လုယုသို့
ဧပရယ် တစ်ညနေသား ဒေးဗစ်ဆိုတဲ့ ငတိ မစ္စစ္စပီတ၀ိုက် ရေတိမ်အင်းတွေဘက်ဆီ လျှောက်သွား သူ့ဘိုးဘွားတွေနဲ့ တိတ်တဆိတ် ပေါင်းစည်းသွားတယ် – ငါတို့ သူ့နာမည် နောက်ဆုံးအလုံးတောင် မသိလိုက်ရ
ထူးထူးခြားခြား ပြောလိုမရတဲ့ ဒီဇင်ဘာတစ်ရက် နေအထွက်လောက်မယ် ဂျေဆန်ဆိုတဲ့ဘဲ သူ့အနီရောင် ကာဝါဆကီရဲ့ သတ္တုပြောင်လက် ကိုယ်ထည်ပေါ် လွှားကနဲတက် တင်နက်ဆီ အဝေးပြေးကားဝင်းရဲ့ ထရံအပျက်ကို ၀င်အောင်းပစ်လိုက်တယ် – ငါတို့ လှမ်းအော်နေတာ သူကြားပုံမရ
တဲလာဟတ်စ် မြောက်ဘက် အထွက်နားလေးမယ် ရဲအရာရှိတစ်ယောက် တညလုံး အလုပ်ဆင်းပြီးတော့ သူ့မော်နီတာကိုပိတ် ငါးစင်တွေရှေ့ဖြတ် လှေဆိပ်ဘက်လျှောက်သွား ဧရာမတိုင်ကြီးတွေကို မှီရင်း အရုဏ်မကျင်းတကျင်း အလင်းထဲ ပင်လယ်ရဲ့ အစိမ်းရောင်တောင်ကုန်းတွေ ရိုက်လားပုတ်လား ဖြစ်နေတာ ကြည့်တယ် – ဖုန်းမြည်လာတော့ သူ့သာတောင့်သာယာအချိန်ကလေးဖဲ့ပြီး သူဖြေတယ်
မူရင်းကဗျာဆရာ = Stanislaw Borokowski
မူရင်းကဗျာ = Suicide Prevention Hotline
မူရင်းဘာသာ = ဂျာမန်
အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ = Chris Michalski