င့ါကဗျာအစမှာ မင်းငိုက်မျဉ်းပြီး
ငါ့သီချင်းအဆုံးမှာ မင်းအိပ်မောကျသွားရဲ့
Posted in Poem on September 30, 2019| Leave a Comment »
Posted in Asymptote on September 26, 2019| Leave a Comment »
မှော်ဝင်နေတဲ့လှေကို ဘယ်တော့မှ ပြန်မတွေ့ကြတော့
အခန်းဟာ ပြာလဲ့လဲ့ ဆေးပြင်းလိပ်မီးခိုတွေနဲ့ ပြည့်
ငါတို့ရှေ့မယ် ရေသူမ ရပ်နေ ပင်လယ်ရေမှော်တွေ ဖုံးလို့
မျက်လုံးတွေ စိမ်းလို့ ပြောလိုက်တာကို နားမလည်လို့ရယ်
ဆေးလိပ်သောက်ခြင်း အတတ်ကို ဘယ်တုံးကမှ မသင်ခဲ့မိလို့ရယ် သူမ ရှက်နေပုံပဲ
မီးသင့်ကျောက်(၁)တွေ သူမရဲ့ ပွင့်အာနေတဲ့ နှုတ်ခမ်းကို ကျွမ်းလောင်စေတယ်
သူမ၀တ်စုံ မီးခိုးတွေအူနေတာ သူမသိပုံမပေါ်
လင်းနေတဲ့ အစိမ်းရောင် ပိုးမျှင်စတွေဆီက ပြာတွေကျလာနေ
ပင်လယ်ပျော်ကြီးတွေမယ် ဆေးတံကိုလည်း မတွေ့ရ ဆေးတံရိုးတောင် မမြင်ရ
ပြာလဲ့လဲ့ နက်ရှိုင်းမှုကသာ သူတို့နဲ့ထိုက်တန်သမျှကို ဆုပ်ကိုင်ထားတော့တယ်
အလင်းရောင်နဲ့ အသားတကျ ဖြစ်ဖို့ရော ခြောက်တောက်တောက် ခါးတားတား
ကုန်းလေကို ရှုဖို့ရောဆိုတာ ခက်တော့ခက်သားကလား
၁ – cinders
မူရင်းကဗျာဆရာ – Osip Mandelstam
မူရင်းကဗျာ – Madrigal
မူရင်းဘာသာ – ရုရှား
အင်္ဂလိပ်ဘာသာပြန်ဆိုသူ – Olga Kamensky
Posted in Poem on September 20, 2019| Leave a Comment »
ဘယ်ဘက်ကိုရော ညာဘက်ကိုပါ လည်နိုင်တဲ့ပန်ကာတွေ ရှိသတဲ့
လိင်ကနေတဆင့် မကူးစက်နိုင်တဲ့
ရောဂါတွေ ရှိသတဲ့
လူတယောက်ဟာ သူ့တသက်တာမယ် ဒီကြွပ်ကြွပ်အိပ်တလုံးထဲကိုပဲ
သုံးခါထက်မနည်း ပြန်ဆုံနိုင်ခြေ
(၁၈လေး ၅လေး)ရှိသတဲ့
လေကို ရှုရတာခက်လာရင်
ရေကိုရှုပီး နေသွား(လေတော့ ဘယ်တော့မှ ပြန်ရှုလို့မရ)လို့ ရသတဲ့
၂၀၁၆
-မဆ
Posted in Poem on September 16, 2019| Leave a Comment »
သူခံစားနေရတာ မျက်မှန်အနက်ကို ဘယ်သူမှ မမြင်စေချင် ဒက်ရှ်ဘုတ်ပေါ် တင်လိုက်တယ် ရပ်တန့်စေချင်ခဲ့တာ လက်အိပ်ကို ချွတ်လိုက်တာ ကြာပြီ လွန်ခဲ့တဲ့ ဆယ့်လေးရက်က ကျစ်စာခဲတွေ သူမကို နှုတ်ဆက်တယ် တလိမ့်လိမ့် ကမ္ဘာကြီးမှာ ခုမှ ဘာမဆီညာမဆိုင် တစ်နေရာရတယ် တွေးမိတာ တစ်ယောက်ယောက်က ၀မ်းပီအမ် ဖလိုက်နဲ့ သူ့ပခုံးကို လာဖက်တယ် ပြန်ရမှာ လက်ကို တင်းတင်း ပြန်ကိုင်ထား ကာနေးရှင်းတွေ ဒရိုက်ဗင်းအာဝါ ၁နာရီတိတိ ကျဲချလိုက်တယ် Ferg မှာ တယ်ရီတစ်လုံးဝယ် တစ်နေ့ လမ်းမှာ စားသွားရမှာ လူတိုင်း။
Posted in Poem on September 10, 2019| Leave a Comment »
ကောင်းကင်ဟာ တိမ်တွေကိုလိုအပ်သလို
ငါ မင်းကိုလိုအပ်တယ်
ဆိုလိုတာက
သိပ်လည်းမများနဲ့
သိပ်လည်း မနည်းနဲ့ပေါ့..
