သူ သေပြီးတော့
သူအိမ်ပြန်လာတယ်
သူ့ပုံစံကြည့်ရတာ
နဲနဲတော့ ရိပ်မိပုံရတယ်
အိမ်ဘေး တိုင်ကီပြတ်မှာ
ရေချိုးနေတုံး
သူ့အမေက တခုခု ပြောလိုက်တယ်
ဘာမှမကျန်တော့ဘူလားလို့
သူပြန်မေးတာ ကြားလိုက်တယ်
သူ့အမေက ခေါင်းခါတယ်
ခေါင်းပေါ် ရေလောင်းချရင်း
သူငိုတယ်
ဧည့်ခန်းထဲမှာ
မင်းကောင်မလေးကို
ပေးစရာရှိလား မေးလိုက်တော့
အိတ်ထဲနှိုက်ပီး
စာတစ်စောင် ထုတ်ပေးတယ်
နောက်တစ်စောင်ထပ်ပေးတယ်
အားလုံးတွန့်ကြေလို့
ပြီးတော့
သူ့ခရီးဆောင်အိတ်လေးထဲ
ပန်းကန်တလုံး
အသာထည့်နေတယ်
သေချာမမှတ်မိဘူး
တခုခုက
ငါ့ခေါင်းကိုလာတိုက်သလိုပဲ
လာရိုက်မိတာလဲ ဖြစ်ချင်ဖြစ်မယ်လို့
လှမ်းပြောတယ်
Leave a Reply