန်တွေကို ကပ်ကြေနဲ့ညှပ်ယူပီ အိမ်က အဒေါ်ရဲ့ ဖင်မလီအယ်လ်ဘမ်ခွေထဲမှာ ပြန်ဆက်ထားလက်တယ် နောက်တော့ သာထွေရဲ့ အမည်ပေမထာခွေ ထွက်လာတယ် သူ့သူငယ်ချင်တွေအကြာ ပလာတာကို ငရုတ်ဆီနဲ့ တို့စာတာ ခေတ်စာလိုက်သေတယ် စင်ကြယ်ဖိနပ်စီတက်ကောင်မလေက သူ့စာအိတ်လေ ပြန်ပေလာတယ် အတန်ပိုင်ဆရာမကတဆင့်ပေါ့ သစ်သာစာပွဲပေါ်ကို ဆောင့်ချလက်တဲ့ တကျပ်ဖို ငါလိပ် သုခိတာတွေက အချိန်တွေကို အခုလိုမဟုတ်ဖဲ ပေါ့ပါစေခက်တယ် စစ်ပြန်ကြီးဆိုင်မယ် နေလင်အောင် ရဲမန်အောင် အသစ်မထွက်တဲ့ အပတ်တွေမှာ ဇစ်မြစ်တို့ တိုပိုင်တဲ့မြေတို့ဆိုတက် စာအုပ်ကို သွာကိုင်မိတယ် နောက်တော့ ကလေဘ၀က ရထာပေါ်မယ် ဖတ်ခက်ဖူတက် ရှုမ၀ စန်ဒါတို့နက် မတူတော့တက် မက်ဂဇင်တွေ ပီတော့ ကဗျာဆိုတာနည်နည် ငွေယံဦ မောင်အောင်ပွင့် စသည် တပုဒ်ချင် ပြောကြေဆွင်တော့ ဇာလာ?ရဲ့ ပွဲတော်ဝေေ၀ဖဲ အက်လိုနက် (ဖဘမယ်စာရေတာ ဒီလောက်ဆို တရာလွန်ရှည်နေပီ) တရက်တော့ ကျောင်က ဖုန်ကြီဖူထွက်ကြတယ် ဖရာဖူမုတ်ပုနော် လေထောင့်စပ်စပ် သစ်သာကိုယ်ထည်ဘတ်စ်ကာကြီရောက်လာတယ် ကောင်မလေတွေက အောက်ထပ် ကောင်လေတွေက ခေါင်မိုပေါ် တက်ကြတယ် ဖြစ်ချင်တော့ (မဖြစ်ချင်တော့လို့ ပြောလဲရတယ်) သူခေါင်မိုပေါ်လှမ်အတက် စင်ကြယ်ဖိနပ်စီတက် ကောင်မလေရဲ့ ကျောကို ကန်လိုက်မိတယ် ဖုန်ကြီကျောင်က လာသမျှလူကို ထမင်ကျွေတယ် အဲဒီနေ့ကတော့ အဆင်မပြေမှုတွေ ရွာသွန်မြဲထက် ကျော်လွန်တက်နေ့ပဲ ထမင်ပန်ကန်ထဲမယ် လူလက်သည်တစ်စုံ ပါလာတယ်
Leave a Reply