Posted in Asymptote on September 2, 2019| Leave a Comment »
အဲဒီသြဂုတ်မနက်မယ် အရာအားလုံးပြောင်းလဲခဲ့
ငါအိပ်နေတုံး သူ့ရဲ့ နည်းနည်းစူးတဲ့အသံရယ် ခပ်ကြမ်းကြမ်းရယ်လိုက်သံရယ် ကြားနေခဲ့
ကြက်ဥပြုတ်ထားတဲ့ တရွှီးရွှီးအသံက ငါ့ကိုနိုးထစေခဲ့တဲ့ ကြည်လင်တဲ့ မနက်ခင်းတွေ
နွေမနက်ခင်းတွေအားလုံးရဲ့ တိတ်ဆိတ်မှုကို အဲဒါက အသေအချာ ချိုးဖဲ့ခဲ့
ငါ့အမေက မီးဖိုထဲမယ် တတောက်တောက် ဒန်က တတောင်ဆစ်ပေါ် မှီရင်း စာဖတ်နေ
ငါတို့ကေဘယ်တီဗွီတပ်လိုက်တာ မကြာသေး မနက်တိုင်း မျက်နှာတောင်မသစ်ဘဲ
ရီမုတ်ပေါ်က ခလုတ်တွေ ငါလျှောက်နှိပ်
ဒါပေမယ့် ဒီတကြိမ်တော့ သူငါ့ကို နှိုးလိုက်တယ်
အိပ်ခန်းတံခါးကို အသံမမြည်အောင် ငါဖွင့်
မောင်းနေတဲ့ ရထားတံခါးကို ဖွင့်လိုက်မိသလို သူ့အသံတဝေါဝေါက ငါ့လာထိတယ်
သူ့ရဲ့ အရာရှိဦးထုပ်ကို ငါတွေ့ ပြန်အိပ်မယ်ဆိုပြီး ငါ့ကိုယ်ငါ
စောင်အောက်ကို ပြန်ထိုးသွင်း
အခုတော့ ငါ့အမေရယ်သံပါ ငါကြားလာရ စစ်ဗိုလ်တစ်ယောက်
သူမတစ်ဘ၀လုံး အိပ်မက်မက်ခဲ့တဲ့ ယူနီဖောင်းနဲ့ ယောက်ျား တစ်ယောက်
ငါ့မျက်လုံးကို မှိတ်လိုက်တယ် နေရောင်က ငါ့မျက်နှာကို ထိုးနေ
ဒီဘဲပုံ ဘယ်လိုရှိမလဲ ငါတွေးကြည့်
ခန်းမထဲ မှန်စားပွဲပေါ်က ဦးထုပ်မာမာကို ငါဆောင်းကြည့်
ဒါ ဘယ်လိုခေါင်းမျိုးနဲ့များ တော်ပါလိမ့်
နောက်တော့ ဖရွိုက်ကို yellow pages လို အားကိုးတဲ့ သူငယ်ချင်းတစ်ယောက်ဆီ
ငါဒီအကြောင်းတွေ ပြောပြ
သူက ခံစားမှုအပြည့်နဲ့ ပြောတယ် မင်းအမေကို မင်းဒီလိုဆုံးရှုံးလိုက်ရချိန်မှာ
မင်းခြောက်နှစ်သားတုံးက ဆုံးသွားတဲ့ မင်းအဖေအကြောင်း တွေးလေ
မင်းအမေဟာ မင်းဘ၀ရဲ့ ပထမဆုံး မိန်းမပဲ
မင်းနဲ့ သူ့အကြား တခြားတစ်ယောက်မရှိ
အဲဒီသြဂုတ်မနက်ခင်းမယ် အဲဒီဘဲ မပေါ်လာခင်အထိပေါ့လေ
ငါကတော့ ရယ်နေ သူကတော့ အလေးအနက်ပြောနေပုံပဲ ငါတို့ တော်တော်ပြောဖြစ်ကြ
သူက domino effect ဆိုလား ဆက်ပြီးပြောသေး
ဘာတဲ့ သီးခြားစီရှိနေတဲ့ အဖြစ်အပျက်တွေရဲ့ ရှည်လျားတဲ့ ဆက်စပ်အစဉ်အတန်းဆိုလား
ငါကတော့ သူ့ကို ရယ်ပဲရယ်နေ
မေဆင်ဂိုဏ်းဝင်တွေနဲ့ သူတို့ရဲ့ မဟာအကြံအစည်ဆိုတာမျိုး ကြားရတဲ့အခါ မင်းတို့ ရယ်သလိုမျိုးပေါ့
ဒါပေမယ့် ကြက်သီးနဲနဲထလာလို့ ငါ သူ့ကို ပြောလိုက်တယ် ငါ့အမေကို ဒီဘဲ ဘယ်လိုတီးလဲဆိုတာ
သူက ပြောတယ် ငါတို့တော့ ဒစ်ကင်းဝတ္ထုထဲကလိုမျိုး ကြုံနေရပဟတဲ့
စီမီဂျူးနားက ငှားထားတဲ့အခန်းဆီ မိုးရေထဲ ငါပြန်လာ
ငါ့လည်ပင်းမယ် အကျိတ်လိုလို စမ်းမိလို့ ဒါတော့ဖြင့် ငါတို့အတူရှိတဲ့နောက်ဆုံးရက်တွေပဲလို့တောင် တွေးမိ
၄၆ ခုတုံးက ငါ့အဖိုးကို သွားသတိရ သူစစ်ထဲလိုက်သွား
သူ့အချစ်ကလေး မာရူရှာ အိမ်မယ်ကျန်ခဲ့ သူ့ဆီ တစ်နှစ်လုံး စာတွေပို့
လေတဟူးဟူး တိုက်တဲ့တနေ့သား အဖိုး စာတစ်စောင်ရတယ်
စာထဲမှာ ကျွန်မတို့မိသားစု ရှင့်ကို ဆက်မစောင့်နိုင်တော့ဘူး ရေးထား
တခြားတစ်ယောက်နဲ့ နေရာချပေးတော့မယ် ဘာညာ အဖိုးက
လက်ထပ်လိုက်ဖို့ အဲဒီိနေ့ပဲ စာပြန်ရေး
ရေးနေတုံး သူ့ပါးပေါ် မျက်ရည်တွေတော့ စီးလို့ပေါ့ နာရီနည်းနည်းကြာတော့
အဘိုးတစ်ယောက် ဘူခါရက်နားက ဘူတာပလက်ဖောင်းမယ်
နိုးတ၀က် အိပ်တ၀က်နဲ့ ကင်းလှည့်နေ
တစ်ယောက်ယောက် သူ့ကို လက်မောင်းကနေ ဆောင့်ဆွဲလိုက်တယ်
ဝင်လာတဲ့ ရထားရှေ့ကနေ
ငါမသေလိုက်ဘူး
မင်းအဲဒါကို စဉ်းစားကြည့်စမ်း အီယိုနွတ် ရထားများ ငါ့ကိုတိုက်သွားလို့ကတော့
မာရူရှာကြောင့် ငါရထားရှေ့ ခုန်ချသွားတယ် တရွာလုံး ပြောတော့မှာ
ငါအဲလောက် မပိန်းဘူးကွ
လူတွေ ဘာကြောင့် ကွဲကြကွာကြ
ဘယ်လိုကနေ ဘယ်လို ယောက်ျားတစ်ယောက်ဘ၀မှာ မိန်းမတစ်ယောက်ထက် ပိုရှိနေ
ဒါဟာ သေပြီးမှ ရှင်ပြန်ထမြောက်ဖို့လို့ဖြင့် အဓိပ္ပါယ်ပေါက်မယ် မထင်ဘူး
မင်းရဲ့ တသက်တခါအချစ်ဆိုတာ နောက်တော့ ဘယ်လို အသစ်ပေါ်လာရပြန်တာလဲကွာ
ဆွေးစရာတွေ ပြည့်နေတဲ့ ငါ့ဒိုင်ယာရီတစ်နေရာရာမှာ အဲလို ရေးခဲ့
ငါ ဒန်ကိုလည်းပြောတယ် ဒါ အမေ့ရဲ့ ပုံစံကြောင့်ပဲလို့ ဒန်ကတော့ ပြောတယ်
ဒါပေမယ့် အဲဒါကလည်း စောက်ပိုနေမှာ
ငါ့အမေ တစ်ယောက်ယောက်နဲ့ ပျော်နေမှာပဲ ငါမြင်ချင်တာ
အမ်နဲ့ အမေနဲ့ ပြတ်တုံးကလည်း သူလစ်တော့မယ်ဆိုလို့ ငါပျော်နေခဲ့
ငါတို့နှစ်ယောက်တည်း ပြန်နေရမယ် သူမကို တီးမယ့်လူ မရှိတော့ဘူး
အဆောက်အဦကနေ သူထွက်သွားတာ ပြတင်းပေါက်ကကြည့်ပြီး
သူ့အတွက်တောင် စိတ်မကောင်းဖြစ်မိ
သူ့နောက်မှာ ခရီးဆောင်အိတ်ကြီးတစ်လုံး တရွတ်ဆွဲသွား အထက်တန်းရောက်တော့ ငါ ဒေါစတို ယက်စကီ ဖတ်နေ
အဲဒီမှာ လူကောင်းလည်းမရှိ လူဆိုးလည်း မရှိ ငါသိလာတယ်
အခုတော့ ပရွတ်ဘက်က ကမ်းနားရွာတစ်ရွာဆီ သူထွက်သွား သူ့အရာရှိဦးထုပ်တောင် ပါမသွား
အဲဒီမှာ ကေဘယ်တီဗွီမရှိဘူးဆိုလို့ သူ့အတွက် ငါစိတ်မကောင်းဖြစ်မိ
ငါ့အတွက်တော့ အဲဒါသာ ကမ္ဘာပေါ်မယ် ၀မ်းနည်းစရာ အကောင်းဆုံးအရာ
ဒီလိုပြတ်ကြစဲကြတာအတွက် နောက်ခံကားတော့ဖြင့် ပြင်ပြီးသား
ပြတင်းမှန်မယ် မိုးရေတွေ စီးနေ
မွန်းတည့်ချိန်လောက်ပေမယ့် တော်တော်မှောင်နေ
ငါလည်း ငါ့မွေ့ယာပေါ်မှာ သူမလည်း သူမမွေ့ယာပေါ်မှာ
ငါတို့ လီယိုနာဒ်ကိုဟင် နားထောင်ကြ တစ်ယောက်လက်တစ်ယောက်ကိုင်ပြီး ငိုကြ
အဲဒီအခန်းကို ခပ်မိုက်မိုက် ရိုက်နိုင်ခဲ့တယ် ပြောရမယ်
ညကျတော့ တရုတ်ဆိုင်မယ် သွားစားကြ
အဆောင်မယ်နေတုံးကလည်း ငါတို့ အဲဒီကို သွားနေကျ
အရွက်နဲ့ ဥတွေပါတဲ့ ကြက်ထမင်းကြော်မှာစားကြ
တစ်ယောက်လက်တစ်ယောက်ကိုင်ပြီး ငိုကြ
ငါ အသက်ရှုမ၀သလိုဖြစ်လာ ငါတို့ အိမ်ပြန်လာတယ်
တစ်ယောက်လက်တစ်ယောက်တော့ မကိုင်တော့ဘူး
ငါလည်း ငါ့မွေ့ယာပေါ်မှာ သူမလည်း သူမမွေ့ယာပေါ်မှာ
သူမ ခနလေးနဲ့ အိပ်ပျော်သွား တိုးတိုးလေးဟောက်နေ
ငါစိတ်မထိန်းနိုင်ဖြစ်လာ မျက်ရည်ထပ်ကျလာ
သူမ အိပ်နေတာကြည့်ရင်း ပြီးခဲ့တဲ့နှစ်တွေတောက်လျှောက်
တညပြီးတည ငါလုပ်ခဲ့တဲ့အတိုင်း သူမကို နမ်းချင်လာ
ဒါပေမယ် ငါမနမ်းဖြစ်ဘူး
ယူနီရီယာ အာဇီစီနီက ဂလပ်စကိုရိန်းဂျားကို
လေးဂိုးတစ်ဂိုးနဲ့ တီးပစ်လိုက်တဲ့ပွဲကို ကြည့်နေလိုက်တယ်
နောက်ခံပြောတဲ့ကောင်က ပြောနေ ဒီညတော့ ရိုမေးနီယန်းတွေ ပျော်သင့်သတဲ့
မူရင်းကဗျာဆရာ = Ionuț Sociu
မူရင်းကဗျာ = unirea urziceni was beating the glasgow rangers
မူရင်းဘာသာ = ရိုမေးနီးယား
အင်္ဂလိပ်ဘာသာပြန်ဆိုသူ = Oana Sanziana Marian